BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အောက်လွှတ်တော်က သမ္မတ ထရမ့်ရဲ့ အီရန်စစ်ပွဲဆိုင်ရာ အာဏာကို ကန့်သတ်ရန် ဆုံးဖြတ်ချက် ချမှတ် ရီပတ်ဘလစ်ကန်အမတ် ၄ ဦးက ဒီမိုကရက်တွေနဲ့ ပူးပေါင်းမဲပေး

ဇွန် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာမပါဘဲ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်နေတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကန့်သတ်ထိန်းချုပ်ဖို့အတွက် အမေရိကန် အောက်လွှတ်တော် ကနေ ရုပ်သိမ်းလွှာတစ်ရပ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၃ ရက်) က အောင်မြင်စွာ မဲခွဲအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီမဲခွဲမှုမှာတော့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ် ၄ ဦးဟာ ပါတီခလုတ်ကိုကျော်ပြီး ဒီမိုကရက်အမတ်တွေနဲ့ ပူးပေါင်းမဲပေးခဲ့ကြတာကြောင့် ထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၂၀၈ မဲနဲ့ ဒီဥပဒေကြမ်းဟာ အောက်လွှတ်တော်မှာ ကပ်သီးကပ်သတ် အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေတခုအဖြစ် တရားဝင်…

ဇွန် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက် တစ်စုံတစ်ရာမပါဘဲ အီရန်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်နေတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကန့်သတ်ထိန်းချုပ်ဖို့အတွက် အမေရိကန် အောက်လွှတ်တော် ကနေ ရုပ်သိမ်းလွှာတစ်ရပ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၃ ရက်) က အောင်မြင်စွာ မဲခွဲအတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီမဲခွဲမှုမှာတော့ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက အမတ် ၄ ဦးဟာ ပါတီခလုတ်ကိုကျော်ပြီး ဒီမိုကရက်အမတ်တွေနဲ့ ပူးပေါင်းမဲပေးခဲ့ကြတာကြောင့် ထောက်ခံမဲ ၂၁၅ မဲ၊ ကန့်ကွက်မဲ ၂၀၈ မဲနဲ့ ဒီဥပဒေကြမ်းဟာ အောက်လွှတ်တော်မှာ ကပ်သီးကပ်သတ် အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဥပဒေတခုအဖြစ် တရားဝင် အာဏာတည်လာဖို့အထိ လမ်းခရီးဝေးနေသေးပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက သမ္မတထရမ့်က အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို ရုတ်တရက် စတင်တိုက်ခိုက်ခဲ့တဲ့အပေါ် လွှတ်တော်ဘက်က ပြင်းထန်တဲ့ သတိပေးခေါင်းခေါက်မှု (Rebuke) တစ်ခုဖြစ်လာခဲ့ပါတယ်။ လာမယ့် စနေနေ့ဆိုရင်တော့ ဒီအီရန်စစ်ပွဲဟာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ဒီစစ်ပွဲကို စတင်စဉ်ကတည်းက အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကြေညာပိုင်ခွင့် အပြည့်အဝရှိတဲ့ လွှတ်တော်ထံကနေ ဘာခွင့်ပြုချက်မှ တောင်းခံခဲ့ခြင်း မရှိပါဘူး။ ဒါတင်မကဘဲ သူက ဒီစစ်ပွဲကြီးကို “ ပဋိပက္ခအသေးအဖွဲ (Skirmish)” ဒါမှမဟုတ် “ ကာလတို ခရီးစဉ် မျှသာ ဖြစ်တယ်လို့ နာမည်တပ်ပြီး လှည့်စားဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ယခုဗုဒ္ဓဟူးနေ့က မဲခွဲမှုဟာ သမ္မတထရမ့်ရဲ့ စစ်ရေးလုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့အတွက် အောက်လွှတ်တော်မှာ ယခုနှစ်အတွင်း စတုတ္ထအကြိမ်မြောက် မဲခွဲခဲ့တာဖြစ်ပြီး၊ ပထမဆုံးအကြိမ်အဖြစ် မဲခွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ (အောက်မေ့ဖွယ်နေ့ ပိတ်ရက်မတိုင်ခင်) တုန်းကလည်း ဒီမဲခွဲမှုကို ပြုလုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ထရမ့်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်သူ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် က လွှတ်တော်အစည်းအဝေးကို စောစီးစွာ ရွှေ့ဆိုင်းပိတ်သိမ်းပြီး ဒီဥပဒေကြမ်းကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် လွှတ်တော်ပြန်စချိန်မှာတော့ ထရမ့်ကို ဆန့်ကျင်တဲ့ ရီပတ်ဘလစ်ကန်အမတ် ၄ ဦးဖြစ်တဲ့ တော်မ် ဘဲရက်တ် (မစ်ချီဂန်)၊ ဝါရန် ဒေးဗစ်ဆင် (အိုဟိုင်းယိုး)၊ ဘရိုင်ယန် ဖစ်ဇ်ပက်ထရစ် (ပင်ဆယ်ဗေးနီးယား) နဲ့ သောမတ်စ် မက်ဆီ (ကင်တပ်ကီ) တို့ရဲ့ အကူအညီနဲ့ အခုလို အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဒီမိုကရက်အမတ်တွေကတော့ သမ္မတထရမ့်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဆင်နွှဲနေတဲ့ ဒီစစ်ပွဲဟာ “ အန္တရာယ်များပြီး မဆင်မခြင်လုပ်ရပ်” ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချထားကြပြီး၊ အထက်လွှတ်တော် (Senate) အနေနဲ့လည်း ဒီဥပဒေကြမ်းကို ချက်ချင်း အတည်ပြုပေးဖို့ တိုက်တွန်းနေကြပါတယ်။

အိုဟိုင်းယိုးပြည်နယ် လွှတ်တော်အမတ် ရှန်တဲလ် ဘရောင်းက “ စစ်ကြေညာပိုင်ခွင့်အာဏာဟာ လွှတ်တော်မှာပဲ ရှိတာပါ၊ သမ္မတမှာ မရှိပါဘူး။ အခုတော့ လပေါင်းများစွာ ကမောက်ကမဖြစ်မှုတွေ၊ ကုန်ကျစရိတ် မြင့်မားမှုတွေနဲ့ အရင်းအမြစ်တွေ ဖြုန်းတီးနေမှုတွေကို ရပ်တန့်ပြီး ထရမ့်ရဲ့ အကုန်အကျများတဲ့ ဒီစစ်ပွဲကို အခုချက်ချင်း အဆုံးသတ်ရပါမယ်” လို့ လူမှုကွန်ရက်ကနေ ရေးသား တောင်းဆိုခဲ့ပါတယ်။

အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ရဲ့ မေလထုတ်ပြန်ချက်အရ ဒီအီရန်စစ်ပွဲအတွက် ကနဦး ကုန်ကျစရိတ်ဟာ ဒေါ်လာ ၂၉ ဘီလီယံ ရှိနေပြီဖြစ်ပြီး၊ ဟားဗတ်တက္ကသိုလ်က ဘဏ္ဍာရေးပညာရှင်တွေရဲ့ တွက်ချက်မှုအရ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁ ထရီလီယံကျော် အထိ မြင့်တက်သွားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမေရိကန် အခြေစိုက် CSIS သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ပွဲကြောင့် အမေရိကန်စစ်တပ်ရဲ့ တိုမာဟော့ခ် ဒုံးကျည် ၊ THAAD လေကြောင်းကာကွယ်ရေးစနစ်နဲ့ PrSM တိုက်ခိုက်ရေးဒုံးကျည် အစရှိတဲ့ အရေးကြီး စစ်လက်နက်ခဲယမ်းတွေဟာ အစားထိုးနိုင်တဲ့ ပမာဏထက် ပိုမိုသုံးစွဲနေရတာကြောင့် သိသိသာသာ ပြတ်လပ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အမေရိကန် မဲဆန္ဒရှင်အများစုဟာ ထရမ့်ရဲ့ အီရန်စစ်ပွဲအပေါ် လုံးဝ သဘောမကျကြတော့ပါဘူး။ Marist စစ်တမ်းအရ အမေရိကန်ပြည်သူ ၆၀ ရာခိုင်နှုန်း က ထရမ့်ရဲ့ စစ်ပွဲကို မထောက်ခံကြဘဲ၊ ၆၁ ရာခိုင်နှုန်းက ဒီစစ်ပွဲဟာ ကမ္ဘာကြီးအတွက် “ အကျိုးထက် အပြစ်က ပိုများတယ်” လို့ မြင်ကြပါတယ်။ စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းတွေနဲ့ စိုက်ပျိုးရေးမြေသြဇာ ဈေးနှုန်းတွေ ကမ္ဘာတဝှမ်း အဆမတန် မြင့်တက်လာခဲ့လို့ ဖြစ်ပါတယ်။

ထရမ့်အစိုးရအဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆင်ခြေပေးထားပါတယ်။ သို့သော်လည်း ဒီစစ်ပွဲအတွင်း အီရန်ဘက်က ပြည်သူနဲ့ စစ်သား ၃,၄၀၀ ကျော် သေဆုံးခဲ့ရသလို၊ အမေရိကန်စစ်သား ၁၃ ဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ပဋိပက္ခဟာ အနီးနားပတ်ဝန်းကျင် နိုင်ငံတွေအထိပါ ကူးစက်ပြန့်ပွားနေတာ ဖြစ်ပါတယ်။

ယခု အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းဟာ အထက်လွှတ်တော်ဆီ ဆက်လက်ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်အနေနဲ့ သူ့ရဲ့ စစ်အာဏာကို ထိပါးလာမယ့် ဘယ်ဥပဒေကြမ်းကိုမဆို “ ဗီတိုအာဏာ ” နဲ့ ပယ်ချပိုင်ခွင့်ရှိနေတာကြောင့်၊ လွှတ်တော်နှစ်ရပ်လုံးမှာ သုံးပုံနှစ်ပုံ ကျော်နဲ့ ထပ်မံအတည်မပြုနိုင်သရွေ့တော့ ဒီစစ်ပွဲကို တားဆီးဖို့ ခက်ခဲဦးမှာဖြစ်တယ်လို့ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed