BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

မိုင်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

ဇွန် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာပေါ်မှာ အနည်းဆုံး နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၅၈ ခုထက်မနည်းဟာ လူသတ်မိုင်း  အန္တရာယ်တွေနဲ့ ကြုံတွေ့နေရပြီး၊ အထူးသဖြင့် မြန်မာ၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံတို့မှာ အရပ်သား ထိခိုက်သေဆုံးမှု အလွန်အမင်း မြင့်မားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ယနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က “ လူသတ်မိုင်း ပိတ်ပင်ရေး သဘောတူစာချုပ်  ကို အတည်ပြုခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ရှိလာခဲ့ပြီဖြစ်ပေမယ့်၊ ဒီပေါက်ကွဲစေတတ်တဲ့ လက်နက်တွေဟာ လူတွေကို…

ဇွန် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကမ္ဘာပေါ်မှာ အနည်းဆုံး နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၅၈ ခုထက်မနည်းဟာ လူသတ်မိုင်း  အန္တရာယ်တွေနဲ့ ကြုံတွေ့နေရပြီး၊ အထူးသဖြင့် မြန်မာ၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံတို့မှာ အရပ်သား ထိခိုက်သေဆုံးမှု အလွန်အမင်း မြင့်မားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ယနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က “ လူသတ်မိုင်း ပိတ်ပင်ရေး သဘောတူစာချုပ်  ကို အတည်ပြုခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ရှိလာခဲ့ပြီဖြစ်ပေမယ့်၊ ဒီပေါက်ကွဲစေတတ်တဲ့ လက်နက်တွေဟာ လူတွေကို ဆက်လက် သတ်ဖြတ်၊ ဒဏ်ရာရစေနေတုန်းပဲ ဆိုတာ တကယ့်ကို စိုးရိမ်စရာ ကောင်းလှပါတယ်။ ဒါဟာ မိုင်းတွေကို ထောင်ထားခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တဲ့အထိ ဖြစ်ပွားနေတာပါ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူက ဆက်လက်ပြီး “ နိုင်ငံအားလုံးအနေနဲ့ ဒီလက်နက်တွေ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းနဲ့ လွှဲပြောင်းခြင်းတွေကို အဆုံးသတ်ဖို့ နောက်တကြိမ် ထပ်မံကတိပြုကြဖို့နဲ့ ထောင်ထားပြီးသား မိုင်းတွေကို ရှင်းလင်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို နှစ်ဆတိုး လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်” လို့ တိုက်တွန်းထားပါတယ်။

မဟာမင်းကြီး တာ့ခ် ညွှန်ကြားချက်နဲ့ ပြုစုထားတဲ့ အစီရင်ခံစာဟာ အစိုးရများ၊ NGO များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများထံမှ အချက်အလက်များကို ရယူစုဆောင်းထားတာ ဖြစ်ပါတယ်။ ‘လူသတ်မိုင်းနှင့် ဗုံး စောင့်ကြည့်ရေးအဖွဲ့’ (Landmine and Cluster Munition Monitor) ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ် တနှစ်တည်းမှာတင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဖောက်ခွဲရေးပစ္စည်းတွေကြောင့် အနည်းဆုံး လူပေါင်း ၉၄၅ ဦး သေဆုံးခဲ့ပြီး ၄,၃၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“ ထိခိုက်ခံရသူတွေထဲက စစ်သား သို့မဟုတ် အရပ်သားဆိုတာကို ခွဲခြားနိုင်တဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းတင်ထားတဲ့ ထိခိုက်သေဆုံးသူ အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ အရပ်သားတွေ ဖြစ်ကြပါတယ်” လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ပြီး ထိခိုက်သူပေါင်း ၂,၀၂၉ ဦးအထိ ရှိခဲ့ကာ၊ ဆီးရီးယားနိုင်ငံက ၁,၀၁၅ ဦးနဲ့ ဒုတိယ၊ အာဖဂန်နစ္စတန်နိုင်ငံက ၆၂၄ ဦးနဲ့ တတိယ နေရာတွေမှာ အသီးသီး ရှိနေပါတယ်။ အဲ့ဒီနောက်မှာတော့ ယူကရိန်း၊ နိုင်ဂျီးရီးယား၊ မာလီ၊ ယီမင်နဲ့ ဘာကီးနားဖားဆို နိုင်ငံတို့က ထိခိုက်သူ အရေအတွက် ၂၀၀ ကျော်စီနဲ့ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။

တခြားထုတ်ပြန်ချက်တခုမှာတော့ ‘အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်ရေး ကမ်ပိန်း’ (ICBL) အဖွဲ့က မိုင်းများနှင့် ဗုံး အပါအဝင် စစ်ကျန်ဖောက်ခွဲရေး ပစ္စည်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း ၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့ပြီး၊ ထုံးစံအတိုင်း အများစုမှာ အရပ်သားများသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်ကတည်းက စတင်ကာ လူသတ်မိုင်းကြောင့် ထိခိုက်ရတဲ့ အရပ်သားတွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ ကလေးသူငယ်တွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေဟာ လူတွေကို သေဆုံးဒဏ်ရာရစေရုံတင်မကဘဲ အဆိုပါ ဒေသတွေကို လူသူမကပ်ရဲတဲ့ နယ်မြေတွေ (No-go zones) အဖြစ် ပြောင်းလဲပစ်တာကြောင့် လူ့အခွင့်အရေးတွေကို ထိခိုက်စေခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေကို သက်တမ်းရှည်စေခြင်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် မြေယာအသုံးချခွင့်ကိုပါ ပိတ်ပင်တားဆီးသလို ဖြစ်နေစေပါတယ်။

အော်တာဝါ မိုင်းပိတ်ပင်ရေး သဘောတူစာချုပ် (Ottawa Convention) မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၂ နိုင်ငံ ရှိနေပြီဖြစ်ပေမယ့်၊ မိုင်းအမြောက်အမြား သိုလှောင်ထားတဲ့ တခြားနိုင်ငံအချို့ကတော့ အဖွဲ့ဝင် မလုပ်ကြသေးဘူးလို့ တာ့ခ်က ထောက်ပြထားပါတယ်။ မကြာသေးမီကတင် အက်စတိုးနီးယား၊ ဖင်လန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ ပိုလန်နိုင်ငံတို့ဟာ ဒီစာချုပ်ကနေ နုတ်ထွက်ခဲ့ကြပြီး၊ ယူကရိန်းနိုင်ငံကတော့ စာချုပ်ပါ အချက်အလက်တွေကို ကျင့်သုံးဆောင်ရွက်ခြင်းကို ယာယီဆိုင်းငံ့ထားပါတယ်။

“ ဒီစာချုပ်ကို အတည်မပြုရသေးတဲ့ နိုင်ငံတွေအနေနဲ့ ချက်ချင်း အတည်ပြုသင့်ပြီး၊ နုတ်ထွက်သွားတဲ့ နိုင်ငံတွေကလည်း အမြန်ဆုံး ပြန်လည်ပူးပေါင်းသင့်ပါတယ်” လို့ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က ပြောကြားခဲ့ပါတယ်။ သူက လက်ရှိ အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ကြား စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကြားကပဲ အော်တာဝါစာချုပ်မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လီဘနွန်နိုင်ငံရဲ့ လုပ်ရပ်ကိုတော့ ချီးကျူးစကား ဆိုခဲ့ပါတယ်။

တာ့ခ်ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂ စေတနာအလျောက် ယုံကြည်မှုရန်ပုံငွေ (UN Voluntary Trust Fund for Assistance in Mine Action) ထဲကို ထည့်ဝင်လှူဒါန်းမှုတွေဟာ အမေရိကန်ဒေါ်လာ ၁၂၅ သန်းကနေ ၄၆ သန်းအထိ သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed