-

ထိုင်းလေယာဉ်မယ် သယ်ဆောင်လာတဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံကနေ လာတာဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဆက်စပ်တရားခံကို ဖမ်းဆီးရမိ
ဇူလိုင် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Thai Airways) က အသက် ၂၆ နှစ်အရွယ် ထိုင်းလေယာဉ်မယ် မီနာ သယ်ဆောင်လာပြီး ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူ တွေဟာ မြန်မာနိုင်ငံကနေ ထွက်ရှိလာတာဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီဘိန်းဖြူတွေကို မြန်မာနိုင်ငံက မူးယစ်ဆေးဝါးဂိုဏ်းတခုက ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆွန်ဘွန်း သီယန်ခေါင် က ပြောပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ နယ်စပ်စစ်ဆေးရေးတွေကို ရှောင်ကွင်းဖို့အတွက် မြန်မာနိုင်ငံကနေ တိုက်ရိုက်မသွာဘဲ လာအိုနိုင်ငံမြောက်ပိုင်းကတဆင့်…
-

ဘုံရန်သူကို ဦးတည်တိုက်ပြီး ညီညွတ်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၁၃၀ ကျော် ပူးတွဲ ထုတ်ပြန်
ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းတွေကြားထဲမှာ ဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုတွေကို လက်နက်အားကိုးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ စံနမူနာပြ ဖြေရှင်းသွားကြဖို့ ဒေသတွင်းနဲ့ ပြည်ပအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း ၁၃၀ ကျော်က ပူးတွဲနှိုးဆော်ချက်နဲ့ ဖိတ်ခေါ်လွှာတစောင်ကို ဇွန်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက် မှာ “ ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဆိုတဲ့ ခေါင်းစဉ် တိုက်တွန်းချက်တွေပါရှိတာကိုတွေ့ရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစု အချင်းချင်းကြားမှာ သဘောထားကွဲလွဲမှုတွေနဲ့ ပွတ်တိုက်မှုတွေ ရှိလာတာဟာ ဓမ္မတာဖြစ်ပေမယ့်၊ ဒီပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းဖို့ ကြိုးစားလာတာဟာ…
-

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ စစ်ကောင်စီထံ သားဖြစ်သူ ကင်မ်အဲရစ် တောင်းဆို
ဇွန် ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဆုံးသားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ အသက်ရှင်သန်နေဆဲဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ဘက်က သက်သေပြဖို့ တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၁၇ နှစ်ဝန်းကျင်အထိ လျှော့ပေါ့ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဆီ ရွှေ့လိုက်ပြီလို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ ကိုထိန်လင်း နေထိုင်ရာ လန်ဒန်မြို့မှာ ဒီသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ အသက် ၈၀ ကျော်ရှိပြီဖြစ်တဲ့ သူ့အမေဟာ နေအိမ်အကျယ်ချုပ်ဆီ ရွှေ့ပြောင်းခံရခြင်း မရှိသေးဘဲ နေပြည်တော်က ထောင်ထဲမှာပဲ ဆက်ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ကိုထိန်းလင်းက ပြောခဲ့ပါတယ်။ အဆောက်အအုံ…
-

NUG လက်အောက် မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က PLA စခန်းတွေကို ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထုတ်ပြန်
ဇွန် ၂၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထိုင်စခန်းတွေကို ဝင်ရောက်စီးနင်းတာ၊ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာနဲ့ နယ်မြေအတွင်းက ထွက်ခွာဖို့ ဖိအားပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နိုင်ငံရေးဌာနကြီးက ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်အရ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်းကစလို့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ဟာ အင်အား ၅၀၀ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLA အထိုင်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး၊ ခရိုင်ကွပ်ကဲရေးရဲ့ အမိန့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ PLA ထောက်ပို့ရဲဘော် ၂ ဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်…
-

တရုတ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို အသိမှတ်ပြုဆက်ဆံနေချိန်မှာ NUG က အိမ်နီးခြင်းနိုင်ငံတွေ စစ်အုပ်စုကို အလေးပေးမဆက်ဆံဖို့ ထုတ်ပြန်ချက်ထုတ်
ဇွန် ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တရုတ်အစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ဖိတ်ကြားပြီး အသိမှတ်ပြု ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့အချိန်မှာပဲ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အလေးပေး ဆက်သွယ်ကူးလူး ဆက်ဆံတာတွေ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး တိုက်တွန်းလာပါတယ်။ လက်ရှိအခြေအနေမှာ အတုအယောင်ရွေးကောက်ပွဲကို အခြေခံပြီး တရားဝင်မှုရရှိအောင် ကြိုးစားနေတဲ့ စစ်အုပ်စုကို အလေးပေးဆက်ဆံတာဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘဲ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ပိုမိုဆိုးရွားစေဖို့ အားပေးသကဲ့သို့ ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံစိတ်ချရဖို့ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး…
-

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့ အနုနည်းရော အကြမ်းနည်းပါ ပေါင်းစပ်တော်လှန်ရမယ်လို့ NUG သမ္မတပြော
ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိစစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့ အကြမ်းမဖက်တော်လှန်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘဲ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် အနုနည်းရော အကြမ်းနည်းပါ ပေါင်းစပ်ပြီး မဖြစ်ဖြစ်အောင် တော်လှန်ချေမှုန်းရမယ်လို့ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။ “ ကျွန်တော်တို့အနေနဲ့ နွေဦးတော်လှန်ရေးကို နိုင်ငံရေးနည်း၊ လူထုနည်း တွေအပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်း တွေနဲ့ ဖြတ်သန်းနေရတာဟာ လိုအပ်လို့ လုပ်နေရတာပဲဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့အတွက် အကြမ်းမဖက်တော်လှန်ရေးနည်း တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယူဆနိုင် ပါတယ်။…
-

တရုတ်အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ISP-Myanmar တည်ထောင်သူ ဦးမင်းဇင်ကို ချက်ချင်းလွှတ်ပေးဖို့ ARTICLE 19 တောင်းဆို
ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်နိုင်ငံသားဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်အစိုးရက ‘သူလျှိုလုပ်မှု၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှု’ တွေနဲ့ စွပ်စွဲဖမ်းဆီးထားတာအပေါ် ARTICLE 19 အဖွဲ့က ပြင်းထန်စွာ စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြလိုက်ပြီး သူ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တရုတ်ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတခုရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့က ယူနန်ပြည်နယ် လေဆိပ်ကို အရောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကူမင်းမြို့မှာ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ကာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ဦးမင်းဇင် ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ သံတမန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သတင်းထောက်တွေကို ပြောပြပြီးနောက်ပိုင်း…
-

မိုင်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ဇွန် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာပေါ်မှာ အနည်းဆုံး နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၅၈ ခုထက်မနည်းဟာ လူသတ်မိုင်း အန္တရာယ်တွေနဲ့ ကြုံတွေ့နေရပြီး၊ အထူးသဖြင့် မြန်မာ၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယူကရိန်းနိုင်ငံတို့မှာ အရပ်သား ထိခိုက်သေဆုံးမှု အလွန်အမင်း မြင့်မားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ယနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Turk) က “ လူသတ်မိုင်း ပိတ်ပင်ရေး သဘောတူစာချုပ် ကို အတည်ပြုခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၃၀ နီးပါး ရှိလာခဲ့ပြီဖြစ်ပေမယ့်၊ ဒီပေါက်ကွဲစေတတ်တဲ့ လက်နက်တွေဟာ လူတွေကို…
-

အမေရိကန်-အီရန် စစ်ပွဲကြောင့် စက်သုံးဆီစျေးနှုန်းများ ရိုက်ခတ်မှုရှိနေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
ဇွန် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ယနေ့အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါတင်မကဘဲ ပြင်ပစီးပွားရေး အခြေအနေတွေ မကောင်းမွန်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလက စတင်ခဲ့တဲ့ ယခုဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကိုလည်း ကမ္ဘာ့ဘဏ်က လျှော့ချသတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတာဖြစ်ပြီး ငါးနှစ်တာကာလအတွင်း မတည်ငြိမ်မှုတွေနဲ့အတူ လူဦးရေ ၅၀ သန်းကျော်ထဲက ပြည်သူအများအပြားဟာ ဆင်းရဲမွဲတေမှုတွင်းထဲကို ပြန်လည်ကျဆင်းသွားခဲ့ရပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံဟာ စက်သုံးဆီ…
-

ဖီဖာ ရဲ့ မြန်မာနိုင်ငံအတွက် မီဒီယာမိတ်ဖက် Mytel TV360 Facebook စာမျက်နှာကို Meta က ဖယ်ရှား
ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ပိုင်ဆိုင်တဲ့ “ TV360” Facebook စာမျက်နှာကို သောကြာနေ့မှာ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။ အဲ့ဒီ စာမျက်နှာကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေခဲ့ခြင်း ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလုပ်ရပ်အပေါ် ဖီဖာအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး…
Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed














