-

အမေရိကန်ပြည်ထောင်စု၏ နှစ် ၂၅၀ ခရီး နှင့် ယနေ့တိုင် ရှင်သန်ဆဲ ‘ဒီမိုကရေစီ စမ်းသပ်ချက်
ဆောင်းပါး | Burma Independent Voice အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၁၃ ခုကို ကိုယ်စားပြုတဲ့ ‘ဒုတိယအကြိမ်မြောက် အခင်းအကျင်း ကွန်ဂရက်’ (Second Continental Congress) စုဝေးပြီး လွတ်လပ်ရေးကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြတာ နှစ်ပေါင်း ၂၅၀ ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်ဟာ ဗြိတိန်နဲ့ စစ်ပွဲစတင်ဖြစ်ပွားနေတာ တနှစ်မက ရှိနေပြီဖြစ်ပြီး နောက်ထပ် ခုနစ်နှစ်ကြာတဲ့အထိ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ရပါတယ်။ ဒါပေမဲ့ ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ‘အမေရိကန်ပြည်ထောင်စု’ (United States of America) ဆိုတဲ့ နိုင်ငံသစ်တနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်မှာ စတင်မွေးဖွားပေးလိုက်နိုင်ခဲ့ပါတယ်။ တကယ်တော့ လွတ်လပ်ရေးကြေညာစာတမ်းထဲမှာ ဖော်ပြထားတဲ့ အတွေးအခေါ်တွေဟာ အသစ်အဆန်းကြီးတော့ မဟုတ်ပါဘူး။ ဗြိတိန်ဘုရင်စနစ်နဲ့ အမေရိကန်ကိုလိုနီတွေကြားက…
-

ဘီလာရုစ် သို့မဟုတ် နေပြည်တော်အတွက် စံပြဖြစ်လာနိုင်သော ဥရောပ၏
နောက်ဆုံးအာဏာရှင်နိုင်ငံ သုံးသပ်ချက်ဆောင်းပါး | Burma Independent Voice ဝေယမုံ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) သည် မကြာမြင့်မီအချိန်တွင် နေပြည်တော်သို့ အဆင့်မြင့် အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်းသိရှိရသည်။ ဘီလာရုစ်သမ္မတသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း နေပြည်တော်သို့ လာရောက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ခရီးစဉ်သည် ဒုတိယကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။ နေပြည်တော်၏ နိုင်ငံရေးနှင့် သံတမန်ရေးရာ ခြေလှမ်းများတွင် အများအားဖြင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အရေးပါမှုကိုသာ ဉီးစားပေးပြောဆိုကြသော်လည်း ဘီလာရုစ်နိုင်ငံအား အလှမ်းဝေးပြီး မြန်မာနိုင်ငံရေးကို များစွာ သက်ရောက်မှုမရှိစေနိုင်သော နိုင်ငံအဖြစ်သတ်မှတ်ထားကြသည်။ သို့သော် ဘီလာရုစ်နိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းနှင့် ကြံ့ကြံ့ခံနိုင်စွမ်းသည် မြန်မာနိုင်ငံအတွက် စံနမူနာပြုသော အာဏာရှင် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည်။ ဘီလာရုစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ…
-

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နှင့် မြန်မာ့ပြည်တွင်းစစ် နောက်ကွယ်က လိင်အကြမ်းဖက်ခြင်း စစ်လက်နက်
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဆောင်းပါး | Burma Independent Voice ကျော့မောင် စစ်ပွဲတွေရဲ့ အရုပ်ဆိုးဆုံးနဲ့ ရေရှည်ဒဏ်ရာအနက်ရှိုင်းဆုံး ချန်ထားရစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ “ စစ်မက်ကာလအတွင်း ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အဓမ္မပြုကျင့်မှုတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းမှာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန်းစစ်ရာမှာ အရုပ်ဆိုးအကျည်းတန်ဆုံး အခန်းကဏ္ဍတခုကတော့ ရာဇဝတ်မှုတွေကို ရုပ်ပိုင်းဆိုင်ရာအရ ကျူးလွန်ရုံတင်မကဘဲ၊ ကျူးလွန်ခံရတဲ့ သားကောင်တွေကို လူ့အဆင့်အတန်းအောက် လျှော့ချမှု (Dehumanization) ဖြစ်ပါတယ်။ စာရေးဆရာမ ဒါရာကေး ကိုဟန် ရဲ့ “ Rape During Civil War” ဆိုတဲ့ သုတေသနစာအုပ်ကနေ ထောက်ပြထားတာကတော့ စစ်ပွဲအတွင်းမှာ အုပ်စုဖွဲ့…
-

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်နိုင်ခြေရှိပါသလား၊ တော်လှန်ရေးအင်အားစုများအတွက် အကြီးမားဆုံး အဟန့်အတားက ဘာလဲ
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက် | Burma Independent Voice ၊ Report BIV News နှင့် A Time With Kyaw Kyaw Thein YouTube ချန်နယ်တို့ ပူးပေါင်းထုတ်လုပ်သည့် “မေးမြန်းဆွေးနွေးမြန်မာ့အရေး ” အစီအစဉ်သစ်တွင် Mosaic Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်ကိုကိုက မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး အခင်းအကျင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် စစ်ကောင်စီ၏ ဆက်လက်လွှမ်းမိုးထားမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ရေရှည်မျှော်မှန်းချက်တစ်ရပ်ကို ရှင်းလင်းစွာ ဖော်ထုတ်ပြသနိုင်ရေး တော်လှန်ရေးအင်အားစုများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပေါ် ဝေဖန်ဆန်းစစ်ချက်ဆွေးနွေးခဲ့သည်။ ဦးအောင်ကိုကို၏ ပြောကြားချက်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖော်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ပဋိပက္ခကို…
-

၂၀၂၆ ကမ္ဘာ့ဖလားက ဟန်ပြပုံဖေါ်ထားတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတွေရဲ့ မျှော်လင့်ချက်
ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဆောင်းပါး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဘောလုံးလောကတခုလုံးကို အားလုံးပါဝင်နိုင်မှုနဲ့ ကွဲပြားစုံလင်မှုတွေကို အောင်ပွဲခံတဲ့ ပွဲတော်တခုအဖြစ် ပုံဖော်နေပါတယ်။ ဒါကို ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်တွေရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ပြသနေရုံတင်မကဘဲ မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရေနစ်သေဆုံးနေကြရတဲ့ အာဖရိကန် ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်မယ့် အရာတခုလိုမျိုးတောင် ဟန်ဆောင်မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဟန်ပြပြောဆိုချက်တွေဟာ ဘောလုံးကစားပြီး အသက်မွေးဝမ်းကျောင်းပြုချင်တဲ့ အိပ်မက်တွေနဲ့ နည်းလမ်းမျိုးစုံသုံးကာ ဥရောပကို (အထူးသဖြင့် အနောက်အာဖရိကကနေ) ထွက်ခွာလာကြတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတရပ် ရှိနေခြင်းဆိုတဲ့ အရှိတရားကို ဖုံးကွယ်မထားနိုင်ပါဘူး။…
-

ဂါဇာအရေးနဲ့ ကမ္ဘာ့သတင်းမီဒီယာကြီးတွေရဲ့ စံနှုန်းနှစ်ခွမီဒီယာဝါဒ
ဆောင်းပါး ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို အော်နေတဲ့ အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်မီဒီယာကြီးတွေဟာ ပထဝီနိုင်ငံရေးနဲ့ အာဏာအဆောက်အအုံ ကြားထဲရောက်တဲ့အခါ သူတို့ရဲ့ စံနှုန်းနှစ်ခွ မျက်နှာဖုံး ဘယ်လိုကွာကျသွားလဲဆိုတာ ဂါဇာအရေးက သက်သေပြနေပါတယ်။ အနောက်နိုင်ငံတွေရဲ့ မီဒီယာလွှမ်းမိုးမှုကို ကြည့်တဲ့အခါ ဂျာနယ်လစ်တယောက်ချင်းစီရဲ့ ဘက်လိုက်မှုထက်၊ သူတို့ကို ထိန်းချုပ်မောင်းနှင်နေတဲ့ ‘စနစ်ပိုင်းဆိုင်ရာ ပျက်ကွက်မှုတွေ’ (System Failures) ကို အဓိက မြင်အောင်ကြည့်ဖို့ လိုပါတယ်။ အမေရိကန် စာရေးဆရာ အာဒမ် ဂျွန်ဆင် က သူရဲ့ သုတေသနစာအုပ်သစ်မှာ မီဒီယာကြီးတွေ ဂါဇာအရေးကို ဘယ်လိုစနစ်တကျ ဖုံးကွယ်ခဲ့လဲဆိုတာ အချက်အလက်ပေါင်း ထောင်ချီပြီး ဖွင့်ချထားပါတယ်။ သူ့ရဲ့ သုံးသပ်ချက်ကတော့ ပါလက်စတိုင်းတွေကို တိရစ္ဆာန်လို ပုံဖော်နေတဲ့ လက်ယာစွန်း Fox News လို မီဒီယာတွေထက်၊…
-

ကလေးဘဝရဲ့ ဒဏ်ရာတွေက အပြည့်အဝ နာလန်ထူနိုင်မလား မိဘနဲ့ သားသမီးကြားက အာဏာမမျှတမှုအရိပ်မည်း
“ မင်းရဲ့ မိဘတွေက မင်းကို ဘဝပျက်အောင် လုပ်ကြလိမ့်မယ်။ သူတို့ တမင်ရည်ရွယ်တာ မဟုတ်ရင်တောင် တကယ်ပဲ လုပ်မိကြလိမ့်မယ်။ သူတို့မှာ ရှိခဲ့တဲ့ အပြစ်အနာအဆာတွေကို မင်းဆီ ပုံချလိမ့်မယ်၊ ပြီးတော့ မင်းတယောက်တည်းအတွက် သီးသန့် အပိုဆောင်း အမှားတွေကိုပါ ထပ်ထည့်ပေးလိုက်ဦးမယ်။” — ဖိလစ် လာကင် (Philip Larkin) ရဲ့ ‘This Be the Verse’ (၁၉၇၁) ကဗျာမှ ဘယ်သူမှ ကလေးဘဝရဲ့ ထိခိုက်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ မကင်းလွတ်နိုင်ကြပါဘူး။ စိတ်ခွဲခြမ်းစိတ်ဖြာမှု ပညာရှင် အဒမ် ဖိလစ် (Adam Phillips) ပြောတာကတော့ အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတခုက ကလေးတွေရဲ့ ကမ္ဘာမှာရှိတဲ့ ပတ်သက်ဆက်နွယ်မှုတွေဟာ အချိုးအစား မမျှတလို့ ဖြစ်တယ်လို့…
-

စိတ်ဒဏ်ရာတွေက ထပ်တလဲလဲသုံးစွဲ ရိုးအီနေသော အကြောင်းအရာများ ဖြစ်လာသောအခါ
ဆောင်းပါး ၊ Cathy Otten လူသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို မှတ်တမ်းတင်ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းစာပညာ (Humanitarian Journalism) ဆိုတာ ကိုယ်ကျင့်တရားဆိုင်ရာ မြင့်မြတ်တဲ့ ခေါ်သံတခု ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ငန်းခွင်မှာတော့ ဒါဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အလွန်ဝေဝါးပြီး ရုန်းကန်ရတဲ့ ကိစ္စတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက ကျွန်မဟာ ကျွန်မရဲ့ ဇာတိမြို့ဖြစ်တဲ့ မန်ချက်စတာမြို့က မြို့တော်ခန်းမအပြင်ဘက်မှာ တဲထိုးနေထိုင်နေတဲ့ အီရီထရီးယားနိုင်ငံက ရွှေ့ပြောင်းဒုက္ခသည်တဦးနဲ့ စကားပြောဖို့ ကြိုးစားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ ဒုက္ခသည်တွေ အိုးမဲ့အိမ်မဲ့ဖြစ်မှု သိသိသာသာ မြင့်တက်လာရတဲ့ အကြောင်းရင်းကို နားလည်နိုင်ဖို့ ဂျာနယ်လစ်တဦးအနေနဲ့ ရောက်ရှိနေခဲ့တာပါ။ ကျွန်မဟာ ယခင်က အီရတ်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ နိုင်ငံခြားသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး၊ ကျွန်မ နေရပ်ပြန်ရောက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီနိုင်ငံတွေက ဒုက္ခသည်…
-

၁၈၃၃ရဲ့‘ရာစုနှစ်နာမကျန်းမှု’ မှသည်၂၀၂၆ရဲ့‘ဒစ်ဂျစ်တယ်သောက’ ဆီသို့- ခေတ်စနစ်ကြောင့်ဖြစ်ရတဲ့လူငယ်ထုရဲ့စိတ်ဒဏ်ရာကိုပြန်လည်ဆန်းစစ်ခြင်း
အမ်မလီ ဟဲရင်း ၊ ဆောင်းပါး ၁၈၃၃ ခုနှစ်တုန်းက ပြင်သစ်ပြဇာတ်ရေးဆရာနဲ့ ကဗျာဆရာ အဲလ်ဖရက် ဒီ မူဆေး (Alfred de Musset) ဟာ သူချစ်ရတဲ့ ကလောင်အမည် ဂျော့ခ်ျဆန်း (George Sand) လို့လူသိများတဲ့ ဝတ္ထုရေးဆရာမနဲ့အတူ ဗင်းနစ်မြို့ကို ခရီးထွက်ခဲ့ကြပါတယ်။ ဒါဟာ သူတို့နှစ်ဦးကြားက လှုပ်ခတ်နေတဲ့ အချစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ရောက်ပြီးမကြာခင်မှာပဲ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဖျားနာခဲ့ကြပါတယ်။ မူဆေးရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာချိန်မှာတော့ ဆန်းဟာ သူတို့ကို ကုသပေးတဲ့ အီတလီဆရာဝန်အပေါ် စိတ်ယိုင်သွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြင်းထန်တဲ့ သဝန်တိုမှုတွေ၊ ရန်ပွဲတွေဖြစ်ပွားပြီးနောက် မူဆေးတယောက် ပါရီကိုပြန်လာပြီး သူအကောင်းဆုံးလုပ်နိုင်တဲ့ အလုပ်ဖြစ်တဲ့ ‘စာရေးခြင်း’ ကိုပဲ ပြန်လည်လုပ်ဆောင်ခဲ့ပါတော့တယ်။ ဆန်းနဲ့ အပြန်အလှန်ပေးစာအချို့နဲ့…
-

❝ ထောက်လှမ်းရေးသခင်က ဦးဆောင်သော အာဏာရှင်စနစ် – ရဲဝင်းဦး၏ အာဏာတက်လမ်းက မြန်မာနိုင်ငံအတွက် အမှောင်မိုက်ဆုံး အခန်းကဏ္ဍသစ်တခုကို ဘာကြောင့် ဖော်ညွှန်းနေသလဲ ❞
Progressive Grassroots Initiative မှ ရေးသားသည်။ စစ်ထောက်လှမ်းရေးအကြီးအကဲတဦး မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးသို့ တက်လှမ်းလာခြင်းသည် စောင့်ကြည့်ထောက်လှမ်းမှုအပေါ် ပိုမိုအခြေခံသော အာဏာရှင်အုပ်ချုပ်ရေးစနစ်တခုဆီသို့ ဦးတည်သွားမည့် အပြောင်းအလဲတခုကို အချက်ပြနေသည်။ သမိုင်းစဉ်ဆက် ပုံစံမှ ခွဲထွက်ခြင်း မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အာဏာကို ရဲဝင်းဦးအား လွှဲပြောင်းပေးလိုက်သည်ဟူသော သတင်းသည် မြန်မာစစ်ခေါင်းဆောင်ပိုင်းအတွင်း သာမန်ရာထူးအပြောင်းအလဲမျှသာဟု ထင်ရနိုင်သည်။ သို့သော် အမှန်တကယ်တွင် ၎င်းသည် နိုင်ငံတွင်း အာဏာကျင့်သုံးပုံကို ပြောင်းလဲသွားစေနိုင်သော ပိုမိုနက်ရှိုင်းသည့် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲတခုကို ညွှန်ပြနေသည်။ မြန်မာ့ခေတ်သစ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ထောက်လှမ်းရေးနောက်ခံရှိသူတဦးက တပ်မတော်ကို ဦးဆောင်မှု၌ ရှိနေခြင်းက ဖိနှိပ်မှု၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတော်ထိန်းချုပ်မှုတို့၏ အနာဂတ်လမ်းကြောင်းအပေါ် ကြီးမားသော မေးခွန်းများ ထွက်ပေါ်လာစေသည်။ သမိုင်းတလျှောက်တွင် မြန်မာစစ်ခေါင်းဆောင်များသည် ထောက်လှမ်းရေးယန္တရားကို သတိကြီးစွာဖြင့်သာ ဆက်ဆံလေ့ရှိသည်။ ဗိုလ်ချုပ်ကြီး…
Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed














