BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ကိန်း ၏ သွင်းဂိုး ၂ ဂိုးနဲ့  အင်္ဂလန်ကမ္ဘာ့ဖလားကို အနိုင်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ပေါ်တူဂီ ကွန်ဂိုနှင့် သရေကျကာ ရုန်းကန်ခဲ့ရ

ဇွန် ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား (2026 FIFA World Cup) အုပ်စုအဆင့် ပွဲစဉ်တွေကို ဗုဒ္ဓဟူးနေ့က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အင်္ဂလန်အသင်းက ခရိုအေးရှားကို ၄ ဂိုး – ၂ ဂိုးနဲ့ အကြိတ်အနယ် အနိုင်ရရှိခဲ့ပြီး၊ စံချိန်တင် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲနေတဲ့ အသက် ၄၁ နှစ်အရွယ် ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ကွန်ဂိုအသင်းကို သရေရလဒ်သာ ကစားနိုင်ခဲ့လို့ အဖွင့်ပွဲမှာတင် စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ၊ ဒါးလတ်စ်မြို့ရှိ ကောင်းဘွိုင်စ်အားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု (L) ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး…

ဇွန် ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား (2026 FIFA World Cup) အုပ်စုအဆင့် ပွဲစဉ်တွေကို ဗုဒ္ဓဟူးနေ့က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အင်္ဂလန်အသင်းက ခရိုအေးရှားကို ၄ ဂိုး – ၂ ဂိုးနဲ့ အကြိတ်အနယ် အနိုင်ရရှိခဲ့ပြီး၊ စံချိန်တင် ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွှဲနေတဲ့ အသက် ၄၁ နှစ်အရွယ် ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ကွန်ဂိုအသင်းကို သရေရလဒ်သာ ကစားနိုင်ခဲ့လို့ အဖွင့်ပွဲမှာတင် စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ၊ ဒါးလတ်စ်မြို့ရှိ ကောင်းဘွိုင်စ်အားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု (L) ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ဟာရီကိန်း ရဲ့ သွင်းဂိုး ၂ ဂိုး၊ ဂျုဒ် ဘယ်လင်ဂမ် နဲ့ လူစားဝင်တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ပေါင်း ၆၀ ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို အနိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအစမှာတင် ဟာရီကိန်းက ပင်နယ်တီကို ဒုတိယအကြိမ် ပြန်လည်ကန်သွင်းရာကနေ အင်္ဂလန်အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ (ပထမအကြိမ် ကန်သွင်းစဉ်က ခရိုအေးရှားဂိုးသမား လီဗာကိုဗစ် စည်းကျော်ခဲ့၍ ဒိုင်လူကြီးက ပြန်ကန်ခိုင်းခဲ့တာဖြစ်ပါတယ်)။ သို့သော်လည်း ခရိုအေးရှားက အားမလျော့ဘဲ ပွဲချိန် ၃၆ မိနစ်မှာ မာတင် ဘာတူရီနာ ရဲ့ သွင်းဂိုးနဲ့ ချေပခဲ့ပါတယ်။ ထို့နောက် ဟာရီကိန်းကပဲ အင်္ဂလန်ဂန္ထဝင် ဂယ်ရီလီနီကာရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး ၁၀ ဂိုး စံချိန်ကို လိုက်မီစေမယ့် ခေါင်းတိုက်ဂိုးနဲ့ အင်္ဂလန်ကို ဒုတိယအကြိမ် ဦးဆောင်စေခဲ့ပေမယ့်၊ ပထမပိုင်း အပိုဆောင်းအချိန်မှာ ခရိုအေးရှား တိုက်စစ်မှူး ပီတာမူဆာ က အင်္ဂလန်ရဲ့ ခံစစ်အမှားကနေတဆင့် ဒုတိယမြောက် ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့လို့ ပထမပိုင်းမှာ ၂ ဂိုး – ၂ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အင်္ဂလန်က ပွဲကို လုံးဝစိုးမိုးထားနိုင်ခဲ့ပြီး ဘယ်လင်ဂမ်ရဲ့ လှပတဲ့အပြေးနဲ့ သွင်းဂိုး၊ ပွဲချိန် ၈၅ မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ အဆုံးသတ် သွင်းဂိုးတွေကြောင့် ၄ ဂိုး – ၂ ဂိုးနဲ့ အဖိုးတန် ၃ မှတ်ကို အိတ်ထဲထည့်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဟာရီကိန်းက သူတို့ရဲ့ ဂျာမန်လူမျိုး နည်းပြသစ် သောမတ်စ် တူချယ် က ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို အရှိန်အဟုန်မြှင့် ကစားဖို့ လှုံ့ဆော်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ အရှိန်အပြည့်နဲ့ ဖိကစားနိုင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရော်နယ်ဒို ရုန်းကန်ခဲ့ရတဲ့ ပေါ်တူဂီ ပွဲစဉ်

တဖက်မှာတော့ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက် ပါဝင်ကစားခွင့်ရတဲ့ စံချိန်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မက်ဆီ စိုက်ထူခဲ့ပြီးနောက်၊ ဗုဒ္ဓဟူးနေ့မှာ ရော်နယ်ဒိုကလည်း ထိုစံချိန်ကို လိုက်မီခဲ့ပါတယ်။ သို့သော် ဟူစတန်မြို့မှာ ကစားခဲ့တဲ့ အုပ်စု (K) ပွဲစဉ်မှာ ပေါ်တူဂီဟာ ကွန်ဂိုအသင်းရဲ့ ကျစ်လစ်တဲ့ခံစစ်ကြောင့် ရုန်းကန်ခဲ့ရပြီး ၁ ဂိုး – ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပေါ်တူဂီအတွက် လူငယ်ကြယ်ပွင့် ဂျာအို နာဗက်စ် က ပထမပိုင်းမှာ အဖွင့်ဂိုး သွင်းပေးခဲ့ပေမယ့်၊ ပထမပိုင်း နာကျင်အချိန်ပိုမှာ အင်္ဂလန် ပရီမီယားလိဂ်ကလပ် နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး ယိုအန် ဝီဆာ က ကွန်ဂိုအတွက် ခေါင်းတိုက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါဟာကွန်ဂိုအသင်းအတွက် သူတို့ရဲ့ သမိုင်းတလျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ရရှိတဲ့ ဂိုးနဲ့ ရမှတ် ဖြစ်လာခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အသက်ကြီးရင့်နေပြီဖြစ်တဲ့ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ ဆက်တိုက်ထည့်သွင်းနေတဲ့ ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပေမယ့်၊ နည်းပြကတော့ “ ဂိုးတွေ လိုအပ်နေတဲ့ပွဲမျိုးမှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသွင်းရှင်ကို လူစားလဲဖို့ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိပါဘူး” လို့ ရော်နယ်ဒိုဘက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ မီဒီယာတွေကို စကားမပြောဘဲ ကွင်းထဲက ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့ Instagram ကနေ “ ဒါ ကျနော်တို့ လိုချင်တဲ့ အဖွင့်မျိုး မဟုတ်ပေမယ့်၊ ခရီးလမ်းက အဝေးကြီး ကျန်ပါသေးတယ်၊ မပြီးဆုံးသေးပါဘူး” လို့ ပရိသတ်တွေကို အားပေးစကား ဆိုခဲ့ပါတယ်။

အထူးခြားဆုံးမှာ ပေါ်တူဂီ ကစားသမားအချို့ဟာ လွန်ခဲ့သည့်နှစ်က မော်တော်ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့ အသင်းဖော်ဟောင်း ဒီယိုဂို ဂျိုတာ ကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ပတ်များ ဝတ်ဆင်၍ ကစားခဲ့ကြပါတယ်။

အုပ်စု (L) ရဲ့ အခြားပွဲစဉ်တခုမှာတော့ ဂါနာအသင်းက ပွဲချိန်နာကျင်အချိန်ပို ၅ မိနစ်ရောက်မှ ကားလတ်စ် ယီရန်ကီ  ရဲ့ အဖိုးတန်ပိတ်သွင်းဂိုးနဲ့ ပနားမားကို ၁ ဂိုး – ၀ ဖြင့် ကပ်နိုင်ပြီး အင်္ဂလန်နဲ့အတူ အုပ်စုတွင်း ၃ မှတ်စီ တန်းတူ ရရှိသွားခဲ့ပါတယ်။ ဂါနာအသင်းဟာ လာမည့် ဇွန်လ ၂၃ ရက်နေ့မှာ ဘော့စတွန်မြို့၌ အင်္ဂလန်အသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed