-

ထရမ့်တက်ရောက်မယ့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ ရုရှားက ကိဗ်မြို့တော်ကို ဒုံးကျည်၊ ဒရုန်းတွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ရန် ပြင်ဆင်နေတဲ့ တူရကီနိုင်ငံ နေတိုး (NATO) ထိပ်သီးအစည်းအဝေးကြီး မစတင်မီ နာရီပိုင်းအလိုမှာ ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိဗ် (Kyiv)မြို့ ကို ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်အာဏာပိုင်တွေက သတင်း ထုတ်ပြန်လိုက်ပါတယ်။ ကိဗ်မြို့ကောင်းကင်ယံတခွင်မှာ ဒုံးကျည်နဲ့ ဒရုန်းတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလုံးကြီးများ လင်းထိန်သွားခဲ့ကာ လူနေအဆောက်အအုံတွေ ဆိုးရွားစွာ ပျက်စီးခဲ့ကာ အရပ်သားပြည်သူအများအပြား တိုက်ခန်းများအတွင်း ပိတ်မိခဲ့ကြပါတယ်။ ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ခ်ျကို (Vitali Klitschko) ရဲ့…
-

တရုတ်၏ ဒုံးကျည်စမ်းသပ်မှုအပေါ် ဂျပန်အစိုးရ စိုးရိမ်ပူပန်မှု ပြင်းထန်ခဲ့ကာ ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ကြိုတင်တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်
ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တရုတ်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မပြုလုပ်မီ ပေကျင်းမြို့ရှိ ဂျပန်သံရုံးသို့ ကြိုတင်အကြောင်းကြားခဲ့ချိန်တွင် သူတို့အနေနဲ့ ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် တရုတ်အာဏာပိုင်များကို ပြင်းပြင်းထန်ထန် တောင်းဆိုတိုက်တွန်းခဲ့ကြောင်း တိုကျိုအစိုးရက ယနေ့တနင်္လာနေ့ (ဇူလိုင် ၆ ရက်) မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဂျပန်အစိုးရက “ဒီပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံရဲ့ လေပိုင်နက်ကို ဖြတ်သန်းသွားတာမျိုး အပါအဝင် ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု မဖြစ်စေဖို့အတွက် အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ တရုတ်ဘက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ လေပိုင်နက်နဲ့ ရေပိုင်နက် လုံခြုံဘေးကင်းစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်သလို၊…
-

ထိုင်းလေယာဉ်မယ် သယ်ဆောင်လာတဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံကနေ လာတာဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ဆက်စပ်တရားခံကို ဖမ်းဆီးရမိ
ဇူလိုင် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Thai Airways) က အသက် ၂၆ နှစ်အရွယ် ထိုင်းလေယာဉ်မယ် မီနာ သယ်ဆောင်လာပြီး ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူ တွေဟာ မြန်မာနိုင်ငံကနေ ထွက်ရှိလာတာဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီဘိန်းဖြူတွေကို မြန်မာနိုင်ငံက မူးယစ်ဆေးဝါးဂိုဏ်းတခုက ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆွန်ဘွန်း သီယန်ခေါင် က ပြောပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ နယ်စပ်စစ်ဆေးရေးတွေကို ရှောင်ကွင်းဖို့အတွက် မြန်မာနိုင်ငံကနေ တိုက်ရိုက်မသွာဘဲ လာအိုနိုင်ငံမြောက်ပိုင်းကတဆင့်…
-

အမေရိကန် နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ထရမ့်ကအတိုက်အခံများကို “ကွန်မြူနစ်များ” ဟု ပြစ်တင်ရှုတ်ချ
ဇူလိုင် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့ကစနေနေ့ (ဇူလိုင် ၄ ရက်) မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၂၅၀ ပြည့်မြောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ အမေရိကန်နိုင်ငံကို လူသားတို့သမိုင်းရဲ့ “အမြင့်မားဆုံးသော အောင်မြင်မှု” ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုခဲ့သလို၊ တဖက်မှာလည်း သူ့ရဲ့ ပြည်တွင်းအတိုက်အခံတွေကို “ကွန်မြူနစ်များ” လို့ သမုတ်ကာ ထပ်မံတိုက်ခိုက်လိုက်ပါတယ်။ ဝါရှင်တန်ဒီစီမှာ မုန်တိုင်းကျရောက်ခဲ့တာမို့ လူအုပ်ကြီးကို ယာယီရွှေ့ပြောင်းပေးခဲ့ရတာမို့ သမ္မတရဲ့ မိန့်ခွန်းပြောကြားမှုဟာ နာရီပိုင်းလောက် နောက်ကျခဲ့ပါတယ်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ ထရမ့်ဟာ National Mall ဝင်းအတွင်း စုဝေးနေတဲ့ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးရှေ့မှောက်မှာ…
-

အမေရိကန်ပြည်ထောင်စု၏ နှစ် ၂၅၀ ခရီး နှင့် ယနေ့တိုင် ရှင်သန်ဆဲ ‘ဒီမိုကရေစီ စမ်းသပ်ချက်
ဆောင်းပါး | Burma Independent Voice အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၁၃ ခုကို ကိုယ်စားပြုတဲ့ ‘ဒုတိယအကြိမ်မြောက် အခင်းအကျင်း ကွန်ဂရက်’ (Second Continental Congress) စုဝေးပြီး လွတ်လပ်ရေးကြေညာစာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြတာ နှစ်ပေါင်း ၂၅၀ ပြည့်ပြီဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်ဟာ ဗြိတိန်နဲ့ စစ်ပွဲစတင်ဖြစ်ပွားနေတာ တနှစ်မက ရှိနေပြီဖြစ်ပြီး နောက်ထပ် ခုနစ်နှစ်ကြာတဲ့အထိ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့ရပါတယ်။ ဒါပေမဲ့ ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာတော့ ‘အမေရိကန်ပြည်ထောင်စု’ (United States of America) ဆိုတဲ့ နိုင်ငံသစ်တနိုင်ငံကို ကမ္ဘာ့မြေပုံပေါ်မှာ စတင်မွေးဖွားပေးလိုက်နိုင်ခဲ့ပါတယ်။ တကယ်တော့ လွတ်လပ်ရေးကြေညာစာတမ်းထဲမှာ ဖော်ပြထားတဲ့ အတွေးအခေါ်တွေဟာ အသစ်အဆန်းကြီးတော့ မဟုတ်ပါဘူး။ ဗြိတိန်ဘုရင်စနစ်နဲ့ အမေရိကန်ကိုလိုနီတွေကြားက…
-

“ကလဲ့စားချေကြ၊ ကလဲ့စားချေကြ” လို့ ခါမေနီ၏ ဈာပနပွဲမှာ အီရန်ပြည်သူများ ကြွေးကြော်ဆန္ဒပြ
ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အီရန်နိုင်ငံရဲ့ လုပ်ကြံခံခဲ့ရတဲ့ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ ကို နောက်ဆုံးအကြိမ် နှုတ်ဆက်လမ်းခွဲရန်အတွက် စနေနေ့နံနက်အစောပိုင်းမှာ မြို့တော်တီဟီရန်မှာ လူပေါင်းထောင်သောင်းချီ၍ စုဝေးခဲ့ကြပြီး၊ သူတို့ရဲ့ ရင်ဘတ်များကို ထုရိုက်ကာ “ကလဲ့စားချေကြ၊ ကလဲ့စားချေကြ” ဟု ဒေါသတကြီး ကြွေးကြော်ခဲ့ကြပါတယ်။ အီရန်နိုင်ငံကို ဆယ်စုနှစ် သုံးစုကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဒေသတွင်းစစ်ပွဲကို စတင်စေခဲ့တဲ့ အမေရိကန်-အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုအတွင်း လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ စနေနေ့နံနက်ပိုင်းမှာ သူ့ရဲ့ရုပ်အလောင်းကို တီဟီရန်မြို့ရှိ ဂရန်းမိုဆာလာ (Grand Mosalla) ဘာသာရေးဝင်းကြီးအတွင်း ပြသထားရာ၊ ရှီအာမွတ်စလင်ထုံးတမ်းအရ “ကလဲ့စားချေခြင်း” ကို ကိုယ်စားပြုတဲ့…
-

အရက်ဟာ အန္တရာယ်အရှိဆုံး ဆေးဝါးတမျိုးဖြစ်သော်လည်း လူမှုပတ်ဝန်းကျင်နှင့် ပွဲလမ်းသဘင်များမှာ နေရာအနှံ့ သောက်သုံးနေကြ
ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ အရက်လောက် နက်ရှိုင်းစွာ စွဲမြဲနေတဲ့ အရာမျိုး အနည်းငယ်သာ ရှိပါတယ်။ ပွဲလမ်းသဘင်တွေ၊ လုပ်ငန်းခွင် လူမှုတွေ့ဆုံပွဲတွေ၊ အားကစားပွဲတွေ၊ မွေးနေ့တွေနဲ့ မိသားစု ထမင်းဝိုင်းတွေအထိ အရက်ဟာ မပါမဖြစ် နေရာယူထားတတ်ပါတယ်။ မွေးနေ့ လိုမျိူး အထိမ်းအမှတ်ပွဲတွေမှာ ဖန်ခွက်ချင်းတိုက်ကာ ဂုဏ်ပြုကြပီး မင်္ဂလာပွဲတွေမှာလဲ အရက်ကောင်တာတွေ ဖွင့်လှစ်ပေးထားတာတွေက အရက်ဟာ လူမှုဓလေ့ထုံးတမ်းတွေနဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုတွေထဲမှာ ဘယ်လောက်အထိ အမြစ်တွယ်နေပြီလဲဆိုတာကို ပြသနေပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ အရက်ဟာ ကမ္ဘာတဝန်းမှာ နှစ်စဉ် လူပေါင်း သန်းနှင့်ချီ သေဆုံးရမှုရဲ့ အဓိကလက်သည်ဖြစ်နေပြီး ကင်ဆာရောဂါ၊ အသည်းရောဂါ၊ မတော်တဆထိခိုက်မှုများ၊ အကြမ်းဖက်မှုတွေနဲ့…
-

ယူကရိန်းအရှေ့ပိုင်းရှိ ကော့စတန်တန်နော့ဗ်ကာမြို့ကို သိမ်းပိုက်ရရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရုရှားတပ်ဖွဲ့များဟာ ဒိုးနက်စ် ဒေသအတွင်း ရှေ့တိုးတိုက်ခိုက်ရာတွင် ကာလရှည်ကြာ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းရှိ အချက်အချာကျသော ကော့စတန်တန်နော့ဗ်ကာ (Kostiantynivka) မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားစစ်ဘက်က သမ္မတ ဗလာဒီမီရ် ပူတင်ထံ သောကြာနေ့တွင် အစီရင်ခံတင်ပြခဲ့ပါတယ်။ စစ်ဆင်ရေးကွပ်ကဲမှုရုံးသို့ သွားရောက်ကာ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များထံမှ အစီရင်ခံစာ လက်ခံရရှိနေတဲ့ သမ္မတ ပူတင်၏ ရုပ်သံမှတ်တမ်းများကို ရုရှားနိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ခဲ့ပြီး၊ ပူတင်က အဆိုပါမြို့ သိမ်းပိုက်နိုင်မှုကို အရေးကြီးသော မဟာဗျူဟာမြောက် အောင်မြင်မှုတခုအဖြစ် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဒါအပြင် ယူကရိန်းဘက်က ရုရှားရေနံလုပ်ငန်းများကို အဓိကပစ်မှတ်ထားပြီး ရေရှည်ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးများနဲ့ တိုက်ခိုက်မှု တိုးမြှင့်လာခြင်းကြောင့်…
-

ဘီလာရုစ် သို့မဟုတ် နေပြည်တော်အတွက် စံပြဖြစ်လာနိုင်သော ဥရောပ၏
နောက်ဆုံးအာဏာရှင်နိုင်ငံ သုံးသပ်ချက်ဆောင်းပါး | Burma Independent Voice ဝေယမုံ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) သည် မကြာမြင့်မီအချိန်တွင် နေပြည်တော်သို့ အဆင့်မြင့် အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်းသိရှိရသည်။ ဘီလာရုစ်သမ္မတသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင်လည်း နေပြည်တော်သို့ လာရောက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ခရီးစဉ်သည် ဒုတိယကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။ နေပြည်တော်၏ နိုင်ငံရေးနှင့် သံတမန်ရေးရာ ခြေလှမ်းများတွင် အများအားဖြင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ အရေးပါမှုကိုသာ ဉီးစားပေးပြောဆိုကြသော်လည်း ဘီလာရုစ်နိုင်ငံအား အလှမ်းဝေးပြီး မြန်မာနိုင်ငံရေးကို များစွာ သက်ရောက်မှုမရှိစေနိုင်သော နိုင်ငံအဖြစ်သတ်မှတ်ထားကြသည်။ သို့သော် ဘီလာရုစ်နိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းနှင့် ကြံ့ကြံ့ခံနိုင်စွမ်းသည် မြန်မာနိုင်ငံအတွက် စံနမူနာပြုသော အာဏာရှင် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်သည်။ ဘီလာရုစ်နိုင်ငံသည် ပထဝီဝင်အနေအထားအရ…
-

တေလာဆွစ်ဖ်နှင့်ထရက်ဗစ် ကဲလ်ဆီ တို့၏ မင်္ဂလာပွဲကို နယူးယောက်မြို့ ယခုအပတ်အတွင်း ကျင်းပမည်ဟု သတင်းထွက်ပေါ်
ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကမ္ဘာတဝန်းက ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ ပေါ့ပ်စတား တေလာဆွစ်ဖ် နဲ့ NFL အမေရိကန်ဘောလုံးသမား ထရက်ဗစ် ကဲလ်ဆီ (Travis Kelce) တို့ရဲ့ မင်္ဂလာပွဲ အထိမ်းအမှတ် အခမ်းအနားကို နယူးယောက်မြို့ရှိ ကမ္ဘာကျော် မဒီဆင်စကွဲယားဂါးဒင်း (Madison Square Garden – MSG) အားကစားကွင်းကြီးမှာ ယခုအပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေကြောင်း အစီအစဉ်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မန်ဟက်တန်အလယ်ပိုင်းရှိ အဆိုပါ အားကစားကွင်းကြီးထဲမှာ အခမ်းအနား နှစ်ရပ်ကို ခွဲခြားကျင်းပသွားဖို့ ရှိနေပါတယ်။ ပထမပွဲအနေနဲ့ လာမယ့်…

Latest News
About the Author
AF themes
Search the Archives
Access over the years of investigative journalism and breaking reports
You May Have Missed














