BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ကလေးတွေ ဖုန်းကြည့်တာနဲ့ ပတ်သက်တဲ့ စည်းကမ်းတွေဟာ လက်တွေ့မဆန်ဘဲ ပင်ပန်းလွန်းတယ်လို့ မိဘတွေဆို

မေ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကလေးငယ်တွေကို ဖုန်းနဲ့ တီဗီကြည့်ခွင့် ပေးတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေဟာ လက်တွေ့ဘဝမှာ လိုက်နာဖို့ အရမ်းခက်ခဲနေပြီး မိဘတွေကို စိတ်ပင်ပန်းစေတယ်လို့ သုတေသနအသစ်တစ်ခုက ထောက်ပြလိုက်ပါတယ်။ အသက် ၂ နှစ်မတိုင်ခင် ဖုန်း လုံးဝမပြရဘူးဆိုတဲ့ စည်းကမ်းဟောင်းဟာ မိဘတွေအပေါ် အပြစ်ရှိသလို ခံစားရစေတဲ့ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတာပါ။

၁၉၉၉ ခုနှစ်ကတည်းက ထွက်ပေါ်ခဲ့တဲ့ “ အသက် ၂ နှစ်အောက် ကလေးတွေကို စခရင် (Screen) လုံးဝမပြရ” ဆိုတဲ့ စည်းကမ်းကို မိဘတွေက စွဲမြဲမှတ်သားထားကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထမင်းချက်နေချိန် ဒါမှမဟုတ် အလုပ်ကိစ္စ အရေးကြီးနေချိန်မှာ ကလေးငြိမ်နေဖို့အတွက် ဖုန်းပေးလိုက်ရတာမျိုးတွေ ရှိနေပြီး အဲဒီအခါမှာ ငါဟာ မိဘကောင်း မဟုတ်ဘူးဆိုတဲ့ အပြစ်ရှိစိတ် (Guilt) တွေ ဝင်လာတတ်ကြပါတယ်။

အခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ လမ်းညွှန်ချက်တွေမှာတော့ အချိန်အတိုင်းအတာထက် ကလေးနဲ့အတူ မိဘက ဘာတွေကြည့်ပေးသလဲဆိုတဲ့ အရည်အသွေး (Quality) ကို ပိုဦးစားပေးလာပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်က သတင်းတွေမှာတော့ “ ဖုန်းကြည့်ရင် အော်တစ်ဇင် (Autism) ဖြစ်နိုင်တယ်” ဆိုတဲ့ အထောက်အထားမရှိတဲ့ သတင်းမှားတွေကြောင့် မိဘတွေဟာ ပိုပြီး စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

သုတေသနပြုလုပ်ခဲ့တဲ့ ဒေါက်တာ စတီဖနီ မီလ်ဖို့ဒ် (Dr. Stephanie Milford) ကတော့ မိဘတွေဟာ “ ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့” ဆိုတဲ့ တိကျတဲ့ တိုင်းတာချက်မျိုးကိုပဲ လိုချင်ကြတယ်လို့ ဆိုပါတယ်။ လမ်းညွှန်ချက်အသစ်တွေက ဝေဝါးနေတဲ့အခါ မိဘတွေက စည်းကမ်းဟောင်းတွေကိုပဲ ပြန်ကိုင်စွဲပြီး လိုက်မနာနိုင်တဲ့အခါ စိတ်ဖိစီးမှုတွေ ဖြစ်လာရတာပါ။

ပညာရှင်တွေကတော့ မိဘတွေကို ဖုန်းမကြည့်ခိုင်းနဲ့လို့ပဲ တားနေမယ့်အစား AI ကိရိယာတွေ ဒါမှမဟုတ် ဖုန်းတွေကို ကလေးရဲ့ သင်ယူမှုနဲ့ မိသားစု ဆက်ဆံရေးအတွက် ဘယ်လိုအကျိုးရှိရှိ သုံးမလဲဆိုတာကို ကူညီလမ်းညွှန်ပေးဖို့ ပိုလိုအပ်နေပြီလို့ ဆိုပါတယ်။

ကလေးတွေကို ဖုန်းလုံးဝ မပြရဘူးဆိုတာထက် ဘယ်လိုမျိုး အတူတူကြည့်ပြီး ပညာပေးမလဲဆိုတဲ့ “ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ချဉ်းကပ်မှု” ဟာ မိဘတွေအတွက်ရော ကလေးတွေအတွက်ပါ ပိုပြီး ကျန်းမာတဲ့ နည်းလမ်းဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed