BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

မာဒူရိုအား ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံထားရသည့် စစ်တပ်အရာရှိများကို ဗင်နီဇွဲလား ပြန်လည်လွှတ်ပေး

မေ ၂၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာရှင်ခေါင်းဆောင်ဟောင်း ဖြစ်သူ နီကိုးလပ်စ် မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများအား ဆက်တိုက်လွှတ်ပေးလျက်ရှိရာ၊ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း မာဒူရိုအစိုးရကို ဖြုတ်ချရန် ကြံစည်မှု စွပ်စွဲချက်များဖြင့် ထောင်ချခံထားရသည့် စစ်တပ်အရာရှိ ၈ ဦးကို ဗင်နီဇွဲလားနိုင်ငံက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမေရိကန်တပ်ဖွဲ့ဝင်များ၏ မြို့တော် ကာရာကတ်စ်  ၌ အံ့အားသင့်ဖွယ် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုကြောင့် မာဒူရို အာဏာလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံသည် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် အရာရှိ ၈ ဦးသည် ဗင်နီဇွဲလား၏ Paratrooper Case နှင့် ဆက်နွှယ်နေသူများဖြစ်ပြီး၊…

မေ ၂၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာဏာရှင်ခေါင်းဆောင်ဟောင်း ဖြစ်သူ နီကိုးလပ်စ် မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများအား ဆက်တိုက်လွှတ်ပေးလျက်ရှိရာ၊ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း မာဒူရိုအစိုးရကို ဖြုတ်ချရန် ကြံစည်မှု စွပ်စွဲချက်များဖြင့် ထောင်ချခံထားရသည့် စစ်တပ်အရာရှိ ၈ ဦးကို ဗင်နီဇွဲလားနိုင်ငံက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမေရိကန်တပ်ဖွဲ့ဝင်များ၏ မြို့တော် ကာရာကတ်စ်  ၌ အံ့အားသင့်ဖွယ် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုကြောင့် မာဒူရို အာဏာလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံသည် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် အရာရှိ ၈ ဦးသည် ဗင်နီဇွဲလား၏ Paratrooper Case နှင့် ဆက်နွှယ်နေသူများဖြစ်ပြီး၊ သူတို့ဟာ ၂၀၁၇ ခုနှစ်က မာဒူရိုအစိုးရအပေါ် စစ်အာဏာသိမ်းရန် လှုံ့ဆော်မှုဖြင့် စွပ်စွဲခံခဲ့ရခြင်း ဖြစ်ပါတယ်။

မာဒူရို၏ ရှေ့ဆောင်ဖြစ်သူ ဆိုရှယ်လစ်တော်လှန်ရေးသမား ဟူဂိုချာဗက်စ်  ၏ လက်ထောက်ဟောင်း ဂျင်နရယ် ရာအူးလ် ဘာဒူရယ်  သည်လည်း အဆိုပါအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတဦး ဖြစ်ပါတယ်။ သို့သော်လည်း ဘာဒူရယ်သည် ၂၀၂၁ ခုနှစ်တွင် အကျဉ်းထောင်အတွင်း၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Foro Penal က လူမှုကွန်ရက်ပေါ်တွင် တင်ပေးထားတဲ့ ရုပ်သံမှတ်တမ်းများအရ ဝါးရောင်တီရှပ်များ ဝတ်ဆင်ထားသည့် စစ်တပ်အရာရှိများဟာ အကျဉ်းထောင်မှ ထွက်လာချိန်တွင် သူတို့ရဲ့ မိသားစုဝင်များနှင့် မျက်ရည်ကျကာ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြတာကို တွေ့မြင်ရပါတယ်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဂျင်နရယ် ရာမွန် လိုဇာဒါ ဟာ တရားရုံးမှ ဝှီးချဲဖြင့် ထွက်ခွာလာခဲ့သော်လည်း လာရောက်ကြည့်ရှုသူများကို မတ်တတ်ရပ်ကာ ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပြီး သူရဲ့လည်ပင်းတွင် ဗင်နီဇွဲလား နိုင်ငံတော်အလံကို ပတ်ထားခဲ့ပါတယ်။

Foro Penal အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဂွန်ဇာလို ဟင်မီယော့ဘ် က “လေထီးတပ်ကြပ်ကြီးတွေနဲ့ ဂျင်နရယ် လိုဇာဒါတို့ဟာ သတ်မှတ်ပြစ်ဒဏ်တွေ စေ့ရောက်သွားပြီဖြစ်လို့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်” ဟု X လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။ သူတို့ဟာ အကျဉ်းထောင်အတွင်း ၉ နှစ်ကျော်ကြာ နေထိုင်ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဂျင်နရယ် ရာအူးလ် ဘာဒူရယ်၏ သမီးဖြစ်သူများဖြစ်ကြသည့် အန်ဒရီနာ နှင့် မာဂရက် တို့ကမူ မာဒူရိုအစိုးရကို ဆန့်ကျင်ကြံစည်မှု စွပ်စွဲချက်များဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ သူတို့ရဲ့ မောင်ဖြစ်သူ ရှေ့နေ ဂျို့စ်နာစ် ဘာဒူရယ် ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

Foro Penal အဖွဲ့၏ အချက်အလက်များအရ ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက နိုင်ငံရေးအကျဉ်းသား ၈၀၀ နီးပါး ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ ဒီအထဲမှာ ပုန်ကန်မှုနှင့် နိုင်ငံတော်သစ္စာဖောက်မှုများဖြင့် စွပ်စွဲခံထားရကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၁ ဦးလည်း အပါအဝင် ဖြစ်ပါတယ်။

အစိုးရအဖွဲ့၏ ပြောကြားချက်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလက အတည်ပြုခဲ့သည့် သမိုင်းဝင် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြောင့် လူပေါင်း ၈,၀၀၀ ခန့် အကျိုးခံစားခွင့် ရရှိခဲ့ကြပြီး၊ သူတို့အနက် အများစုမှာ အကျဉ်းထောင်အတွင်း ရောက်ရှိနေသူများ မဟုတ်ဘဲ တရားရင်ဆိုင်နေရဆဲ အမှုများကို ပိတ်သိမ်းပေးခဲ့ခြင်းမျိုး ဖြစ်ကြောင်း သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့အထိ စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၄၀၉ ဦး အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးကြောင်း Foro Penal အဖွဲ့က ထုတ်ပြန်ထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed