BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ထရမ့်မိသားစုရဲ့ ဇိမ်ခံဟိုတယ်စီမံကိန်းကြောင့် အယ်လ်ဘေးနီးယားနိုင်ငံရှိ ‘မတရားသိမ်းပိုက်ခံရသော’ မြေယာပြဿနာများအပေါ် နိုင်ငံတကာအာရုံစိုက်မှု မြင့်တက်

ဇွန် ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | အယ်လ်ဘေးနီးယား (Burma Independent Voice) အယ်လ်ဘေးနီးယားနိုင်ငံသား မီနယ်လာ ဘာလျူ (Minella Balliu) က သူ့ရဲ့ ဘိုးဘွားပိုင်မြေများကို ပြန်လည်ရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းတိုက်ပွဲဝင်နေရတဲ့  မြေနေရာတခုမှာ… အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိသားစုက ဇိမ်ခံဟိုတယ်ကြီးတခု တည်ဆောက်ရန် စီမံကိန်းချမှတ်လိုက်ပြီးနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုအောက်သို့ ရောက်ရှိလာခဲ့ပါတယ်။ အက်ဒရီယက်တစ်ပင်လယ်အတွင်းရှိ တိတ်ဆိတ်ငြိမ်သက်လှသော Zvernec ကျွန်းပေါ်မှာ ဆောက်လုပ်မည့် အဆိုပါစီမံကိန်းသည် အမေရိကန်သမ္မတ ထရမ့်၏ သမီးဖြစ်သူ အီဗန်ကာထရမ့် (Ivanka Trump) နှင့် သူ့ရဲ့ခင်ပွန်း ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့နှင့် ဆက်နွှယ်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတည်းက…

ဇွန် ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | အယ်လ်ဘေးနီးယား (Burma Independent Voice)

အယ်လ်ဘေးနီးယားနိုင်ငံသား မီနယ်လာ ဘာလျူ (Minella Balliu) က သူ့ရဲ့ ဘိုးဘွားပိုင်မြေများကို ပြန်လည်ရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းတိုက်ပွဲဝင်နေရတဲ့  မြေနေရာတခုမှာ… အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိသားစုက ဇိမ်ခံဟိုတယ်ကြီးတခု တည်ဆောက်ရန် စီမံကိန်းချမှတ်လိုက်ပြီးနောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုအောက်သို့ ရောက်ရှိလာခဲ့ပါတယ်။

အက်ဒရီယက်တစ်ပင်လယ်အတွင်းရှိ တိတ်ဆိတ်ငြိမ်သက်လှသော Zvernec ကျွန်းပေါ်မှာ ဆောက်လုပ်မည့် အဆိုပါစီမံကိန်းသည် အမေရိကန်သမ္မတ ထရမ့်၏ သမီးဖြစ်သူ အီဗန်ကာထရမ့် (Ivanka Trump) နှင့် သူ့ရဲ့ခင်ပွန်း ဂျာရက် ကွတ်ရှ်နာ (Jared Kushner) တို့နှင့် ဆက်နွှယ်နေတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတည်းက အယ်လ်ဘေးနီးယားနိုင်ငံတဝန်းမှာ “ အယ်လ်ဘေးနီးယားမြေဟာ ရောင်းရန်မဟုတ်” (Albanian is not for sale) ဟု ကြွေးကြော်ကာ နေ့စဉ်ရက်ဆက် ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အသက် ၇၀ ကျော်အရွယ်ရှိပြီဖြစ်သူ ဘာလျူ ဟာ ၁၉၃၃ ခုနှစ်ကတည်းက သူ့ရဲ့ မိသားစု ပိုင်ဆိုင်ခဲ့တဲ့ ဇဗဲန်နက်ကျွန်းပေါ်ရှိ မြေဟက်တာ ၂၀၀ ကျော် (ဧက ၅၀၀ ခန့်) ကို ပြန်လည်ရရှိရန်အတွက် အထောက်အထားစာရွက်စာတမ်း အပြည့်အစုံဖြင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အထူးအစိုးရရှေ့နေရုံး (SPAK) ထံ ယခုလအစောပိုင်းတွင် တိုင်ကြားစာ ပေးပို့ခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့ အခွင့်အရေးအတွက် ကြိုးပမ်းမှုကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို အကြိမ်ကြိမ် ခံခဲ့ရကြောင်း သိရပါတယ်။

အယ်လ်ဘေးနီးယားနိုင်ငံတွင် မြေယာပိုင်ဆိုင်မှုပြဿနာဟာ ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့စဉ်က ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ခဲ့ခြင်းနှင့် အော်တိုမန်အင်ပါယာခေတ်ကတည်းက ရှုပ်ထွေးခဲ့တဲ့ ဓလေ့ထုံးတမ်းများကြောင့် ယနေ့တိုင် အငြင်းပွားဖွယ်ရာ ဖြစ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အယ်လ်ဘေးနီးယား တရားလွှတ်တော်ချုပ်၌ မြေယာအငြင်းပွားမှုအမှုပေါင်း ၁၀၀,၀၀အထက် စီရင်ချက်မချနိုင်ဘဲ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။အကျင့်ပျက်ခြစားမှုများနှင့် အတုအယောင်စာချုပ်များကြောင့် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်း မြေယာအငြင်းပွားမှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကပင် မြေယာအမှုတခုကို စီရင်ချက်ချခါနီး တရားသူကြီးတဦး တရားခွင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးသတင်းရင်းမြစ်များအရ အဆိုပါ ဇဗဲန်နက်ကျွန်းမြေ ၄၆၀ ဟက်တာကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလအတွင်းက အမေရိကန်အခြေစိုက် အယ်လ်ဘေးနီးယား စီးပွားရေးသမားတဦးဖြစ်သူ အာတူရ် ရှီဟူ (Artur Shehu) က Albania Land Development အမည်ရှိ ကုမ္ပဏီတခုထံ ယူရို ၁၂၂ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ရှီဟူသည် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်နေတယ်ဟု စွပ်စွဲခံထားရသူဖြစ်ရာ အစိုးရရှေ့နေများက ယခုစီမံကိန်းအတွက် အသုံးပြုမယ့် ငွေကြေးများ၏ အရင်းအမြစ်ကို သီးသန့်စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဖြစ်ပါတယ်။

တရားဥပဒေကြောင်းအရ အငြင်းပွားမှုများ ပြင်းထန်နေဆဲဖြစ်သော်လည်း ပင်လယ်ကမ်းခြေတွင် ဆူးကြိုးအတားအဆီးများနှင့် မြေတူးစက်များ ရောက်ရှိလာခြင်းကြောင့် လူထု၏ ဒေါသကို ပိုမိုဆွပေးသကဲ့သို့ဖြစ်ကာ၊ ဆန္ဒပြပွဲများသည် အစိုးရ၏ အကျင့်ပျက်ခြစားမှုအပေါ် မကျေနပ်ချက်များအဖြစ် ကူးစက်သွားပြီး ဝန်ကြီးချုပ် အီဒီရာမာ (Edi Rama) ရာထူးမှ နုတ်ထွက်ပေးရန်အထိ တောင်းဆိုမှုများ ပြင်းထန်လာနေကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed