BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဂျပန်နိုင်ငံတွင် ကူးသန်းရောင်းဝယ်ရေး ဗီဇာစည်းမျဉ်းများ တင်းကျပ်လိုက်ခြင်းကြောင့် ရွှေ့ပြောင်းလုပ်ငန်းရှင်များ အကျပ်တွေ့

ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဂျပန်နိုင်ငံမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းမန်နေဂျာ (Business Manager Visa) စည်းမျဉ်းအသစ်တွေကြောင့် နိုင်ငံအတွင်း ဆယ်စုနှစ်ချီ အခြေချနေထိုင်ပြီး လုပ်ငန်းတည်ဆောက်ထားကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်ငန်းရှင်အများအပြား ဂျပန်နိုင်ငံကနေ ထွက်ခွာရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန်နိုင်ငံဟာ ကဏ္ဍအတော်များများမှာ လုပ်သားရှားပါးမှုဒဏ်ကို ပြင်းထန်စွာ ခံနေရသော်လည်း၊ အခြားတစ်ဖက်မှာတော့ ကမ္ဘာလှည့်ခရီးသွား အလွန်အမင်းများပြားလာမှု နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြေစျေးနှုန်းတွေ ထိုးတက်လာမှုအပေါ် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါကို အခြေခံပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက တက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိ…

ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဂျပန်နိုင်ငံမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ စတင်မိတ်ဆက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းမန်နေဂျာ (Business Manager Visa) စည်းမျဉ်းအသစ်တွေကြောင့် နိုင်ငံအတွင်း ဆယ်စုနှစ်ချီ အခြေချနေထိုင်ပြီး လုပ်ငန်းတည်ဆောက်ထားကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်ငန်းရှင်အများအပြား ဂျပန်နိုင်ငံကနေ ထွက်ခွာရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျပန်နိုင်ငံဟာ ကဏ္ဍအတော်များများမှာ လုပ်သားရှားပါးမှုဒဏ်ကို ပြင်းထန်စွာ ခံနေရသော်လည်း၊ အခြားတစ်ဖက်မှာတော့ ကမ္ဘာလှည့်ခရီးသွား အလွန်အမင်းများပြားလာမှု နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် မြေစျေးနှုန်းတွေ ထိုးတက်လာမှုအပေါ် ပြည်သူတွေရဲ့ မကျေနပ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါကို အခြေခံပြီး ပြီးခဲ့တဲ့ အောက်တိုဘာလက တက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိ အစိုးရဟာ နိုင်ငံခြားသားတွေအပေါ် တင်းကျပ်တဲ့ မူဝါဒတွေကို စတင်ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ခရီးသွားဗီဇာကြေးတွေကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ ဆအထိ တိုးမြှင့်လိုက်တဲ့ တာကာအိချိအစိုးရဟာ အခုအခါမှာတော့ စီးပွားရေးဗီဇာ ကိုင်ဆောင်ထားသူတွေကို စည်းမျဉ်းသစ်တွေနဲ့အညီ လိုက်နာရန် ၃ နှစ် ဖြေလျှော့ကာလ ပေးထားပါတယ်။ သို့သော်လည်း တိုကျိုမြို့ အိုကူဘို (Okubo) လိုမျိုး နိုင်ငံခြားသား အချက်အချာကျတဲ့ နေရာတွေက အသေးစား စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက်တော့ ဒီအချက်တွေကြောင့် မဖြစ်နိုင်သလောက် ခက်ခဲသွားစေမှာဖြစ်ပါတယ်။

ဗီဇာရရှိရန် ပြသရမည့် ကုမ္ပဏီမတည်ရင်းနှီးငွေကို ယခင် ယန်း ၅ သန်း (အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ခန့်) မှ အခုအခါ ယန်း ၃၀ သန်း (အမေရိကန်ဒေါ်လာ ၁၈၅,၀၀၀ ခန့်) အထိ ၆ ဆခွဲခန့် အဆမတန် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဗီဇာသက်တမ်းတိုးရန်အတွက် ဂျပန်နိုင်ငံသား သို့မဟုတ် ရေရှည်နေထိုင်ခွင့်ရထားသူတစ်ဦးကို မဖြစ်မနေ အလုပ်ခန့်အပ်ထားရမှာ ဖြစ်ပါတယ်။ သို့သော် လုပ်သားရှားပါးနေတဲ့ ဂျပန်မှာ ဗီဇာသက်တမ်း နှစ်စဉ်တိုးရမယ့် နိုင်ငံခြားသားကုမ္ပဏီမှာ လာရောက်လုပ်ကိုင်မယ့် ဂျပန်လုပ်သား ရှာဖွေရန် အလွန်ခက်ခဲနေပါတယ်။

အသက် ၃၈ နှစ်အရွယ် နီပေါနိုင်ငံသူ ဗုဒ္ဓဟိုကီ ဆမ်ဂျာနာ (Budhathoki Samjhana) ဟာ ဂျပန်မှာ ၁၀ နှစ်ကြာ ကျောင်းတက်၊ ပိုက်ဆံစုပြီး စားသောက်ဆိုင် ၃ ဆိုင်အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သလို နီပေါက သူ့ရဲ့ ၁၄ နှစ်အရွယ် သမီးဖြစ်သူကိုပါ ခေါ်ယူပြီး ဂျပန်ကျောင်းမှာ ထားရှိခဲ့ပါတယ်။ သို့သော် စည်းမျဉ်းအသစ်ကြောင့် သက်တမ်းတိုးရန် မသေချာတော့ဘဲ “ကျွန်မရဲ့ အိမ်မက်တွေ ပျက်စီးသွားပါပြီ” လို့ ဆိုပါတယ်။ အလားတူ ဂျပန်မှာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ပြီး ဆိုင်ဖွင့်ထားတဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးဆိုလျှင် သားသမီးတွေက ဂျပန်စကားပဲ တတ်သော်လည်း ဗီဇာသက်တမ်းတိုးခွင့် ငြင်းပယ်ခံရပြီး ပြည်နှင်ဒဏ်ပေးခံရမယ့် အခြေအနေ ကြုံနေရပါတယ်။

ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် မေလကတည်းက “တရားမဝင် နိုင်ငံခြားသား နေထိုင်မှု သုညရာခိုင်နှုန်း (Zero illegal foreign residents)” စီမံကိန်းကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံခြားသားဆန့်ကျင်ရေး အစွန်းရောက်ဝါဒ ရှိတဲ့ “Sanseito” ပါတီက နိုင်ငံခြားသားတွေ ဝင်ရောက်လာမှုကို တိတ်ဆိတ်သော ကျူးကျော်မှု ဟု ပုံဖော်ပြီး အောင်ပွဲရလာခဲ့တာက နိုင်ငံရေးအရ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ဖိအား ပိုများလာစေခဲ့ပါတယ်။

ဗီဇာကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဆိုပါ စီးပွားရေးဗီဇာစနစ်ဟာ တကယ်တမ်း စီးပွားရေးလုပ်ဆောင်ဖို့ မဟုတ်ဘဲ ဂျပန်မှာ အခြေချချင်သူတွေ (အထူးသဖြင့် တရုတ်နိုင်ငံသားများ) အတွက် အလွယ်လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ စာရင်းဇယားတွေအရ ၂၀၂၅ ခုနှစ်လယ်မှာ ဒီဗီဇာကိုင်ဆောင်သူ ၄၆,၀၀၀ ကျော်ရှိလာပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၇၀ ရာခိုင်နှုန်း တိုးတက်လာကာ ထက်ဝက်ခန့်မှာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အိမ်ခြံမြေအကျိုးဆောင်အချို့ကလည်း ဂျပန်မှာ အိမ်တစ်လုံးဝယ်ရုံနဲ့ စီးပွားရေးဗီဇာ ရနိုင်တယ်ဆိုပြီး အလွဲသုံးစားလုပ်မှုတွေ ရှိခဲ့ပါတယ်။

တရားရေးဝန်ကြီး ဟီရိုရှီ ဟီရာဂူချီ (Hiroshi Hiraguchi) ကတော့ ပြီးခဲ့တဲ့ ဧပြီလ လွှတ်တော်အစည်းအဝေးမှာ စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ အစီအစဉ်မရှိကြောင်း၊ သို့သော်လည်း တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး မျှတစွာ စိစစ်ပေးသွားမယ်လို့ ဆိုပါတယ်။ သို့သော်လည်း အဆိုပါ စစ်ဆေးမှုတွေ ပြင်းထန်လွန်းတာကြောင့် စနစ်ကို အလွဲသုံးစားလုပ်သူတွေအပြင် ရိုးသားစွာ လုပ်ကိုင်နေတဲ့ အသေးစား စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ လူငယ်လုပ်ငန်းရှင်တွေပါ ဓားစာခံ ဖြစ်နေရကြောင်း သုံးသပ်သူတွေက ထောက်ပြထားကြပါတယ်။

လက်ရှိမှာတော့ ဒီဗီဇာစည်းမျဉ်းသစ်ကို ဆိုင်းငံ့ပေးဖို့အတွက် လူပေါင်း ၆၇,၀၀၀ ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်တောင်းဆိုထားကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed