BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

သမ္မတ ထရန့် ပထမဆုံးနှစ် ပြန်လည်တာဝန်ထမ်းဆောင်ချိန်အတွင်း မိသားစု၏ ခရစ်ပတိုလုပ်ငန်းများမှ ဒေါ်လာ ၁.၂ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း ထုတ်ပြန်

ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဟာ အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ခဲ့တဲ့ ပထမဆုံးနှစ် (၂၀၂၅ ခုနှစ်) အတွင်း သူ့ရဲ့ မိသားစုပိုင် ခရစ်ပတို ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့် ဝင်ငွေရရှိခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ အစိုးရကျင့်ဝတ်ဆိုင်ရာရုံး (OGE) ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများအရ သိရှိရပါတယ်။ စာမျက်နှာ ၉၂၇ မျက်နှာပါရှိတဲ့ အဆိုပါ တရားဝင်မှတ်တမ်းများအရ ထရန့်ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလက သူ့ရဲ့ သားသမီးများနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ရဲ့ သားဖြစ်သူတို့ ပူးတွဲတည်ထောင်ခဲ့တဲ့…

ဇူလိုင် ၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဟာ အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ခဲ့တဲ့ ပထမဆုံးနှစ် (၂၀၂၅ ခုနှစ်) အတွင်း သူ့ရဲ့ မိသားစုပိုင် ခရစ်ပတို ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းများမှ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့် ဝင်ငွေရရှိခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ အစိုးရကျင့်ဝတ်ဆိုင်ရာရုံး (OGE) ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများအရ သိရှိရပါတယ်။

စာမျက်နှာ ၉၂၇ မျက်နှာပါရှိတဲ့ အဆိုပါ တရားဝင်မှတ်တမ်းများအရ ထရန့်ဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလက သူ့ရဲ့ သားသမီးများနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) ရဲ့ သားဖြစ်သူတို့ ပူးတွဲတည်ထောင်ခဲ့တဲ့ ‘World Liberty Financial (WLF)’ လုပ်ငန်းမှ ဒေါ်လာ ၅၅၀ သန်းနီးပါး ရရှိခဲ့တာ ဖြစ်ပါတယ်။

ထို့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ သမ္မတကျမ်းသစ္စာမကျိန်ဆိုမီ နာရီပိုင်းအလိုကမှ စတင်မိတ်ဆက်ခဲ့တဲ့ “$TRUMP” ခရစ်ပတို တိုကင် အမည်အသုံးပြုခ သဘောတူညီချက် မူပိုင်ခွင့်ကြေးမှလည်း ဒေါ်လာ ၆၃၅ သန်း ဝင်ငွေရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ဒီခရစ်ပတိုလုပ်ငန်းများကြောင့် ထရန့်ရဲ့ ပုဂ္ဂလိက ဓနပစ္စည်းတန်ဖိုးဟာ ၂၀၂၄ ခုနှစ်က ဒေါ်လာ ၂.၃ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်မှာ ဒေါ်လာ ၆.၅ ဘီလီယံအထိ ၃ ဆနီးပါး ခုန်တက်သွားခဲ့ပါတယ်။

သမ္မတတစ်ဦးအနေနဲ့ ခရစ်ပတိုလုပ်ငန်းတွေထဲမှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားပြီး၊ တဖက်မှာလည်း အဆိုပါကဏ္ဍရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျှော့ချပေးမယ့် မူဝါဒတွေကို ချမှတ်ပေးခြင်းဟာ ခရစ်ပတိုစျေးကွက်ကို အဆမတန် ထိုးတက်စေခဲ့တဲ့အတွက် ထရန့်အပေါ် ကိုယ်ကျိုးစီးပွားပဋိပက္ခ ရှိနေကြောင်း ဝေဖန်စွပ်စွဲမှုများ ပြင်းထန်စွာ ထွက်ပေါ်နေပါတယ်။

သို့သော်လည်း အိမ်ဖြူတော်ရဲ့ အဓိက ဒုတိယသတင်းပြန်ကြားရေးအတွင်းရေးမှူး အန်နာ ကယ်လီ (Anna Kelly) က ဒီကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ပယ်ချခဲ့ပြီး  “သမ္မတကြီးနဲ့ သူ့Group ရဲ့ မိသားစုဝင်တွေဟာ ဘယ်တုန်းကမှ ကိုယ်ကျိုးစီးပွားပဋိပက္ခ ဖြစ်စေမယ့် ကိစ္စရပ်မျိုးမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသလို၊ နောင်လည်း ပါဝင်မှာ မဟုတ်ပါဘူး။ သမ္မတ ထရန့်ဟာ အမေရိကန်နိုင်ငံကို ကမ္ဘာ့ ‘ခရစ်ပတို မြို့တော် (Crypto Capital)’ ဖြစ်လာအောင် ဂုဏ်ယူစွာ စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်အားလုံးဟာ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပြီး၊ မီဒီယာအချို့ရဲ့ စွပ်စွဲချက်တွေကတော့ ဒီမိုကရက်တွေနဲ့ လက်ဟောင်းမီဒီယာတွေ ဆယ်စုနှစ်တခုကြာအောင် အသုံးချခဲ့တဲ့ လုပ်ဇာတ်အဟောင်းတွေကိုပဲ ပြန်လည်အသက်သွင်းနေတာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၁၉၇၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အမေရိကန်ဥပဒေအရ သမ္မတနှင့် ဒုသမ္မတတို့သည် မိမိတို့၏ ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုများကို မဖြစ်မနေ ကြေညာရတာ ဖြစ်ပါတယ်။ အဆိုပါ အစီရင်ခံစာတွင် သမ္မတကတော် မီလန်နီယာ ထရန့် ၏ ဝင်ငွေများကိုပါ ထည့်သွင်းဖော်ပြထားရာ Amazon က ရိုက်ကူးတဲ့ သူ့အကြောင်း မှတ်တမ်းတင်ရုပ်ရှင်အတွက် ဒေါ်လာ ၁၀ သန်းကျော်နှင့် သူရေးသားခဲ့တဲ့ “ Melania” စာအုပ်မှ ဒေါ်လာ ၅၀၀,၀၀ီ ထက်မနည်း ရရှိခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ထရန့်မိသားစုပိုင် WLF က ထုတ်ဝေခဲ့တဲ့ ‘WLFI’ အမည်ရ ကိုယ်ပိုင်ခရစ်ပတို ငွေကြေးဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ စတင်ရောင်းချစဉ်က တယူနစ်လျှင် ၄၆ ဆင့် ရှိခဲ့သော်လည်း၊ လက်ရှိတွင် ၆ ဆင့်အထိ တန်ဖိုး ထိုးကျသွားခဲ့ပါတယ်။ သို့သော်လည်း ကြားခံကုမ္ပဏီတစ်ခုဖြစ်သည့် DT Marks Defi မှတစ်ဆင့် ထရန့်နှင့် သူ၏ သားသုံးဦးဟာ WLFI တိုကင်ပေါင်း ၂၂.၅ ဘီလီယံခန့် (လက်ရှိကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) ကို ထပ်မံရရှိထားဆဲ ဖြစ်ပါတယ်။

အခြားသော ဝင်ငွေများအနေဖြင့် Coinbase ကဲ့သို့သော အဓိက ခရစ်ပတိုအိတ်ချိန်း လဲလှယ်ရေးပလက်ဖောင်းများ၏ စတော့ရှယ်ယာများမှ ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိခဲ့သလို၊ ကျေးလက်တေးသံရှင် လီ ဂရင်းဝုဒ် နှင့် ပူးပေါင်းရောင်းချတဲ့ “ ထရန့်တံဆိပ်ပါ သမ္မာကျမ်းစာ (Bibles)” များမှလည်း ဒေါ်လာ ၂၀၈,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

လက်ရှိတွင် သမ္မတ ထရန့်၏ ပိုင်ဆိုင်မှုအားလုံးကို သူ၏ သားကြီးဖြစ်သူ Donald Trump Jr. က Trust (ယုံမှတ်အပ်နှံမှု အဖွဲ့အစည်း) ဖြင့် လွှဲပြောင်း စီမံနေသော်လည်း၊ အဆိုပါ Trust ၏ စည်းမျဉ်းအရ မည်သည့်အချိန်တွင်မဆို ပြန်လည်ဖျက်သိမ်းနိုင်ခွင့် ရှိထားတာကြောင့် သမ္မတသက်တမ်း ကုန်ဆုံးမည့် ၂၀၂၉ ခုနှစ်တွင် ထရန့်အနေဖြင့် လုပ်ငန်းများကို စိတ်ကြိုက် ပြန်လည်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပင် ဒုသမ္မတ ဂျေဒီဗန့်စ် ဟာလည်း ၂၀၁၆ ခုနှစ်က ရေးသားခဲ့သည့် သူ၏ နာမည်ကျော် “ Hillbilly Elegy” ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်မူပိုင်ခွင့်ကြေးမှ ဒေါ်လာ ၁ သန်းနှင့် ၅ သန်းအကြား သိသာထင်ရှားတဲ့ ဝင်ငွေများ ထပ်မံရရှိခဲ့ကြောင်း သိရှိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed