BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

“ကလဲ့စားချေကြ၊ ကလဲ့စားချေကြ” လို့ ခါမေနီ၏ ဈာပနပွဲမှာ အီရန်ပြည်သူများ ကြွေးကြော်ဆန္ဒပြ

ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အီရန်နိုင်ငံရဲ့ လုပ်ကြံခံခဲ့ရတဲ့ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ ကို နောက်ဆုံးအကြိမ် နှုတ်ဆက်လမ်းခွဲရန်အတွက် စနေနေ့နံနက်အစောပိုင်းမှာ မြို့တော်တီဟီရန်မှာ လူပေါင်းထောင်သောင်းချီ၍ စုဝေးခဲ့ကြပြီး၊ သူတို့ရဲ့ ရင်ဘတ်များကို ထုရိုက်ကာ “ကလဲ့စားချေကြ၊ ကလဲ့စားချေကြ” ဟု ဒေါသတကြီး ကြွေးကြော်ခဲ့ကြပါတယ်။ အီရန်နိုင်ငံကို ဆယ်စုနှစ် သုံးစုကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဒေသတွင်းစစ်ပွဲကို စတင်စေခဲ့တဲ့ အမေရိကန်-အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုအတွင်း လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ စနေနေ့နံနက်ပိုင်းမှာ သူ့ရဲ့ရုပ်အလောင်းကို တီဟီရန်မြို့ရှိ ဂရန်းမိုဆာလာ (Grand Mosalla) ဘာသာရေးဝင်းကြီးအတွင်း ပြသထားရာ၊ ရှီအာမွတ်စလင်ထုံးတမ်းအရ “ကလဲ့စားချေခြင်း” ကို ကိုယ်စားပြုတဲ့…

ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အီရန်နိုင်ငံရဲ့ လုပ်ကြံခံခဲ့ရတဲ့ အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ ကို နောက်ဆုံးအကြိမ် နှုတ်ဆက်လမ်းခွဲရန်အတွက် စနေနေ့နံနက်အစောပိုင်းမှာ မြို့တော်တီဟီရန်မှာ လူပေါင်းထောင်သောင်းချီ၍ စုဝေးခဲ့ကြပြီး၊ သူတို့ရဲ့ ရင်ဘတ်များကို ထုရိုက်ကာ “ကလဲ့စားချေကြ၊ ကလဲ့စားချေကြ” ဟု ဒေါသတကြီး ကြွေးကြော်ခဲ့ကြပါတယ်။

အီရန်နိုင်ငံကို ဆယ်စုနှစ် သုံးစုကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဒေသတွင်းစစ်ပွဲကို စတင်စေခဲ့တဲ့ အမေရိကန်-အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှုအတွင်း လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။ စနေနေ့နံနက်ပိုင်းမှာ သူ့ရဲ့ရုပ်အလောင်းကို တီဟီရန်မြို့ရှိ ဂရန်းမိုဆာလာ (Grand Mosalla) ဘာသာရေးဝင်းကြီးအတွင်း ပြသထားရာ၊ ရှီအာမွတ်စလင်ထုံးတမ်းအရ “ကလဲ့စားချေခြင်း” ကို ကိုယ်စားပြုတဲ့ အနီရောင်အလံများကို ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီး တိုးဝှေ့ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားအတွင်း ဝတ်ပြုဆုတောင်းသူတဦးက “ကျွန်တော်တို့ဟာ ဈာပနပွဲအတွက် လာခဲ့တာမဟုတ်ဘူး၊ ကလဲ့စားချေဖို့အတွက် လာခဲ့တာ။ အခက်ခဲဆုံးမျဉ်းနီဖြစ်တဲ့ ခေါင်းဆောင်ကြီးရဲ့ သွေးအတွက် ကျွန်တော်တို့ ဘယ်တော့မှ အလျော့ပေးမှာမဟုတ်ဘူး” ဟု ဟစ်ကြွေးခဲ့ပါတယ်။

“ကျွန်တော်တို့ ထကြွရပါမယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အတိုင်း ကျွန်တော်တို့ခေါင်းဆောင်ရဲ့ သွေးအတွက် ကလဲ့စားချေသွားမှာပါ” လို့ အသက် ၁၈ နှစ်အရွယ် ကျောင်းသား ဟာမစ်ဒ်ရီဇာ ရှာဘာနီ ကပြောဆိုခဲ့ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဖတ်ပူဇော်မှုများအပြီးတွင် အီရန်အမျိုးသားအလံ လွှမ်းခြုံထားသည့် ခါမေနီ၏ ရုပ်အလောင်းကို စင်မြင့်ပေါ်ရှိ ကတ္တီပါအပြာရောင် လိုက်ကာကြီးနောက်ကွယ်မှ ဖွင့်လှစ်ပြသခဲ့ပါတယ်။ သူရဲ့ ဘေးနားမှာ အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း အတူတကွ သေဆုံးခဲ့ရတဲ့ မိသားစုဝင်များ၏ ရုပ်အလောင်းများကိုပါ စင်မြင့်ပေါ်၌ အတူတကွ ထားရှိထားပါတယ်။

ဂရန်းမိုဆာလာ ဝန်းအတွင်း၌ အီရန်အလံများကို အတန်းလိုက် စိုက်ထူထားပြီး၊ ခါမေနီ၏ ဘဝဖြတ်သန်းမှု အဆင့်ဆင့်ကို သရုပ်ဖော်ထားသည့် ပုံတူပန်းချီကားများကို နံရံများတွင် ချိတ်ဆွဲထားပါတယ်။ ဝမ်းနည်းပူဆွေးသူအချို့ဟာ သူရဲ့ဖခင်ဖြစ်သူ ခါမေနီ၏ အရိုက်အရာကို ဆက်ခံခဲ့သော်လည်း လက်ရှိအချိန်အထိ လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်းမရှိသေးတဲ့ အီရန်အမြင့်ဆုံးခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ရဲ့ ပုံတူဓာတ်ပုံများကို ကိုင်ဆောင်ထားကြပါတယ်။

ထို့ပြင် လူအုပ်ကြီးအတွင်း၌ အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ကတည်းက လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးတပ်များကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ အီရန်က ကျောထောက်နောက်ခံပေးထားသော ဟစ်ဇဘိုလာ အဖွဲ့ရဲ့ အဝါရောင်အလံများကိုလည်း တွေ့ရှိခဲ့ရပါတယ်။

တီဟီရန်မြို့၏ အပူချိန်မှာ ၃၅ ဒီဂရီဆဲလ်စီးယပ်စ်ခန့်အထိ မြင့်တက်နေခြင်းကြောင့် အခမ်းအနားကျင်းပရာ နေရာတဝိုက်တွင် ရေဖျန်းစနစ်များနဲ့ လူအုပ်ကြီးကို အအေးပေးနေရသလို၊ ယာယီအရောင်းဆိုင်များကလည်း အအေးစာများနှင့် ဖျော်ရည်များကို လိုက်လံဝေငှပေးနေကြပါတယ်။ မြို့တော်တဝန်း ယာဉ်ဖြတ်သန်းခွင့် ကန့်သတ်ချက်များကြောင့် ပြည်သူအများစုမှာ သူတို့ရဲ့ မော်တော်ယာဉ်များကို အခမ်းအနားပြင်ပ ကီလိုမီတာအနည်းငယ်အကွာတွင် ရပ်တန့်ထားခဲ့ရပြီး ဈာပနပွဲသို့ ခြေကျင် လျှောက်လှမ်းခဲ့ကြရပါတယ်။

အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင်ကြီး ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က တီဟီရန်မြို့လယ်ရှိ သူ့ရဲ့ နေအိမ်ဝန်းအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး၊ ဒီဖြစ်စဉ်ကတည်းက ဒေသတွင်းစစ်ပွဲကြီး တဟုန်ထိုး ကူးစက်ပြန့်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်နှင့် အီရန်တို့ဟာ စစ်ပွဲရပ်တန့်ရေးအတွက် ပဏာမသဘောတူညီချက်တခုကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း၊ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်ဖက်ကြား ပြောက်ကျားပစ်ခတ်မှုအချို့လည်း ရံဖန်ရံခါ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed