BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

တရုတ်၏ ဒုံးကျည်စမ်းသပ်မှုအပေါ် ဂျပန်အစိုးရ စိုးရိမ်ပူပန်မှု ပြင်းထန်ခဲ့ကာ ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် ကြိုတင်တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်

ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တရုတ်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မပြုလုပ်မီ ပေကျင်းမြို့ရှိ ဂျပန်သံရုံးသို့ ကြိုတင်အကြောင်းကြားခဲ့ချိန်တွင် သူတို့အနေနဲ့ ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် တရုတ်အာဏာပိုင်များကို ပြင်းပြင်းထန်ထန် တောင်းဆိုတိုက်တွန်းခဲ့ကြောင်း တိုကျိုအစိုးရက ယနေ့တနင်္လာနေ့ (ဇူလိုင် ၆ ရက်) မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဂျပန်အစိုးရက “ဒီပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံရဲ့ လေပိုင်နက်ကို ဖြတ်သန်းသွားတာမျိုး အပါအဝင် ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု မဖြစ်စေဖို့အတွက် အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ တရုတ်ဘက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ လေပိုင်နက်နဲ့ ရေပိုင်နက် လုံခြုံဘေးကင်းစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်သလို၊…

ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

တရုတ်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မပြုလုပ်မီ ပေကျင်းမြို့ရှိ ဂျပန်သံရုံးသို့ ကြိုတင်အကြောင်းကြားခဲ့ချိန်တွင် သူတို့အနေနဲ့ ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် တရုတ်အာဏာပိုင်များကို ပြင်းပြင်းထန်ထန် တောင်းဆိုတိုက်တွန်းခဲ့ကြောင်း တိုကျိုအစိုးရက ယနေ့တနင်္လာနေ့ (ဇူလိုင် ၆ ရက်) မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဂျပန်အစိုးရက “ဒီပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဟာ ဂျပန်နိုင်ငံရဲ့ လေပိုင်နက်ကို ဖြတ်သန်းသွားတာမျိုး အပါအဝင် ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု မဖြစ်စေဖို့အတွက် အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ တရုတ်ဘက်ကို ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်တော်တို့ရဲ့ လေပိုင်နက်နဲ့ ရေပိုင်နက် လုံခြုံဘေးကင်းစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်သလို၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း ထောက်လှမ်းရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အပြည့်အဝ ပြင်ဆင်ထားပါတယ်”လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဂျပန်အစိုးရက ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုများ တစစ တိုးမြှင့်လုပ်ဆောင်လာခြင်းအပေါ် အလွန်တရာ စိုးရိမ်ပူပန်မိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရုတ်ရေတပ်ဘက်ကမူ ယနေ့ တနင်္လာနေ့မှာ ပစိဖိတ်သမုဒ္ဒရာ နိုင်ငံတကာရေပြင်အတွင်းသို့ မဟာဗျူဟာမြောက် ဒုံးကျည်တစင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed