BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ

အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြေး ၄ ပြေး တားဆီးဖို့ အကြောင်းပြချက်နဲ့ ခရီးသွားပြည်သူတွေအပေါ် စိစစ်မှုတွေ စစ်အာဏာပိုင်တွေက ဒီနေ့ ၂၀၂၆ ဧပြီ ၁၀ ရက်မှာ တိုးမြှင့်ဆောင်ရွက်လိုက်ပါတယ်။ အရင်ကတည်းက လုံခြုံရေးအရ စစ်ဆေးမှုတွေ ရှိနေပြီးဖြစ်ပေမယ့် အခုတော့ လက်မှတ်ကောင်တာ Check-In နေရာတွေမှာ လေကြောင်းရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် တိုက်ရိုက်ပါဝင်စစ်ဆေးနေကြတာပါ။ လေကြောင်းလိုင်းတွေကိုလဲ ခရီးသည်စာရင်းမှာ မှတ်ပုံတင်နံပါတ် ပြည့်ပြည့်စုံစုံ ထည့်သွင်းဖို့နဲ့ Check-in ဝင်တဲ့ အချိန်မှာ မှတ်ပုံတင်ကတ်များကို တိတိကျကျ စိစစ်ဖို့  ညွှန်ကြားထားပါတယ်။ ဒီနေ့ စီမံချက်ရဲ့  ရည်ရွယ်ချက်က “ပြေး (၄) ပြေး” ဆိုတဲ့ “စစ်ပြေး၊ ရဲပြေး၊ ထောင်ပြေးနဲ့ တရားခံပြေး” တွေကို  ခရီးသွားလာချိန်မှာ ဖမ်းဆီးနိုင်ဖို့ ဖြစ်တယ်လို့…

အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ

အရှိန်ရလာနေတဲ့စောင့်ကြည့်ဖမ်းဆီးရေးနဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုတွေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြေး ၄ ပြေး တားဆီးဖို့ အကြောင်းပြချက်နဲ့ ခရီးသွားပြည်သူတွေအပေါ် စိစစ်မှုတွေ စစ်အာဏာပိုင်တွေက ဒီနေ့ ၂၀၂၆ ဧပြီ ၁၀ ရက်မှာ တိုးမြှင့်ဆောင်ရွက်လိုက်ပါတယ်။ အရင်ကတည်းက လုံခြုံရေးအရ စစ်ဆေးမှုတွေ ရှိနေပြီးဖြစ်ပေမယ့် အခုတော့ လက်မှတ်ကောင်တာ Check-In နေရာတွေမှာ လေကြောင်းရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် တိုက်ရိုက်ပါဝင်စစ်ဆေးနေကြတာပါ။ လေကြောင်းလိုင်းတွေကိုလဲ ခရီးသည်စာရင်းမှာ မှတ်ပုံတင်နံပါတ် ပြည့်ပြည့်စုံစုံ ထည့်သွင်းဖို့နဲ့ Check-in ဝင်တဲ့ အချိန်မှာ မှတ်ပုံတင်ကတ်များကို တိတိကျကျ စိစစ်ဖို့  ညွှန်ကြားထားပါတယ်။

ဒီနေ့ စီမံချက်ရဲ့  ရည်ရွယ်ချက်က “ပြေး (၄) ပြေး” ဆိုတဲ့ “စစ်ပြေး၊ ရဲပြေး၊ ထောင်ပြေးနဲ့ တရားခံပြေး” တွေကို  ခရီးသွားလာချိန်မှာ ဖမ်းဆီးနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒီထဲမှာပါဝင်တဲ့ တရားခံပြေး ဆိုတာကတော့ စစ်တပ်ကို ဆန့်ကျင်လို့ နိုင်ငံအနှံ့က ရဲမှတ်တမ်းတွေမှာ အမှုတခုခု ဖွင့်ခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို စစ်တပ်က ဖမ်းချင်တာပါ။

လက်ရှိတိုးမြှင့်ထားတဲ့ စစ်ဆေးမှုတွေဟာ သာမန် လုံခြုံရေးစစ်ဆေးမှုတွေ ဆိုတာထက် အများကြီး ကျော်လွန်ပြီး ဒေတာဘေ့စ်စနစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စောင့်ကြည့်ရေးယန္တရားရဲ့ အစိတ်အပိုင်း တခုပါ။ အထူးသဖြင့် စစ်တပ်ဟာ Person Scrutinization and Monitoring System (PSMS) ဟုခေါ်သော Application ကို အဓိကထား အသုံးပြုနေပြီး ဒီစနစ်ထဲမှာ စစ်တပ်က အလိုရှိနေတဲ့လူတွေကို စာရင်းထည့်သွင်းထားပါတယ်။ သတင်းရင်းမြစ်တွေအရ ပထမအသုတ်မှာ လူပေါင်း ၅ သောင်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကနဦးထည့်သွင်းထားပြီး နောက်ထပ်လဲ စာရင်းတွေက အမြဲထပ်တိုးနေတယ်လို့ သိရပါတယ်။

PSMS ဆိုတာ စနစ်ထဲမှာ လူတယောက်ရဲ့ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ မိဘအမည် စတဲ့ အချက်အလက်တွေကို ထည့်သွင်းရှာဖွေပြီး ဒီလူရဲ့ နိုင်ငံရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ အခြေအနေတွေကို ချက်ချင်းပြသနိုင်တဲ့ စနစ်ပါ။ ဒီစနစ်ကို စစ်ဆေးရေးဂိတ်တွေ၊ လေဆိပ်တွေ၊ ရေဆိပ်တွေနဲ့ မြို့ဝင်ထွက်ဂိတ်တွေမှာ အသုံးပြုနေပြီး ဒီစာရင်းထဲမှာ ပါဝင်နေသူတွေကို တွေ့တာနဲ့ ချက်ချင်း ဖမ်းဆီးဖို့ ညွှန်ကြားထားပါတယ်။

လေဆိပ်နဲ့ တခြား အရေးကြီးနေရာတွေမှာတော့ PSMS တခုတည်းသာမက တခြား ဒစ်ဂျစ်တယ်စောင့်ကြည့်ရေး စနစ်တွေကိုလဲ ပေါင်းစပ်အသုံးပြုနေပါတယ်။

MAPPS (Myanmar Advanced Passenger Processing System)
လေကြောင်းခရီးသည်များ၏ အချက်အလက်များကို ကြိုတင်စိစစ်ရန် အသုံးပြုခြင်း
GLMS (Guest List Management System)
ဟိုတယ်နှင့် တည်းခိုခန်းများမှ ဧည့်စာရင်းများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ခြင်း
NSIMS (National Service Information Management System)
စစ်မှုထမ်းဆင့်ခေါ်မှုနှင့် ဆက်စပ်၍ လူငယ်များ၏ သွားလာမှုကို ထိန်းချုပ်ခြင်း

ဒီစနစ်တွေအားလုံးဟာ စုစည်းထားတဲ့ မှတ်တမ်း Database တခုအပေါ် အခြေခံပြီး အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်နေတာ ထိရောက်အောင်မြင်တဲ့ ရလဒ်တွေ ထွက်ပေါ်နေခဲ့လို့ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ အသုံးပြုလာတာပဲ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ပထမ လေးလပတ်အတွင်းမှာ ဒီစနစ်တွေကို အသုံးပြုပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လူဦးရေ ၁၆၅၇ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စစ်တပ်ဟာ အခုနောက်ပိုင်းမှာ သမားရိုးကျ လုံခြုံရေး စောင့်ကြည့်တဲ့ နည်းလမ်းတွေအပြင် ဒစ်ဂျစ်တယ်နည်းပညာတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့တာကို တွေ့ရပါတယ်။ တဖက်မှာလဲ လက်ကိုင်ဖုန်းတွေ၊ SIM Card တွေကို မှတ်ပုံတင်ဖို့ လုပ်ဆောင်ရင်း စောင့်ကြည့်ထိန်းချုပ်ရေးတွေအတွက် အချက်အလက်တွေ စုဆောင်းနိုင်ခဲ့ပါတယ်။

တော်လှန်ရေးအုပ်စုတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ပိုမိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုတခုက အရှိန်အဟုတ် ရလာနေတာဟာ တော်လှန်ရေးအတွက် ဆူးတချောင်းဖြစ်လာနိုင်ကြောင်း အားလုံးက သုံးသပ်လျက်ရှိပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed