BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ကလေးငယ်တွေရဲ့ ဦးနှောက်မှာဘာသာစကားနဲ့လူမှုဆက်ဆံရေး နားလည်မှုစနစ်တွေကအစကတည်းက သီးခြားစီတည်ရှိနေဟု သုတေသနအသစ်ဆို

ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကလေးငယ်တွေ ပုံပြင်တပုဒ် နားထောင်တဲ့အခါ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို နားလည်ရုံတင်မကဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ ယုံကြည်ချက်တွေကိုပါ စိတ်ကူးပုံဖော်နိုင်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီစွမ်းရည်နှစ်ခုကို “ ဘာသာစကား” နဲ့ “ သူတပါးရဲ့ စိတ်အခြေအနေကို နားလည်နိုင်စွမ်း လို့ ခေါ်ဆိုပါတယ်။ အရင်ကတော့ သိပ္ပံပညာရှင်တွေဟာ ကလေးတွေရဲ့ဦးနှောက်မှာ ဒီစနစ်နှစ်ခုဟာ အစပိုင်းမှာ ရောထွေးနေပြီး ကြီးပြင်းလာမှသာ သီးခြားစီ ကွဲထွက်သွားတာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ် ရဲ့ သုတေသနအသစ်ကတော့ ဒီစနစ်နှစ်ခုဟာ အသက် ၃ နှစ်အရွယ်ကတည်းက သီးခြားစီ ကွဲပြားစွာ တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ သုတေသနအဖွဲ့ဟာ အသက်…

ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကလေးငယ်တွေ ပုံပြင်တပုဒ် နားထောင်တဲ့အခါ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို နားလည်ရုံတင်မကဘဲ ဇာတ်ကောင်တွေရဲ့ ခံစားချက်နဲ့ ယုံကြည်ချက်တွေကိုပါ စိတ်ကူးပုံဖော်နိုင်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီစွမ်းရည်နှစ်ခုကို “ ဘာသာစကား” နဲ့ “ သူတပါးရဲ့ စိတ်အခြေအနေကို နားလည်နိုင်စွမ်း လို့ ခေါ်ဆိုပါတယ်။

အရင်ကတော့ သိပ္ပံပညာရှင်တွေဟာ ကလေးတွေရဲ့ဦးနှောက်မှာ ဒီစနစ်နှစ်ခုဟာ အစပိုင်းမှာ ရောထွေးနေပြီး ကြီးပြင်းလာမှသာ သီးခြားစီ ကွဲထွက်သွားတာလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ် ရဲ့ သုတေသနအသစ်ကတော့ ဒီစနစ်နှစ်ခုဟာ အသက် ၃ နှစ်အရွယ်ကတည်းက သီးခြားစီ ကွဲပြားစွာ တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

သုတေသနအဖွဲ့ဟာ အသက် ၃ နှစ်ကနေ ၉ နှစ်အတွင်းရှိ ကလေးငယ် ၄၂ ဦးရဲ့ ဦးနှောက်ကို MRI စက်နဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကလေးတွေ စိတ်အေးလက်အေး ရှိစေဖို့အတွက် အစမ်းလေ့ကျင့်မှုတွေ လုပ်ဆောင်ပေးခဲ့သလို၊ စစ်ဆေးနေစဉ်အတွင်းမှာလည်း လူမှုဆက်ဆံရေးဆိုင်ရာ စဉ်းစားမှုတွေကို လှုံ့ဆော်ပေးမယ့် ကာတွန်းကားတွေ ကြည့်ရှုစေတာ၊ စကားပြောသံတွေကို နားထောင်စေတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။

အသက် ၃ နှစ်အရွယ်မှာတင် ဘာသာစကားဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေဟာ စကားပြောသံတွေကိုသာ တုံ့ပြန်ပြီး၊ လူမှုဆက်ဆံရေးဆိုင်ရာ အစိတ်အပိုင်းတွေကတော့ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို နားလည်ဖို့အတွက်သာ တုံ့ပြန်တာကို တွေ့ရှိရပါတယ်။

ကလေးတွေ ကြီးပြင်းလာတာနဲ့အမျှ ဒီစနစ်နှစ်ခုဟာ ပိုပြီးကွဲထွက်သွားတာမျိုး မဟုတ်ဘဲ အစကတည်းက ရှိနေတဲ့ သီးခြားစီပုံစံအတိုင်း တည်ငြိမ်စွာ ဆက်ရှိနေတာ ဖြစ်ပါတယ်။ တနှစ်အကြာမှာ ပြန်လည်စစ်ဆေးတဲ့အခါမှာလည်း ဒီရလဒ်က ပြောင်းလဲခြင်း မရှိပါဘူး။

ဘာသာစကားစနစ်ဟာ ဦးနှောက်ရဲ့ ရှေ့ပိုင်းနဲ့ လှုပ်ရှားမှုဆိုင်ရာ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားပြီး၊ လူမှုဆက်ဆံရေးစနစ်ကတော့ စိတ်ပိုင်းဆိုင်ရာ စဉ်းစားမှုတွေနဲ့ ဆက်စပ်နေတဲ့ အစိတ်အပိုင်းတွေနဲ့သာ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။

ဒီရှာဖွေတွေ့ရှိချက်ဟာ ကလေးသူငယ် ဖွံ့ဖြိုးမှုဆိုင်ရာ နားလည်မှုတွေကို ပြောင်းလဲစေပါတယ်။ ဘာသာစကား ကျွမ်းကျင်ရုံနဲ့ လူမှုဆက်ဆံရေး နားလည်မှု အားကောင်းမယ်လို့ မဆိုလိုသလို၊ စကားပြောနောက်ကျတဲ့ ကလေးတဦးဟာလည်း သူတပါးရဲ့ ခံစားချက်ကို နားလည်နိုင်စွမ်း အားနည်းတယ်လို့ ကောက်ချက်ချလို့ မရပါဘူး။

ဦးနှောက်ဟာ စကားလုံးတွေကို နားလည်ဖို့နဲ့ လူတွေကို နားလည်ဖို့အတွက် လုပ်ဆောင်ချက်စနစ် နှစ်ခုကို အစကတည်းက ယှဉ်တွဲပြီး သီးခြားစီ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီသုတေသနကို Communications Biology ဂျာနယ်မှာ ဖော်ပြထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed