BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်တွေအပေါ် မြန်မာပြည်သူတွေ အလွန်အမင်း စိုးရိမ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ သတိပေး

ဧပြီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၂၀၂၆ ခုနှစ် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို သတိပေးလိုက်ပါတယ်။

သံအမတ်ကြီးက ပြောတဲ့အထဲမှာ အခုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုနဲ့ နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံကြီးတနိုင်ငံ တို့ကြား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာနေတာကို မြန်မာပြည်သူတွေက “အလွန်အမင်း စိုးရိမ်နေကြတယ်” လို့ ထည့်ပြောသွားပါတယ်။ အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေကို လက်နက်လုပ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းတဲ့နေရာမှာပဲ သုံးပါမယ်ဆိုတာကို ယုံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူက ထောက်ပြပါတယ်။

စစ်အုပ်စုကို နျူကလီးယားကိစ္စမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် သတ်မှတ်ဖို့ မဖြစ်နိုင်ဘဲ အာဆီယံ ဘုံသဘောတူညီချက်တွေနဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကိုလည်း အမြဲချိုးဖောက်နေတယ်လို့ဆိုပါတယ်။ စစ်အုပ်စုဟာ အရင်က ဓာတုလက်နက် အစီအစဉ်တွေကို ဖုံးကွယ်ခဲ့ဖူးတာကြောင့် နျူကလီးယားကိစ္စမှာလည်း ပွင့်လင်းမြင်သာမှု ရှိမှာမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

နျူကလီးယားလက်နက်တွေကို လုံးဝဖျက်သိမ်းတာကသာ အကောင်းဆုံး အာမခံချက်ဖြစ်တယ်လို့ သံအမတ်ကြီးက အတည်ပြုခဲ့ပြီး စစ်အုပ်စုဆီကို လက်နက်တွေ၊ ဂျက်လောင်စာဆီနဲ့ နည်းပညာတွေ စီးဆင်းနေတာကို ချက်ချင်း ဖြတ်တောက်ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီ ပြန်ရလာတဲ့အခါ၊ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်တဲ့အချိန်မှသာ နျူကလီးယား အပါအဝင် ဘယ်လို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကိုမဆို ပေးသင့်ပါတယ်။

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခွင့်ရှိပေမယ့် မသမာသူတွေ လက်ထဲရောက်ပြီး အလွဲသုံးစား မလုပ်နိုင်ဖို့ IAEA ရဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်တယ်လို့လည်း သံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed