BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ထောင် ပြောင်းလိုက်တာကို ထိုင်းအစိုးရ ကြိုဆို ၊ အာဆီယံနဲ့ မြန်မာကြား တဆင့်ချင်း ထိတွေ့ဆက်ဆံမှုကို ထောက်ခံ

မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ထောင် ပြောင်းရွှေ့လိုက်တဲ့အပေါ် ထိုင်းအစိုးရက ကြိုဆိုလိုက်ပြီး ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အာဆီယံနဲ့ မြန်မာနိုင်ငံကြားမှာလည်း တဆင့်ချင်း ပြန်လည်ထိတွေ့ဆက်ဆံသွားဖို့ ထောက်ခံတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒိရက် က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာဟာ တိုးတက်မှုတခုကို ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံအဖွဲ့အတွင်းမှာ “ သင့်တော်တဲ့ တဆင့်ချင်း ထိတွေ့ဆက်ဆံမှုတွေ” ဖြစ်လာအောင် ထိုင်းနိုင်ငံက ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက ထိုင်းဒုသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးစီဟာဆက် ဖုန်းကေထောင်းဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲ့ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်လုံခြုံရေးနဲ့ မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ကိစ္စတွေကို အပြုသဘောဆောင် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာပဲ စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ နောက်ထပ် ကောင်းမွန်တဲ့ အစီအမံတွေလည်း ဆက်ပြီးရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို ထုတ်ပြန်ထားပြီး အဲ့ဒီအချက်တွေက မြန်မာနှစ်သစ်ကူးကာလမှာ သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာကို ကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့သွားဖို့ တိုက်တွန်းထားတဲ့ အချက်ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်တာအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ထိုင်းနိုင်ငံက ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက်လည်း ထိုင်းနိုင်ငံနဲ့ အာဆီယံတို့က မြန်မာနိုင်ငံနဲ့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့အပေါ် ထိုင်းအစိုးရက ကြိုဆိုလိုက်ပြီး ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုတခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် အာဆီယံနဲ့ မြန်မာနိုင်ငံကြားမှာလည်း တဆင့်ချင်း ပြန်လည်ထိတွေ့ဆက်ဆံသွားဖို့ ထောက်ခံတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒိရက် က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာဟာ တိုးတက်မှုတခုကို ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာဆီယံအဖွဲ့အတွင်းမှာ “ သင့်တော်တဲ့ တဆင့်ချင်း ထိတွေ့ဆက်ဆံမှုတွေ” ဖြစ်လာအောင် ထိုင်းနိုင်ငံက ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက ထိုင်းဒုသမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးစီဟာဆက် ဖုန်းကေထောင်းဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲ့ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်လုံခြုံရေးနဲ့ မဲဆောက်-မြဝတီ နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ကိစ္စတွေကို အပြုသဘောဆောင် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာပဲ စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ နောက်ထပ် ကောင်းမွန်တဲ့ အစီအမံတွေလည်း ဆက်ပြီးရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို ထုတ်ပြန်ထားပြီး အဲ့ဒီအချက်တွေက မြန်မာနှစ်သစ်ကူးကာလမှာ သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာကို ကြိုဆိုပြီး ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့သွားဖို့ တိုက်တွန်းထားတဲ့ အချက်ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်တာအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ထိုင်းနိုင်ငံက ကူညီပေးဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက်လည်း ထိုင်းနိုင်ငံနဲ့ အာဆီယံတို့က မြန်မာနိုင်ငံနဲ့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed