BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ဂျာမနီက အမေရိကန်တပ်တွေ ရုပ်သိမ်းမယ်လို့ ထရမ့် ခြိမ်းခြောက် ဥရောပလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာ

မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျာမနီမှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တာကြောင့် ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနေပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက တည်ရှိလာခဲ့တဲ့ ဥရောပလုံခြုံရေး အခြေခံအုတ်မြစ်ကို ထရမ့်က အဆုံးသတ်ဖို့ လုပ်လိုက်တာပဲလို့ ဝေဖန်နေကြပါတယ်။

တကယ်တော့ ဂျာမနီမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃၆,၅၀၀ ကျော်ရှိနေတာကြောင့် ၅,၀၀၀ ရုပ်သိမ်းတာဟာ အရေအတွက်အရ သိပ်မများပေမယ့် ပေးလိုက်တဲ့ သတင်းစကားကတော့ တော်တော်လေး ပြင်းထန်ပါတယ်။ အထူးသဖြင့် အီရန်နဲ့စစ်ပွဲမှာ အမေရိကန်ရဲ့ ဗျူဟာမရှိပုံကို ဂျာမနီအဓိပတိက ဝေဖန်ခဲ့ပြီးနောက်မှာ ထရမ့်ဘက်က ခုလို စိတ်လိုက်မာန်ပါ တုံ့ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ထရမ့်ရဲ့ ဒီလုပ်ရပ်အပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲက ရီပတ်ဘလစ်ကန် အမတ်တွေကတောင် မကျေမနပ် ဖြစ်နေကြပါတယ်။ “ ဒါဟာ ဗလာဒီမာ ပူတင်ကို မှားယွင်းတဲ့ သတင်းစကား ပေးလိုက်တာပဲ၊ ရုရှားကို ဟန့်တားနိုင်စွမ်း လျော့သွားလိမ့်မယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြပါတယ်။

ဒါ့အပြင် ဥရောပနိုင်ငံတွေအတွက် ပိုပြီး စိုးရိမ်စရာဖြစ်နေတာက ယူကရိန်းအတွက် မှာထားတဲ့ လက်နက်တွေကို အမေရိကန်က အရှေ့အလယ်ပိုင်းကို ဦးစားပေး ပို့နေတာကြောင့် လက်နက်ရဖို့ ကြန့်ကြာနေတာပဲ ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်ကိုပဲ အားမကိုးတော့ဘဲ ကိုယ်ပိုင်ကာကွယ်ရေးစနစ်ကို အမြန်ဆုံး တည်ဆောက်ဖို့ လိုနေပြီလို့ သတိပေးနေကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed