BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

လယ်ဒိုမြို့နယ်တွင် စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀ ဦး သေဆုံး

၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက် | Burma Independent Voice

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ ၃၀ ဦး သေဆုံးခဲ့ရတယ်လို့ ကေအဲန်ယူ-ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က လယ်ဒိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခမရ-၂၀၊ ခလရ-၂၆၄ နဲ့ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းဟာ ရေတွင်းကုန်းကျေးရွာအုပ်စုက အပြစ်မဲ့အရပ်သားပြည်သူ ၁၆၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

မတ်လ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေကိုသုံးပြီး ရေတွင်းကုန်းရွာအုပ်စုအတွင်း ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲက ၂၅ ဦးခန့် ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေအပြင် တခြားပြည်သူ ၅ ဦးမှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ရိုက်ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို တနိုင်ငံလုံးအနှံ့ ကျူးလွန်နေတာဖြစ်တယ်လို့ ကေအဲန်ယူ-ဗဟိုက က ပြောပါတယ်။ အတုအယောင်ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ကာလတွေကစလို့ အခုနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပိုမိုပြင်းထန်စွာ ကျူးလွန်လာနေတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ ထိခိုက်သေဆုံးသူတွေရဲ့ စာရင်းအတိအကျကို ကေအဲန်ယူဘက်က ဆက်လက်စိစစ်နေဆဲဖြစ်ပြီး အတည်ပြုချက်ရတာနဲ့အမျှ အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed