BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

PDF တွေရဲ့ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ဟာကွက်တွေကို ပြုပြင်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော ၊ လတ်တလောအခြေအနေတွေအပေါ် ပြည်သူတွေ စိတ်ဓါတ်မကျဖို့ တိုက်တွန်း

မေ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တော်လှန်ရေးကာလ ၅ နှစ်တာ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ PDF တွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဟာကွက်တွေကို ပြုပြင်ထိန်းကျောင်းသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် တော်လှန်ပြည်သူများထံသို့ ပေးပို့သော (၅) နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။ “(၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတခုထိ ထိခိုက်စေခဲ့သည့် အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားမည် မဟုတ်ပါ။…

မေ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

တော်လှန်ရေးကာလ ၅ နှစ်တာ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ PDF တွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဟာကွက်တွေကို ပြုပြင်ထိန်းကျောင်းသွားမယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် တော်လှန်ပြည်သူများထံသို့ ပေးပို့သော (၅) နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။

“(၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတခုထိ ထိခိုက်စေခဲ့သည့် အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားမည် မဟုတ်ပါ။ ဤအချက်များအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေရန်၊ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာရန်နှင့် တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိသည့် တပ်မတော်ဖြစ်လာစေရန် ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်” ကာကွယ်ရေးဝန်ကြီးက သဝဏ်လွှာအတွင်း ထည့်သွင်းပြောပါတယ်။

မြေပြင်စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများရှိနေခြင်းက “ စစ်ရေးသဘာဝ” သာဖြစ်တယ်လို့ ကာကွယ်ဝန်ကြီးက ဆိုပါတယ်။ ဒါပေမယ့်လည်း  တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ “ ပြည်သူ့စစ်မဟာဗျူဟာ” ကို ဆက်လက်ကျင့်သုံးသွားမယ်လို့လည်း အသိပေးပါတယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ သဝဏ်လွှာအတွင်း နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် အသက်နဲ့ ခန္ဓာကို ပေးဆပ်စွန့်လွှတ်သွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်း ရဲဘော်တွေကို ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘူးလို့ ပြောဆိုထားသလို၊ အခုအချိန်ထိ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးမှာ အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ပွဲဝင်နေကြဆဲဖြစ်တဲ့ ရဲဘော်ရဲဘက်တွေရဲ့ ကြီးမြတ်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း အထူးအလေးအမြတ်ပြုတယ်လို့ ဆိုပါတယ်။

လက်နက်မဲ့ ဆန္ဒပြပွဲတွေကနေ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖြစ် ပြောင်းလဲလာနိုင်ခြင်းက ပြည်သူတွေရဲ့ သမိုင်းဝင် ကြိုးပမ်းမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ပြည်သူများအနေနဲ့  လတ်တလော အခြေအနေ တွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင်ကို မရောက်မချင်း ဇွဲမလျှော့စတမ်းနဲ့ ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြဖို့လည်း သဝဏ်လွှာအတွင်းမှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed