BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ချင်းတိုင်းရင်းသား ဂျိုရှူအာဗန် တတ်ဆူရိုတိုင်ရာ ကို ၅ ချီမြောက်မှာ အလဲထိုး အနိုင်ယူပြီးချန်ပီယံခါးပတ်ကို ကာကွယ်

မေ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှူအာဗန် ဟာ နယူးဂျာစီပြည်နယ်၊ Newark မြို့မှာ ကျင်းပခဲ့တဲ့ UFC 328 ပွဲစဉ်မှာ ဂျပန်ဖိုက်တာ တတ်ဆူရိုတိုင်ရာ အလဲထိုးပြီး သူ့ရဲ့ချန်ပီယံခါးပတ်ကို အောင်အောင်မြင်မြင် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပထမအချီမှာ တိုင်းရားက ဂျိုရှူအာဗန်ကို မြေပြင်ချုပ်ကွက်တွေနဲ့ ဖိအားပေးနိုင်ခဲ့ပြီး လေးကြိမ်တိုင်တိုင် လှဲချနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုရှူအာဗန်က ပြန်ထနိုင်ခဲ့သလို လက်သီးချက်တချို့နဲ့လည်း ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ တိုင်ရာက မြေပြင်ကစားကွက်နဲ့ပဲ အချိန်ဆွဲဖို့ ကြိုးစားခဲ့တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ အချီပြီးခါနီးမှာတော့ ဂျိုရှူအာဗန်က တိုင်းရားကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့ပြီး တိုင်းရားတစ်ယောက် ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပါတယ်။

တတိယအချီမှာ ဂျိုရှူအာဗန်က တိုင်းရားရဲ့ လှဲချဖို့ ကြိုးစားမှုတွေကို ဖယ်ရှားပြီး သွေးချင်းချင်းနီအောင် ထိုးနှက်ခဲ့ပါတယ်။ တိုင်ရာကတော့ ဒီဒဏ်တွေကို ကြံ့ကြံ့ခံပြီး ပွဲပြီးခါနီးမှာ မြေပြင်ချုပ်ကွက်နဲ့ ပြန်လည်ခုခံခဲ့ပါသေးတယ်။

ပဉ္စမအချီအစမှာပဲ ဂျိုရှူအာဗန်က တိုင်ရာရဲ့ ဝမ်းဗိုက်ကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့ပြီး နောက်ဆက်တွဲ ထိုးချက်တွေကြောင့် ဒိုင်လူကြီးက ပွဲကို ရပ်နားလိုက်ပြီး ဂျိုရှူအာဗန်ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက UFC 323 မှာ ပန်တိုဂျာ ကို အနိုင်ရပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။ အဲဒီတုန်းက ပြိုင်ဘက်ရဲ့ တံတောင်ဆစ်အဆစ်လွဲသွားတာကြောင့် ကံကောင်းပြီး ချန်ပီယံဖြစ်လာတာလို့ ဝေဖန်ခံခဲ့ရပေမဲ့ အခု တိုင်းရားကို အပြတ်အသတ် အနိုင်ယူပြလိုက်တာကြောင့် သူ့ရဲ့ ချန်ပီယံအရည်အသွေးကို သက်သေပြနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed