BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဘန်ကောက်မြို့က လူသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ရထားလမ်းကူးမတော်တဆမှုမှာ ဘတ်စ်ကားဒရိုင်ဘာနဲ့ ရထားမောင်းသူနှစ်ဦးလုံးကို အမှုဖွင့်အရေးယူ

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ပြီးခဲ့တဲ့ စနေနေ့မွန်းလွဲပိုင်းက လူသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကားတိုက်မိမှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ ဘတ်စ်ကားဒရိုင်ဘာရော၊ ကုန်တင်ရထားမောင်းသူကိုပါ လူသေဆုံးစေမှု ဖြစ်စေတဲ့ “ ပေါ့ဆစွာ မောင်းနှင်မှု” နဲ့ ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူလိုက်ပါတယ်။ အမှုဖွင့်ခံရသူတွေကတော့ လိုင်းနံပါတ် ၂၀၆ ဘတ်စ်ကားမောင်းသူ အသက် ၄၆ နှစ်အရွယ် စယွန်ပွန် ဆွန်ကူ နဲ့ လာမ်ချာဘန်း-ဘန်ဆူး ကုန်တင်ရထားအမှတ် ၂၁၂၆ ကို မောင်းနှင်သူ အသက် ၅၆ နှစ်အရွယ် လာပစ် သောင်ဘွန် တို့ ဖြစ်ပါတယ်။ အဆိုပါ တိုက်မိမှုဟာ စနေနေ့မွန်းလွဲ ၃ နာရီ ၄၁…

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ပြီးခဲ့တဲ့ စနေနေ့မွန်းလွဲပိုင်းက လူသေဆုံးမှုဖြစ်ပွားခဲ့တဲ့ ရထားနဲ့ ဘတ်စ်ကားတိုက်မိမှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတဲ့ ဘတ်စ်ကားဒရိုင်ဘာရော၊ ကုန်တင်ရထားမောင်းသူကိုပါ လူသေဆုံးစေမှု ဖြစ်စေတဲ့ “ ပေါ့ဆစွာ မောင်းနှင်မှု” နဲ့ ဘန်ကောက်ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူလိုက်ပါတယ်။

အမှုဖွင့်ခံရသူတွေကတော့ လိုင်းနံပါတ် ၂၀၆ ဘတ်စ်ကားမောင်းသူ အသက် ၄၆ နှစ်အရွယ် စယွန်ပွန် ဆွန်ကူ နဲ့ လာမ်ချာဘန်း-ဘန်ဆူး ကုန်တင်ရထားအမှတ် ၂၁၂၆ ကို မောင်းနှင်သူ အသက် ၅၆ နှစ်အရွယ် လာပစ် သောင်ဘွန် တို့ ဖြစ်ပါတယ်။

အဆိုပါ တိုက်မိမှုဟာ စနေနေ့မွန်းလွဲ ၃ နာရီ ၄၁ မိနစ်အချိန်က ဟွေခွမ် ခရိုင်၊ အဆုတ်-ဒင်ဒန်း လမ်းပေါ်ရှိ ရထားလမ်းကူးတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ မီးပွိုင့်မိနေလို့ ရထားလမ်းပေါ်မှာ တန်းစီရပ်ထားတဲ့ ဘတ်စ်ကားကို ကုန်တင်ရထားက ဝင်တိုက်မိခဲ့တာဖြစ်ပြီး၊ အဲဒီနောက် ဘတ်စ်ကား မီးလောင်ကျွမ်းခဲ့တာကြောင့် လူ ၈ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့သလို အနီးနားက ယာဉ်အများအပြားလည်း ပျက်စီးခဲ့ရပါတယ်။

ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စိတ္ထီဖန်း ကတော့ ရထားလမ်းကူးပေါ်မှာ ကားတွေပိတ်ပြီး ရပ်နေကြတာကြောင့် ရထားလမ်းပိတ်အတားအဆီးတံခါး ကို အောက်ချလို့မရဘဲ ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ ဥပဒေအရ ရထားလမ်းကူးတွေပေါ်မှာရော၊ လမ်းကူးရဲ့ ၅ မီတာပတ်လည်အတွင်းမှာပါ ဘယ်ယာဉ်မှ မရပ်တန့်ရဘူးလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

စနေနေ့ညနှောင်းပိုင်းမှာတော့ ဝန်ကြီးချုပ် အနုတင် က အခင်းဖြစ်ပွားရာနေရာဆီ လာရောက်စစ်ဆေးခဲ့ပြီး ရထားလမ်းကူးမှာ အခုလို ကားတွေပိတ်မိနေတာကို ရထားဝန်ထမ်းတွေဘက်က ရထားမောင်းသူဆီ ဘာလို့ ကြိုတင်သတိပေးတာမျိုး မလုပ်ခဲ့လဲဆိုတာ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလမ်းပိုင်းဟာ အမြဲတမ်း ယာဉ်ကြောပိတ်ဆို့မှု အလွန်များပြားတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာတော့ ပျက်စီးသွားတဲ့ ယာဉ်အပျက်အစီးတွေကို ရှင်းလင်းပြီး ရထားကိုလည်း ရွှေ့ဆိုင်းလိုက်ပြီဖြစ်တာကြောင့် စနေနေ့ညဉ့်နက်ပိုင်းမှာ လမ်းတွေကို ပြန်ဖွင့်ပေးနိုင်ခဲ့ပါပြီ။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာတော့ သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းစည်းတွေ လာရောက်ချထားကြတာကို တွေ့ရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed