BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

PSLF/TNLA က မင်းအောင်လှိုင်ကို ဂုဏ်ပြုသဝဏ်လွှာပို့မှုကိုတအောင်းအရပ်ဖက်အဖွဲ့စည်းတွေကန့်ကွက်

ဧပြီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

PSLF/TNLA အနေနဲ့ အကြမ်းဖက် မင်းအောင်လှိုင်ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်းက တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ယက် – TCSN နဲ့ တအာင်းပြည်သူလူထုတို့ရဲ့ နိုင်ငံရေးမျှော်မှန်းချက်၊ ရပ်တည်ချက်တွေနဲ့ လုံးဝဆန့်ကျင်နေတယ်လို့ TCSN က ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

“ လက်ရှိ PSLF/TNLA ခေါင်းဆောင်များမှ ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကို ကိုယ်ချင်းစာ နားလည်ပေးနိုင်သော်လည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အား ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခြင်းသည် PSLF/TNLA ၏ အခြေအနေအရ နိုင်ငံရေးရပ်တည်ချက်သာဖြစ်ပြီး TCSN နှင့် ပြည်သူများ၏ နိုင်ငံရေးရပ်တည်ချက်မဟုတ်ကြောင်း အသိပေးပြောကြားလိုပါသည်။ ” လို့ TCSN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာရယူရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာထား၊ ပြည်သူများတွေကိုသတ်ဖြတ်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် TCSN အနေနဲ့ PSLF/TNLA ထံကို အချက် (၃) ချက်ကို တောင်းဆိုထားပြီး အဲ့ဒီ တောင်းဆိုချက်အတွင်း အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့များနှင့် ပူးပေါင်းဆက်သွယ်ခြင်းနှင့် ဂုဏ်ပြုခြင်းကိစ္စရပ်များကို ချက်ခြင်းရပ်တန့် ပေးပါရန်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။  

လက်ရှိတအာင်းဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် CDM များ၊ တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေနဲ့ ဒဏ်ရာရနေတဲ့ ရဲဘော်တွေအပါအဝင် ပြည်သူလူထုရဲ့ မျက်နှာများကို ထောက်ထားပြီး တော်လှန်ရေး လမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြန်လည်ရပ်တည်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင်  ပြည်သူတွေရဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ပြီး မတူကွဲပြားမှုတွေက ငြိမ်းချမ်းတဲ့ လူ့ဘောင်အဖွဲ့အစည်းတည်ဆောက်သွားဖို့လည်း တိုက်တွန်းထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed