BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

အမေရိကန်-အီရန် စစ်ပွဲကြောင့် စက်သုံးဆီစျေးနှုန်းများ ရိုက်ခတ်မှုရှိနေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဇွန် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ယနေ့အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါတင်မကဘဲ ပြင်ပစီးပွားရေး အခြေအနေတွေ မကောင်းမွန်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလက စတင်ခဲ့တဲ့ ယခုဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကိုလည်း ကမ္ဘာ့ဘဏ်က လျှော့ချသတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတာဖြစ်ပြီး ငါးနှစ်တာကာလအတွင်း မတည်ငြိမ်မှုတွေနဲ့အတူ လူဦးရေ ၅၀ သန်းကျော်ထဲက ပြည်သူအများအပြားဟာ ဆင်းရဲမွဲတေမှုတွင်းထဲကို ပြန်လည်ကျဆင်းသွားခဲ့ရပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံဟာ စက်သုံးဆီ…

ဇွန် ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံမှာ အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က ယနေ့အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါတင်မကဘဲ ပြင်ပစီးပွားရေး အခြေအနေတွေ မကောင်းမွန်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလက စတင်ခဲ့တဲ့ ယခုဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကိုလည်း ကမ္ဘာ့ဘဏ်က လျှော့ချသတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတာဖြစ်ပြီး ငါးနှစ်တာကာလအတွင်း မတည်ငြိမ်မှုတွေနဲ့အတူ လူဦးရေ ၅၀ သန်းကျော်ထဲက ပြည်သူအများအပြားဟာ ဆင်းရဲမွဲတေမှုတွင်းထဲကို ပြန်လည်ကျဆင်းသွားခဲ့ရပါတယ်။

တရားဝင် ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံဟာ စက်သုံးဆီ ၉၀ ရာခိုင်နှုန်းအထိ ပြည်ပကနေ တင်သွင်းနေရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ အမေရိကန်-အီရန် စစ်ပွဲစတင်ချိန်ကတည်းက ပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားပြဿနာရဲ့ ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ တနှစ်နှစ်ကြိမ်ထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ (Myanmar Economic Monitor) အရ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတင် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၄.၆ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ အဲ့ဒီအပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မြန်မာ့စီးပွားရေး တိုးတက်မှု မျှော်မှန်းချက်ကိုလည်း အစောပိုင်းက ၃ ရာခိုင်နှုန်း ခန့်မှန်းခဲ့ရာကနေ အခုအခါ ၂ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ပါတယ်။ မြန်မာ့စီးပွားရေးဟာ “ နိမ့်ကျတဲ့အခြေအနေတခုမှာပဲ ငြိမ်သက်နေပြီး” စက်သုံးဆီစျေးနှုန်း ရိုက်ခတ်မှုတွေက နဂိုရှိရင်းစွဲ ရာစုနှစ်ချီ အခြေခံဆောက်တည်ပုံ အားနည်းချက်တွေကို ပိုမိုကြီးထွားလာစေတဲ့အတွက် ရှေ့အလားအလာဟာ ပိုပြီးတော့ ထိခိုက်လွယ်နေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆင့်မြင့်စီးပွားရေးပညာရှင် ကီမို မန်ဆာရေးက “ စက်သုံးဆီစျေးနှုန်း ရိုက်ခတ်မှုတွေကြောင့် ကုန်စျေးနှုန်း ကြီးမြင့်မှု ဖိအားတွေ ပြန်လည်ဦးမော့လာပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား လျော့ကျသွားတာကို ဆိုလိုတာဖြစ်ပြီး အခြေခံလူတန်းစား ပြည်သူတွေဟာ နဂိုကတည်းက ဆင်းရဲမွဲတေမှုနှုန်း မြင့်မားပြီး ရုန်းကန်နေရတာ ဖြစ်ပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်အထိ ၁၂ လတာ ကာလအတွင်းမှာတင် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၁.၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၉.၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ် မတိုင်ခင် အခြေအနေထက် အဆမတန် မြင့်မားနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့က အသက် ၂၈ နှစ်အရွယ် ဖခင်တဦးက “ ကျနော်တို့က အစားအသောက်အတွက်တင် အနိုင်နိုင် ရုန်းကန်နေရတာကြောင့် ကလေးတွေကို ကျောင်းမထားနိုင်တော့ပါဘူး။ အိမ်မှာ ကျောင်းနေရွယ် ကလေး ၃ ယောက်ရှိပါတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုဘဲ ရင်ဖွင့်ထားပါတယ်။ အလားတူ ရန်ကုန်မြို့က အသက် ၄၅ နှစ်အရွယ် ဆိုင်ရှင်အမျိုးသမီးတဦးကလည်း ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကြောင့် စီးပွားရေးရော မိသားစုပါ အကျပ်ရိုက်နေကြောင်း “ ဝင်ငွေနဲ့ ထွက်ငွေက မမျှဘူး။ နေ့တိုင်းကို အနိုင်နိုင် ဖြတ်သန်းနေရတာ။ စျေးနှုန်းတွေက တက်ပဲတက်တယ်၊ ဘယ်တော့မှ ပြန်မကျဘူး။ အခုဆို ဘယ်လောက်ပဲ ရှာရှာ မလောက်ငတော့ဘူး” လို့ အမည်မဖော်လိုဘဲ ပြောပါတယ်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ အဆိုအရ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ အာရှဒေသကို အဆိုးရွားဆုံး ထိခိုက်စေခဲ့တာဖြစ်ပြီး ရေလမ်းကြောင်းက ဖြတ်သန်းတဲ့ ရေနံ ၈ က် ရာခိုင်နှုန်းဟာ အာရှနိုင်ငံတွေကို ဦးတည်နေလို့ပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဝါရှင်တန်နဲ့ တီဟီရန်တို့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက် ရရှိခဲ့ပြီးနောက်ပိုင်း သင်္ဘောတွေဟာ ရေလက်ကြားကနေ ပြန်လည်ဖြတ်သန်းနေပြီဖြစ်ကာ လာမည့်သောကြာနေ့မှာ “ လုံးဝ (လုံးဝ) ပြန်ပွင့်သွားမှာ ဖြစ်တယ်” လို့ တနင်္လာနေ့က ပြောကြားထားပါတယ်။ သို့သော်လည်း အခုလို ပဋိပက္ခဒဏ်ကြောင့် ပျက်စီးသွားတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ကတော့ အချိန်အတော်ကြာ ဦးမှာဖြစ်တယ်လို့ စီးပွားရေးအကဲခတ်တွေက သတိပေးထားကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed