BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

စစ်အုပ်စုကို ပိတ်ဆို့ဖြတ်တောက်မယ့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်ကို ချက်ချင်းချမှတ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

ဇူလိုင် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာသိမ်း စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ စီးဆင်းနေမှုကို ထိရောက်စွာ ပိတ်ဆို့ဖြတ်တောက်မယ့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်ကို ချက်ချင်းချမှတ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ R2P ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ “အကာအကွယ်ပေးရန် တာဝန်ရှိမှု (R2P)” ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာလာတဲ့အထိ…

ဇူလိုင် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာဏာသိမ်း စစ်အုပ်စုထံ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက်အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ စီးဆင်းနေမှုကို ထိရောက်စွာ ပိတ်ဆို့ဖြတ်တောက်မယ့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အသစ်ကို ချက်ချင်းချမှတ်ပေးဖို့နဲ့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ R2P ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တောင်းဆိုလိုက်ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ “အကာအကွယ်ပေးရန် တာဝန်ရှိမှု (R2P)” ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာလာတဲ့အထိ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တို့လို သံတမန်ရေးရာ နည်းလမ်းတွေဟာ မြန်မာ့အရေးကို ဖြေရှင်းဖို့ လုံးဝမလုံလောက်ဘူးဆိုတာ မြေပြင်အခြေအနေတွေက သက်သေပြနေတယ်လို့ သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ရက်ပေါင်း ၇၀ အတွင်းမှာတင် စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ၁,၁၄၇ ကြိမ်နဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀ ကြိမ်အထိ ပိုမိုတိုးမြှင့်ကျူးလွန်လာခဲ့တယ်လို့ ဆိုပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဘယ်နိုင်ငံမဆို စစ်အုပ်စုနဲ့ မဆင်မခြင် ဆက်ဆံရေးတွေ ပြုလုပ်နေတာဟာ စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်ရာ ရောက်နေပြီး၊ ဒီလိုလုပ်ရပ်မျိုးတွေကို မြန်မာပြည်သူတွေအနေနဲ့ သမိုင်းမှာ နာကြည်းခါးသီးစွာ အမြဲမှတ်မိနေမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

နိုင်ငံတခုက မိမိပြည်သူကို ကာကွယ်ဖို့ ပျက်ကွက်နေချိန်မှာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မျက်ကွယ်ပြုမနေသင့်တော့ဘဲ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့လည်း ပြည်သူတွေအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ တရားစွဲအရာရှိရဲ့ လျှောက်ထားမှုအပေါ် အလေးအနက်ထား အမြန်ဆုံး ဆောင်ရွက်ပေးရမယ့် အချိန် ရောက်နေပြီဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed