BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ရေကြည်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးနေတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်အချို့ကို AA ထပ်မံချေမှုန်းတာမှာ ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

ဇူလိုင် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ပွိုင့် (၂၂၇) ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းရာမှာ အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ AA က ဇူလိုင် ၇ ရက်နေ့မှာ နောက်ဆက်တွဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေတုန်းက ရေကြည်မြို့နယ်ထဲက မြန်မာစစ်တပ်ရဲ့ ပွိုင့် (၂၂၇) ကာကင်းစခန်းကုန်းနှစ်ခုကို AA ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အထိနာပြီး ကစဉ့်ကလျား ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က…

ဇူလိုင် ၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ပွိုင့် (၂၂၇) ကာကင်းစခန်းကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေကို လိုက်လံချေမှုန်းရာမှာ အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ AA က ဇူလိုင် ၇ ရက်နေ့မှာ နောက်ဆက်တွဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေတုန်းက ရေကြည်မြို့နယ်ထဲက မြန်မာစစ်တပ်ရဲ့ ပွိုင့် (၂၂၇) ကာကင်းစခန်းကုန်းနှစ်ခုကို AA ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အထိနာပြီး ကစဉ့်ကလျား ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က နောက်ယောင်ခံ လိုက်လံချေမှုန်းခဲ့ရာကနေ ဇူလိုင်လ ၄ ရက်နေ့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့တာပါ။

ထိတွေ့တိုက်ပွဲအတွင်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းအချို့၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို AA ဘက်က ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်တပ်ဘက်က သူတို့လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ စခန်းကုန်းတွေနဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာဝန်းကျင်တွေကို ဂျက်တိုက်လေယာဉ်တွေ သုံးပြီး အကြိမ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာတွေကို ဆက်လက်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed