BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

အာဆာအဖွဲ့ကို ဖြိုခွဲဖို့ စစ်တပ်က မကြိုးစားခဲ့သလို အာဆာနဲ့ ပေါင်းပြီး အရက္ခတပ်တော်(AA) ကို စစ်တပ်က တိုက်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေ တရားရုံးမှာပြော

[ ICJ Report ] ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice မြန်စစ်တပ်ဟာ အာဆာအဖွဲ့ကို အပြီးသတ်ဖြိုခွဲဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို မြန်မာစစ်တပ်နဲ့ အာဆာပေါင်းပြီး အာရက္ခတပ်တော်(AA) ကို တိုက်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေ အာဆလန် ဆူလေမန်က တရားရုံးမှာ လျောက်လဲချက်ပေးရာမှာ ထည့်သွင်းပြောပါတယ်။ “ အာဏာပိုင်တွေဟာ ARSA ကို စောင့်ကြည့်နေပြီး အဖွဲ့ဝင်တွေကိုလည်း သိရှိနေတယ်ဆိုတာ လူသိရှင်ကြားပါပဲ။ သတင်းပေးတွေဆီကတဆင့် ARSA အဖွဲ့ဝင်တွေအကြောင်း သူတို့ သိရှိခဲ့ကြတာပါ။ အာဏာပိုင်တွေဟာ သတင်းပေးတွေဆီက အချက်အလက်တွေ ရရှိခဲ့ပေမဲ့ ARSA ကို ဖြိုခွဲဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အမြဲတမ်း နားမလည်နိုင်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့…

[ ICJ Report ]

ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice

မြန်စစ်တပ်ဟာ အာဆာအဖွဲ့ကို အပြီးသတ်ဖြိုခွဲဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို မြန်မာစစ်တပ်နဲ့ အာဆာပေါင်းပြီး အာရက္ခတပ်တော်(AA) ကို တိုက်ခဲ့တယ်လို့ ဂမ်ဘီယာရှေ့နေ အာဆလန် ဆူလေမန်က တရားရုံးမှာ လျောက်လဲချက်ပေးရာမှာ ထည့်သွင်းပြောပါတယ်။

“ အာဏာပိုင်တွေဟာ ARSA ကို စောင့်ကြည့်နေပြီး အဖွဲ့ဝင်တွေကိုလည်း သိရှိနေတယ်ဆိုတာ လူသိရှင်ကြားပါပဲ။ သတင်းပေးတွေဆီကတဆင့် ARSA အဖွဲ့ဝင်တွေအကြောင်း သူတို့ သိရှိခဲ့ကြတာပါ။ အာဏာပိုင်တွေဟာ သတင်းပေးတွေဆီက အချက်အလက်တွေ ရရှိခဲ့ပေမဲ့ ARSA ကို ဖြိုခွဲဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်အတွက် အမြဲတမ်း နားမလည်နိုင်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့ (အာဏာပိုင်တွေ) က ARSA ကို ဆက်လက်တည်ရှိခွင့်ပေးထားတာဟာ သူတို့တကယ်အလိုရှိတဲ့ ကျွန်တော်တို့ရဲ့ ကျေးရွာတွေကို တိုက်ခိုက်ပြီး လူသူကင်းမဲ့အောင် လုပ်ဖို့အတွက်ပဲလို့ ကျွန်တော် ယုံကြည်ပါတယ်” ဆိုတဲ့ သက်သေထွက်ဆိုချက်ကို ဂမ်ဘီယာရှေ့နေ ဆူလေမန် တရားရုံးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ဒီအချက်တွေအားလုံး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မြန်မာအစိုးရဟာ ကျွန်တော်တို့ကို အမြစ်ပြတ်သွားတဲ့အထိ ဆက်လက်နှိပ်စက်ညှင်းပန်းဖို့အတွက် ARSA ကို ဆင်ခြေတခုအနေနဲ့ တည်ရှိနေခွင့်ပေးထားတယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်” လို့ ရှေ့နေက ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ကို တိုက်ခိုက်တဲ့နေရာမှာ အာဆာနဲ့ ပူးပေါင်းခဲ့တယ်လို့လည်းသူက ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အာရက္ခတပ်တော် ကို တိုက်ခိုက်ရန်အတွက် ARSA နဲ့ မကြာသေးမီက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ငြင်းချက်ထုတ်မရသော သက်သေအထောက်အထားများကို ပထမအကျော့ ကြားနာစဉ်က တင်ပြခဲ့ပေမယ့် မြန်မာနိုင်ငံဘက်က နှုတ်ဆိတ်နေခဲ့တာဟာ သတိပြုဖွယ်ရာ ဖြစ်တယ်လို့ ဂမ်ဘီယာရှေ့နေ ဆူလေမန်ကပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းပြည်ပ သတင်းများတွင်လည်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ တပ်မတော် (ARA) စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဘူးသီးတောင်၊ မောင်တော နယ်စပ်တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) ကို တိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed