BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) တပ်ဖွဲ့ဝင်တွေ NUG အောက်ဝင်ရောက်မယ့် သဘောတူညီချက်နဲ့အတူ မင်းကင်း ပဋိပက္ခပြေလည်မှု ရရှိ

မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းမှာ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ရဲဘော်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒေသခံ ပအဖ၊ ပကဖ အဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ (မေ ၂၉ ရက်) မှာတော့ နှစ်ဖက်တာဝန်ရှိသူတွေ မြေပြင်မှာ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး (SRF) တပ်ဖွဲ့ဝင်တွေ NUG အောက်ဝင်ရောက်မယ့် သဘောတူညီချက်နဲ့အတူ နှစ်ဖက် သဘောတူညီချက် ရရှိခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကလေးခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများနဲ့ ကျောင်းသားတော်လှန်ရေးတပ်တော်…

မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းမှာ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ရဲဘော်အချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒေသခံ ပအဖ၊ ပကဖ အဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီကနေ့ (မေ ၂၉ ရက်) မှာတော့ နှစ်ဖက်တာဝန်ရှိသူတွေ မြေပြင်မှာ လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး (SRF) တပ်ဖွဲ့ဝင်တွေ NUG အောက်ဝင်ရောက်မယ့် သဘောတူညီချက်နဲ့အတူ နှစ်ဖက် သဘောတူညီချက် ရရှိခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကလေးခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများနဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ဒုခေါင်းဆောင်၊ နိုင်ငံရေးဌာနတာဝန်ခံနဲ့ အဖွဲ့ဝင်တွေ တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်ဦးနှစ်ဖက် ဆွေးနွေးချက်များအရ မင်းကင်းမြို့နယ်အဖွဲ့များမှ လက်ရှိဖမ်းဆီးထိန်းသိမ်းထားသော (SRF) ရဲဘော်များအနက် ပြစ်မှုကျူးလွန်ခြင်းမရှိသော ရဲဘော်များအား ပြန်လွှတ်ပေးဖို့ နဲ့ (SRF) တပ်တော်မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိသော ရဲဘော်များအနေနဲ့ NUG ရဲ့ COC အောက်မှာ ဝင်ရောက်ပြီး တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားဖို့ဆိုတဲ့ အချက်တွေ သဘောတူညီချက်ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ပူးတွဲထုတ်ပြန်ချက်အတွင်းမှာ အခု ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ (SRF) တပ်တော်ကို ဖြိုခွဲတာမဟုတ်ဘဲ၊ ဒေသခံပြည်သူတွေရဲ့ အမှုဖွင့်တိုင်ကြားထားတဲ့ အမှုများအရ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေစိုးမိုးရေးအရ ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ထည့်သွင်းဖေါ်ပြထားပါတယ်။

ဒါတင်မကသေးဘဲ တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုကြား ပြဿနာတွေ ပိုမိုကြီးထွားလာစေဖို့ ရည်ရွယ်ချက်နဲ့ လှုံ့ဆော်ရေးသား ထုတ်ပြန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ရေးသားဖြန့်ဝေမှုတွေဟာ မိမိတို့အဖွဲ့အစည်းနှစ်ခုရဲ့ သဘောထားမဟုတ်ဘဲ ၎င်းတို့ရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က SRF ဥက္ကဋ္ဌ ကိုစံတင်ထွန်းနဲ့ မင်းကင်း ပကဖ စစ်ရေးတာဝန်ခံတို့ အွန်လိုင်းကနေ ဆွေးနွေးပြီးနောက်၊ အညာလည်ရွာမှာ လူချင်းတွေ့ဆုံဖို့ လုံခြုံရေးအာမခံချက်ဖြင့် ချိန်းဆိုခဲ့ရာမှာ လမ်းခရီးမှာ ပအဖ၊ ပကဖ ပူးပေါင်းအဖွဲ့တွေရဲ့ ဖြတ်တောက်ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးမှုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ SRF ဘက်က ဗီဒီယိုအထောက်အထားနဲ့ ထုတ်ပြန်ခဲ့ပြီး၊ မင်းကင်း ပအဖ ဘက်ကမူ SRF ဟာ နယ်မြေအတွင်း ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှု အမှုပေါင်း ၈ ခုထက်မနည်း တိုင်ကြားခံထားရတာကြောင့် တရားဥပဒေစိုးမိုးရေးအရ ဖမ်းဆီးရခြင်းဖြစ်ကြောင်းနဲ့ ဖမ်းဆီးချိန်မှာ SRF ဘက်က ပြည်သူတွေကို လူသားဒိုင်းပြုလုပ်ခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ဒီဖြစ်ရပ်အပေါ် မေလ ၂၈ ရက်နေ့က ဗကသများအဖွဲ့ချုပ်၊ GSC၊ GSCN အပါအဝင် တော်လှန်ရေးအင်အားစု ၁၆ ဖွဲ့က SRF ဥက္ကဋ္ဌကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ NUG အနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ ပြင်းထန်စွာ သတိပေးတောင်းဆိုခဲ့ကြပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီး ၃ ရက်အကြာမှာ မြေပြင်မှာ နှစ်ဖက်အဖွဲ့အစည်းတွေ လူချင်းတွေ့ဆုံပြီး သဘောတူညီချက် ရရှိတယ်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed