BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ရက္ခိုင့်တပ်တော် (AA) ၁၇ နှစ်ပြည့်သို့ မဟာမိတ်ညီနောင်များ ဂုဏ်ပြုသဝဏ်လွှာပေးပို့ တော်လှန်ရေးအောင်တဲ့အထိ အတူလက်တွဲမယ်လို့ ပြော

ဧပြီ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်ပြည့်မြောက်တဲ့ ဒီနေ့ ၂၀၂၆ ဧပြီ ၁၀ ရက်မှာ မဟာမိတ်ညီနောင်တွေဖြစ်တဲ့ PSLF/TNLA နဲ့ MNTJP/MNDAA တို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြပြီး တော်လှန်ရေးခရီးလမ်းဆုံးအထိ အတူတကွလက်တွဲသွားမယ် ပြောပါတယ်။

AA ဟာ ရခိုင်ပြည်နယ်အတွက်တင်မကဘဲ မြန်မာပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အခက်အခဲတွေကြားကနေ ကူညီဖြည့်ဆည်းပေးနေတာကို ဝမ်းမြောက်စွာ တွေ့မြင်ရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ “ ရည်မှန်းချက်တူရင် မဟာမိတ်ပဲ” ဆိုတဲ့အတိုင်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် တော်လှန်ရေးခရီးလမ်းဆုံးအထိ အတူတူလက်တွဲသွားမယ်လို့ ညီနောင်မဟာမိတ်တွေက သဝဏ်လွှာအတွင်းထည့်သွင်းပြောပါတယ်။

လက်ရှိအချိန်မှာ အာရက္ခတပ်တော်ဟာ တော်လှန်ရေး လောကဓံကို ကြံ့ကြံ့ခံပြီး ရခိုင်ပြည်နယ်ထဲက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်အုပ်ချုပ်ထားနိုင်ပြီ ဖြစ်ပြီး ဒါဟာ “ စည်းလုံးခြင်းသည် အင်အား” ဆိုတဲ့အတိုင်း AA နဲ့ ရခိုင်ပြည်သူတွေရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်၊ ပေးဆပ်စွန့်လွှတ်မှုတွေကြောင့် ရရှိလာတဲ့ ရလဒ်ဖြစ်တယ်လို့ မဟာမိတ်တွေက အသိအမှတ်ပြုပြောပါတယ်။

အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်ပြည့်မြောက်နေ့မှာ အေအေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ အသီးသီးပေးပို့ခဲ့ကြပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed