BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့တွင် လူ ၈၀ ကျော် သေဆုံးပြီးနောက် အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂို (DRC) နှင့် ယူဂန်ဒါနိုင်ငံတို့တွင် ဖြစ်ပွားနေသည့် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို “ နိုင်ငံတကာအဆင့် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ” (PHEIC) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က ဒီနေ့တနင်္ဂနွေနေ့တွင် ကြေညာလိုက်ပြီး အိမ်နီးချင်းနိုင်ငံများအတွက်ပါ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အဆိုအရ ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်အမျိုးအစားကြောင့် ဖြစ်ပွားရသည့် ယခုကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး အသွင်မျိုး မဟုတ်သေးသော်လည်း ကွန်ဂိုနိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ထပ်မံပြန့်ပွားရန် အန္တရာယ်အလွန်မြင့်မားနေကြောင်း သိရပါတယ်။ ပြီးခဲ့သည့် စနေနေ့အထိ ရရှိထားသည့်…

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂို (DRC) နှင့် ယူဂန်ဒါနိုင်ငံတို့တွင် ဖြစ်ပွားနေသည့် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို “ နိုင်ငံတကာအဆင့် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ” (PHEIC) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က ဒီနေ့တနင်္ဂနွေနေ့တွင် ကြေညာလိုက်ပြီး အိမ်နီးချင်းနိုင်ငံများအတွက်ပါ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အဆိုအရ ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်အမျိုးအစားကြောင့် ဖြစ်ပွားရသည့် ယခုကူးစက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီး အသွင်မျိုး မဟုတ်သေးသော်လည်း ကွန်ဂိုနိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ထပ်မံပြန့်ပွားရန် အန္တရာယ်အလွန်မြင့်မားနေကြောင်း သိရပါတယ်။

ပြီးခဲ့သည့် စနေနေ့အထိ ရရှိထားသည့် စာရင်းများအရ ကွန်ဂိုနိုင်ငံ အီတူရီ ပြည်နယ်ရှိ ဘူနီယာ၊ ရမ်ပါရာ နှင့် မောင်ဘွာလူ စသည့် ကျန်းမာရေးဇုန် ၃ ခုတွင် အီဘိုလာကြောင့်ဟု သံသယရှိရသည့် သေဆုံးသူ ၈၀ ဦး၊ ဓာတ်ခွဲခန်းစစ်ဆေးချက်အရ အတည်ပြုနိုင်သူ ၈ ဦးနှင့် သံသယလူနာ ၂၄၆ ဦးအထိ ရှိနေကြောင်း ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

ယခုတစ်ကြိမ် ကူးစက်မှုသည် ၁၉၇၆ ခုနှစ်တွင် အီဘိုလာဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ကွန်ဂိုနိုင်ငံ၌ ၁၇ ကြိမ်မြောက် ကူးစက်မှုဖြစ်ပြီး၊ ကနဦးနမူနာများတွင် ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်မားနေခြင်းနှင့် သံသယလူနာ တိုးလာနေခြင်းတို့ကြောင့် ယခုထက် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း WHO က ဆိုပါတယ်။

ထို့အပြင် ယခင်က ဖြစ်ပွားခဲ့ဖူးသည့် အီဘိုလာဇိုင်ယာ ဗိုင်းရပ်စ်မျိုးစိတ်များနှင့်မတူဘဲ ယခု ဘွန်ဒီဘူဂျို ဗိုင်းရပ်စ်မျိုးစိတ်အတွက် တရားဝင်အတည်ပြုထားသည့် ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးခြင်းကြောင့် အခြေအနေမှာ ပိုမို “ ထူးခြားပြင်းထန်” နေတာ ဖြစ်ပါတယ်။

လက်ရှိတွင် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့မှု အချို့ကိုပါ စတင်တွေ့ရှိနေရပြီဖြစ်ပြီး ကွန်ဂိုနိုင်ငံမှ ခရီးသွားလာခဲ့သူများအနက် ယူဂန်ဒါနိုင်ငံမြို့တော် ကမ်ပါလာ တွင် ဓာတ်ခွဲခန်းအတည်ပြုလူနာ ၂ ဦး (၁ ဦး သေဆုံး) နှင့် ကွန်ဂိုမြို့တော် ကင်ရှာဆာ တွင် အတည်ပြုလူနာ ၁ ဦးတို့ကို အသီးသီး တွေ့ရှိထားရပါတယ်။

WHO က နိုင်ငံအသီးသီးအနေဖြင့် အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုစနစ်များကို အသက်သွင်းရန်၊ နယ်စပ်ဖြတ်ကျော်စစ်ဆေးမှုများနှင့် ပြည်တွင်းလမ်းမကြီးများတွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားပါတယ်။ ရောဂါပိုးရှိသူ သို့မဟုတ် ထိတွေ့ဖူးသူများကို ချက်ချင်းသီးသန့်ခွဲထားပြီး ၂၁ ရက်ကြာသည်အထိ ပြည်တွင်း/ပြည်ပ ခရီးသွားလာခွင့်ကို ကန့်သတ်ထားရန် အကြံပြုထားပါတယ်။

သို့သော်လည်း စိုးရိမ်စိတ်ကြောင့် နယ်စပ်များကို လုံးဝပိတ်ပစ်ခြင်း သို့မဟုတ် ကုန်သွယ်မှုကို ပိတ်ဆို့ခြင်းမျိုးမလုပ်ရန် နှိုးဆော်ထားပြီး၊ ထိုသို့လုပ်ဆောင်ပါက လူများနှင့် ကုန်စည်များက စစ်ဆေးမှုမရှိသည့် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဖြတ်ကျော်ကာ ရောဂါပိုးကို ပိုမိုပြန့်ပွားစေနိုင်ကြောင်း သတိပေးထားပါတယ်။

အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ Africa CDC၏ အဆိုအရ အဖျားတက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို ဖြစ်စေပြီး အသက်အန္တရာယ်ရှိလှသည့် အဆိုပါအီဘိုလာဗိုင်းရပ်စ်သည် ကူးစက်ခံရသူ၏ ခန္ဓာကိုယ်ထွက်ရည်များ၊ ပိုးမွှားပါဝင်နေသည့် ပစ္စည်းများနှင့် တိုက်ရိုက်ထိတွေ့မိရာမှတစ်ဆင့် ကူးစက်ပြန့်ပွားတတ်ကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed