BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

ကမ္ဘာ့ဖလား ပြင်ဆင်မှုတွေအတွက် ဖီဖာနဲ့ ‘အပြုသဘောဆောင်တဲ့’ ဆွေးနွေးမှု ရှိခဲ့ကြောင်း အီရန် ပြောကြား

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး သေချာစေဖို့အတွက် အစ္စတန်ဘူလ်မြို့မှာ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ “ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တယ်” လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မက်သီးယပ်စ် ဂရပ်ဖ်စထရွန် က ပြောဆိုလိုက်ပါတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေပေမဲ့လည်း အီရန်အသင်းဟာ အမေရိကန်နိုင်ငံမှာပဲ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ပြီး အုပ်စုပွဲစဉ် ၃ ပွဲလုံးကိုလည်း အမေရိကန်မှာပဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့အတူ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့…

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတို့မှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး သေချာစေဖို့အတွက် အစ္စတန်ဘူလ်မြို့မှာ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ “ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တယ်” လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မက်သီးယပ်စ် ဂရပ်ဖ်စထရွန် က ပြောဆိုလိုက်ပါတယ်။

လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ဖြစ်ပွားနေပေမဲ့လည်း အီရန်အသင်းဟာ အမေရိကန်နိုင်ငံမှာပဲ စခန်းသွင်းလေ့ကျင့်သွားမှာဖြစ်ပြီး အုပ်စုပွဲစဉ် ၃ ပွဲလုံးကိုလည်း အမေရိကန်မှာပဲ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ အီရန်ဘောလုံးအဖွဲ့ချုပ်နဲ့အတူ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပြီး သူတို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” လို့ ဂရပ်ဖ်စထရွန် က ဆိုပါတယ်။ သူက ဆက်ပြီး အခြားအသင်းတွေနဲ့ ဆွေးနွေးသလိုပဲ ပွဲစဉ်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စအချို့ကို ဆွေးနွေးခဲ့တာဖြစ်ကြောင်း၊ အခုလို ကောင်းမွန်တဲ့ အမြင်ချင်းဖလှယ်မှုတွေ လုပ်နိုင်ခဲ့လို့ ဖီဖာရော အီရန်အဖွဲ့ချုပ်ပါ အလွန်ဝမ်းမြောက်မိပြီး အီရန်အမျိုးသားအသင်း ကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ဆီ ကြိုဆိုဖို့ စောင့်မျှော်နေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မဟ်ဒီ တာ့ဂျ် ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အီရန်အသင်းအတွက် ဗီဇာတွေ ထုတ်မပေးရသေးဘူးလို့ ပြောခဲ့ပေမဲ့ စနေနေ့က ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ အသေးစိတ်မပြောဘဲ “ ကောင်းမွန်ပြီး အပြုသဘောဆောင်ပါတယ်” လို့ပဲ ဆိုပါတယ်။ “ ကျွန်တော်တို့ စိုးရိမ်တာတွေကို ဆွေးနွေးခဲ့ကြပြီး အီရန်အသင်း အဆင်ပြေပြေ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်” လို့ သူက ပြောပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ် ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အခုဆွေးနွေးပွဲဟာ အီရန်အသင်းအနေနဲ့ အမေရိကန်နိုင်ငံဆီ မသွားခင် တူရကီမှာ စခန်းသွင်းလေ့ကျင့်ဖို့ တနင်္လာနေ့မနက်ပိုင်းမှာ ထွက်ခွာတော့မယ့် အချိန်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

အီရန်အသင်းဟာ တူရကီနိုင်ငံ အန်တဆီယာမြို့မှာ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ မျှော်လင့်ထားပြီး၊ မေလ ၂၉ ရက်နေ့မှာ ဂမ်ဘီယာအသင်းနဲ့ ကစားမယ့်ပွဲ အပါအဝင် ပွဲစဉ်တစ်ပွဲကိုတော့ အတည်ပြုထားပြီးပြီလို့ အီရန်အသင်းအတွက် ခြေစမ်းပွဲတွေ စီစဉ်ပေးနေတဲ့ အီရန်-ကနေဒါနိုင်ငံသား ဆမ် မဟ်ဒီဇာဒါ  က ပြောပါတယ်။

သူတို့ဟာ ကစားသမား ၃၀ ဦးပါဝင်တဲ့ လူစာရင်းကို ခေါ်ယူထားတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သတ်မှတ်ထားတဲ့ အများဆုံး ကစားသမား ၂၆ ဦးအထိ ပြန်လည်လျှော့ချရမှာ ဖြစ်ပါတယ်။

လူစာရင်းထဲမှာ ပေါ်တိုအသင်းရဲ့ တိုက်စစ်မှူး မဟ်ဒီ တာရီမီ ပါဝင်လာပေမဲ့လည်း ဘိုင်ယန်လေဗာကူဆင်နဲ့ ရိုးမားအသင်းတို့မှာ ကစားခဲ့ဖူးပြီး အမျိုးသားအသင်းအတွက် ၅၇ ဂိုးအထိ သွင်းပေးထားတဲ့ အခြားမင်းသားအဆင့် တိုက်စစ်မှူး ဆာဒါ အက်ဇ်မွန် ကတော့ ပါဝင်မလာခဲ့ပါဘူး။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ တိုက်စစ်မှူး အက်ဇ်မွန်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက သူလက်ရှိနေထိုင်ပြီး ကစားနေတဲ့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရဲ့ စော်ဘွား နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း၊ အီရန်အစိုးရပိုင် မီဒီယာတွေရဲ့ “ နိုင်ငံတော်သစ္စာဖောက်” ဆိုပြီး စွပ်စွဲခြင်းကို ခံခဲ့ရတာပါ။

ဒါပေမဲ့လည်း အီရန်အသင်းနည်းပြ အာမီရ် ဂါလီနွိုင်း ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ “ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။ ကစားသမားတွေကို ရွေးချယ်ရာမှာ နည်းစနစ်ပိုင်းဆိုင်ရာ စံနှုန်းတွေကလွဲလို့ တခြားဘာအကြောင်းပြချက်မှ မပါဝင်ပါဘူး။ ဒီကစားသမား ၃၀ ကို အဲဒီစံနှုန်းတစ်ခုတည်းအပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

အီရန်အသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲဆီ ၄ ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံဆီ ရောက်ရှိတဲ့အခါ အာရီဇိုးနားပြည်နယ်၊ တူဆန် မြို့မှာ အခြေစိုက် စခန်းသွင်းမှာ ဖြစ်ပါတယ်။

သူတို့ဟာ အုပ်စု (G) မှာ ပါဝင်နေပြီး လာမယ့် ဇွန်လ ၁၅ ရက်နေ့ လော့စ်အိန်ဂျလိစ်မြို့မှာ နယူးဇီလန်အသင်းနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို စတင်ကစားမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ လော့စ်အိန်ဂျလိစ်မှာပဲ ဘယ်လ်ဂျီယံ၊ ဆီအက်တဲလ်မြို့မှာ အီဂျစ်အသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed