BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အီရန်အနေနဲ့ ကမ်းလှမ်းချက်အသစ် မတင်သွင်းရင် အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ထရမ့် သတိပေး

မေလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအတွက် “ အချိန်နာရီတွေ ကုန်ဆုံးနေပြီ” လို့ Axios သတင်းဌာနနဲ့ ဖုန်းကနေတစ်ဆင့် ပြောကြားလိုက်ပြီး၊ အီရန်အစိုးရအနေနဲ့ ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက် ကမ်းလှမ်းချက်မျိုး ယူဆောင်မလာဘူးဆိုရင် “ အခုထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ သတိပေးလိုက်ပါတယ်။ အမေရိကန်အရာရှိတွေရဲ့ အဆိုအရ သမ္မတ ထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခု ရချင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က တောင်းဆိုချက်အတော်များများကို အီရန်ဘက်က ပယ်ချနေတာအပြင် သူတို့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ လိုက်လျောမှုမျိုး လုပ်ဖို့ ငြင်းဆန်နေတာကြောင့် အမေရိကန်အနေနဲ့…

မေလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအတွက် “ အချိန်နာရီတွေ ကုန်ဆုံးနေပြီ” လို့ Axios သတင်းဌာနနဲ့ ဖုန်းကနေတစ်ဆင့် ပြောကြားလိုက်ပြီး၊ အီရန်အစိုးရအနေနဲ့ ပိုမိုကောင်းမွန်တဲ့ သဘောတူညီချက် ကမ်းလှမ်းချက်မျိုး ယူဆောင်မလာဘူးဆိုရင် “ အခုထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်တဲ့ ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” လို့ သတိပေးလိုက်ပါတယ်။

အမေရိကန်အရာရှိတွေရဲ့ အဆိုအရ သမ္မတ ထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီချက်တစ်ခု ရချင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က တောင်းဆိုချက်အတော်များများကို အီရန်ဘက်က ပယ်ချနေတာအပြင် သူတို့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ သိသာထင်ရှားတဲ့ လိုက်လျောမှုမျိုး လုပ်ဖို့ ငြင်းဆန်နေတာကြောင့် အမေရိကန်အနေနဲ့ စစ်ရေးနည်းလမ်းကို စားပွဲပေါ် ပြန်တင်လာရတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ လာမယ့် အင်္ဂါနေ့မှာ စစ်ရေးအရ တုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် သူ့ရဲ့ ထိပ်တန်းအမျိုးသားလုံခြုံရေးအဖွဲ့ကို အိမ်ဖြူတော် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုခန်း (Situation Room) မှာ ခေါ်ယူတွေ့ဆုံဖို့ ရှိနေကြောင်း အမေရိကန်အရာရှိတဦးက ပြောပါတယ်။

ထရမ့်ဟာ အီရန်အရေးနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့လည်း တနင်္ဂနွေနေ့က ဖုန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း ဗာဂျီးနီးယားရှိ သူ့ရဲ့ ဂေါက်သီးရိုက်ကလပ်မှာ ဒုသမ္မတ ဂျေဒီ ဗန့်စ် ၊ အိမ်ဖြူတော်သံတမန် စတိဗ် ဝစ်ကော့ဖ်၊ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို နဲ့ CIA ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ် တို့အပါအဝင် အမျိုးသားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး အီရန်အရေးကို လျှို့ဝှက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့မတိုးဘဲ တစ်ဆို့နေမှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာခဲ့ပြီး ရေနံစိမ်းတစ်စည်ကို ၂ ရာခိုင်နှုန်းကျော် မြင့်တက်ကာ ဒေါ်လာ ၁၁၁ အထိ ပေါက်ဈေး ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ပါကစ္စတန်နိုင်ငံက အမေရိကန်နဲ့ အီရန်အကြား တရားဝင်ကြားခံညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဟာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တဟီရန်မြို့ဆီ သွားရောက်ကာ အီရန်ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်ပွဲအဆုံးသတ်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အခြားကြားခံညှိနှိုင်းပေးနေတဲ့ ကာတာဝန်ကြီးချုပ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် အယ်လ် သာနီ ကလည်း ပါကစ္စတန်ဝန်ကြီးချုပ်အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တနင်္ဂနွေနေ့က ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

သမ္မတ ထရမ့်ကတော့ အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု ရချင်နေတုန်းပဲလို့ သူထင်မြင်ကြောင်း Axios ကို ပြောခဲ့ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက တင်သွင်းခဲ့တဲ့ ကမ်းလှမ်းချက်ထက် ပိုကောင်းမွန်တဲ့ အီရန်ရဲ့ အဆိုပြုချက်အသစ်ကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဆွေးနွေးပွဲအတွက် နောက်ဆုံးသတ်မှတ်ရက် (Deadline) ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ချင်ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ဖြစ်စေချင်တဲ့ အနေအထားကို ရောက်မလာသေးဘူး။ သူတို့ အဲဒီနေရာကို ရောက်အောင်လာရလိမ့်မယ်။ မလာရင်တော့ ပြင်းပြင်းထန်ထန် အတိုက်ခိုက်ခံရလိမ့်မယ်၊ ဒါကို သူတို့လည်း အဖြစ်ခံမှာ မဟုတ်ပါဘူး။ နာရီကတော့ သွားနေပြီ။ သူတို့ မြန်မြန်လှုပ်ရှားတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး” လို့ ထရမ့်က ပြတ်ပြတ်သားသား သတိပေးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူအေအီးနိုင်ငံရှိ ဘာရာကာ နျူကလီးယားဓာတ်အားပေးစက်ရုံကို ဒရုန်းတစ်စင်း ထိမှန်ခဲ့ပြီး အတွင်းစည်းအပြင်ဘက်က လျှပ်စစ်မီးစက်တစ်ခု ပျက်စီးခဲ့ကြောင်း ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ နိုင်ငံတွင်းကို အနောက်ဘက်နယ်စပ်ကနေ ကျူးကျော်ဝင်ရောက်လာတဲ့ ဒရုန်းသုံးစင်းထဲက တစ်စင်းက ဝင်ရောက်ထိမှန်ခဲ့တာဖြစ်ပြီး ကျန်နှစ်စင်းကိုတော့ ကြားဖြတ်ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူအေအီး နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ ဘင် ဇာယက် ကတော့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ် ရာဖာအဲလ် ဂရိုစီ ဆီ ဖုန်းဆက်သွယ်ပြီး နျူကလီးယား ရေဒီယိုသတ္တိကြွမှုဆိုင်ရာ ဘေးကင်းရေးအဆင့်တွေအပေါ် သက်ရောက်မှုမရှိကြောင်း အသိပေးခဲ့ပါတယ်။

ယူအေအီးဘက်က အီရန်ကို တိုက်ရိုက်စွပ်စွဲခြင်း မပြုရသေးပေမဲ့ သံတမန်ရေးရာအကြံပေး အန်နဝါ ဂါဂတ်ရှ် ကတော့ X လူမှုကွန်ရက်ပေါ်မှာ တဟီရန်အစိုးရကို သွယ်ဝိုက်ရည်ညွှန်းပြီး အခုလို ဘာရာကာ နျူကလီးယားစက်ရုံကို ပစ်မှတ်ထားတာဟာ တရားခံကိုယ်တိုင်လုပ်တာပဲဖြစ်ဖြစ်၊ သူ့ရဲ့ လက်ဝေခံအဖွဲ့တွေကတစ်ဆင့် လုပ်တာပဲဖြစ်ဖြစ် ဒါဟာ အရပ်သားတွေရဲ့ အသက်ကို စာနာမှုမရှိဘဲ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တဲ့ အန္တရာယ်ရှိလှတဲ့ ရန်စမှုတစ်ခုဖြစ်တယ်လို့ အပြစ်တင်ရှုတ်ချထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed