BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အာဏာသိမ်းစစ်တပ်ကို အပြီးတိုင်း တော်လှန်သွားမယ်ဆိုတဲ့ PSLF/TNLA က စစ်တပ်ရဲ့အမည်ပြောင်းအစိုးရကို ကြိုဆိုကြောင်းပြောလာ

ဧပြီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အမည်ပြောင်းအစိုးရကို ကြိုဆိုတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီးပြောဆိုလိုက်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်အတွင်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ (၉) ကြိမ်မြောက် ဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို PSLF/TNLA အနေနဲ့ ဆက်လက်ထိန်းသိမ်း လိုက်နာသွားမယ်လို့ထည့်သွင်းပြောဆိုထားသလို နိုင်ငံရေးပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အရပ်သားအစိုးရသစ်နဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း ဆိုထားပါတယ်။

လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်တွေနဲ့ အတူစတင်ခဲ့ပြီး အဲ့ဒီ စစ်ဆင်ရေးတွေအတွင်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြိုပေါင်း ၁၀ မြို့ထက်မနည်းကို မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ပြီး သိမ်းပိုက်နိုင်ခဲ့သလို၊ ရှမ်းမန်းစစ်ဆင်ရေးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နဲ့အတူ လက်တွဲတိုက်ပွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ထုတ်ပြန်ချက်အတွင်းမှာတော့ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းပြီး စစ်တပ်ကို အပြီးတိုင် ချေမှုန်းတော်လှန်မယ်လို့ ပြောဆိုထားဖူးပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဟာ တရုတ်ရဲ့ ဖိအားပေးမှုနဲ့အတူ အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့သလို၊ မဟာမိတ်တွေနဲ့အတူတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့ကိုလည်း အာဏာသိမ်းစစ်တပ်လက်ထဲ ပြန်ပေးလိုက်ပါတယ်။

တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင် အင်အားပိုမိုကြီးထွားလာနေပြီး နယ်မြေချဲ့ထွင်မှုတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ကလည်း ပြောဆိုထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed