BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အမေရိကန်သမ္မတ ထရမ့်နဲ့ မိသားစုကို အခွန်စစ်ဆေးမှုတွေကနေ ကင်းလွတ်ခွင့်ပြုတဲ့ အပေါ် ဒီမိုကရက်တစ် အမတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ

မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သူ့ရဲ့ မိသားစုဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ရှိစစ်ဆေးဆဲနဲ့ နောင်မှာ စစ်ဆေးမယ့် အခွန်ဆိုင်ရာကိစ္စရပ်တွေအားလုံးကနေ ကင်းလွတ်ခွင့်ပြုဖို့ အမေရိကန်တရားရေးဌာန (DOJ) က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်းအပေါ် အတိုက်အခံ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်လိုက်ကြပါတယ်။ အဲ့ဒီ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက် အင်္ဂါနေ့က တရားရေးဌာန ဝဘ်ဆိုက်မှာ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ တိတ်တဆိတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း သမ္မတထရမ့်ရဲ့ အခွန်အချက်အလက်တွေ မီဒီယာတွေထံ ပေါက်ကြားခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်တွင်းအခွန်များဌာန…

မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သူ့ရဲ့ မိသားစုဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လက်ရှိစစ်ဆေးဆဲနဲ့ နောင်မှာ စစ်ဆေးမယ့် အခွန်ဆိုင်ရာကိစ္စရပ်တွေအားလုံးကနေ ကင်းလွတ်ခွင့်ပြုဖို့ အမေရိကန်တရားရေးဌာန (DOJ) က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်ခြင်းအပေါ် အတိုက်အခံ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်လိုက်ကြပါတယ်။
အဲ့ဒီ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့ မေလ ၁၉ ရက် အင်္ဂါနေ့က တရားရေးဌာန ဝဘ်ဆိုက်မှာ တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ တိတ်တဆိတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း သမ္မတထရမ့်ရဲ့ အခွန်အချက်အလက်တွေ မီဒီယာတွေထံ ပေါက်ကြားခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်တွင်းအခွန်များဌာန (IRS) အပေါ် တရားစွဲဆိုထားတဲ့ ဒေါ်လာ ၁၀ ဘီလီယံတန် ဖိုင်နယ်အမှုကို မေလ ၁၈ ရက် တနင်္လာနေ့မှာ နှစ်ဦးနှစ်ဖက် သဘောတူ ညှိနှိုင်းဖြေရှင်းခဲ့ပြီးနောက် နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာ ရှေ့နေဟောင်းဖြစ်ပြီး လက်ရှိ ယာယီတရားသူကြီးချုပ်အဖြစ် တာဝန်ယူထားသူ တော့ဒ် ဘလန့်ချ် လက်မှတ်ရေးထိုးထားတဲ့ တမျက်နှာပါ လမ်းညွှန်ချက်မှာ သမ္မတထရမ့်၊ သူ့ရဲ့ မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အခွန်ဆိုင်ရာ တောင်းဆိုမှု၊ တရားစွဲဆိုမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခြင်းကို “ ထာဝရ ပိတ်ပင်တားဆီး လိုက်ကြောင်း ဖော်ပြထားပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ် တက္ကသိုလ်မှ အခွန်နဲ့ စာရင်းကိုင်ပညာရှင် ပါမောက္ခ နေသန် ဂိုးလ်မန်း က “ ဒီလုပ်ရပ်ဟာ သမိုင်းမှာ တခါမှမရှိဖူးတဲ့ မကြုံစဖူး ကိစ္စရပ်ဖြစ်ပြီး ထရမ့်နဲ့ မိသားစုကို အခြား အမေရိကန် အခွန်ထမ်းပြည်သူတွေနဲ့ မတူဘဲ အခွန်ကို မိမိစိတ်ကြိုက် ပေးဆောင်နိုင်စေပြီး ဘာစစ်ဆေးမှု၊ ဒဏ်ကြေးနဲ့ ထောင်ဒဏ်ကိုမှ ကြောက်စရာမလိုတဲ့ အခြေအနေမျိုး ရောက်အောင် ဖန်တီးပေးလိုက်တာပါ” လို့ ပြောပါတယ်။
သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် လက်ထက်က အိမ်ဖြူတော် ကိုယ်ကျင့်တရားဆိုင်ရာ ရှေ့နေချုပ်ဟောင်း ရစ်ချက် ပန်းတားက ဤကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပေးခြင်းဟာ သမ္မတအနေနဲ့ လွှတ်တော်က သတ်မှတ်ပေးတဲ့ လစာမှလွဲလို့ အမေရိကန်အစိုးရထံမှ အခြားမည်သည့် အကျိုးအမြတ် သို့မဟုတ် အခွင့်အရေးကိုမျှ မရယူရဆိုတဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်တွင်းအကျိုးခံစားခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက် ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြထားပါတယ်။
ကာလီဖိုးနီးယားပြည်နယ် ဆီနိတ်တာ အိုဒမ် ရှစ်ဖ် (က ထရမ့်အစိုးရအဖွဲ့ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ကိုယ်ကျိုးရှာမှုတွေကို ဗြောင်ကျကျ လုပ်ဆောင်နေကြောင်းနဲ့ “ အခွန်ရှောင် သမ္မတဟာ တော့ဒ် ဘလန့်ချ်ရဲ့ ကျေးဇူးကြောင့် သူ့မိသားစုတစ်ခုလုံးအတွက် အခွန်ကင်းလွတ်ခွင့်ကို ဖန်တီးယူသွားပြီ” လို့ လူမှုကွန်ရက်မှာ ရေးသား ဝေဖန်ခဲ့ပါတယ်။
အဆိုပါ အခွန်ကင်းလွတ်ခွင့်ဟာ ဒေါ်လာ ၁.၇၇၆ ဘီလီယံ တန်ဖိုးရှိတဲ့ ‘အရေးယူဆောင်ရွက်မှု ဆန့်ကျင်ရေး ရန်ပုံငွေ’ ကို တည်ထောင်ပြီးနောက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ယင်းရန်ပုံငွေဟာ နိုင်ငံရေးအရ ပစ်မှတ်ထားပြီး ဥပဒေနဲ့ တိုက်ခိုက်ခံရတယ်လို့ ယူဆသူတွေကို လျော်ကြေးပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပေမယ့် ဝေဖန်သူတွေကတော့ ၎င်းကို ထရမ့်ရဲ့ မဟာမိတ်တွေကို ဆုလာဘ်ပေးဖို့ သုံးစွဲမည့် “ တရားမဝင် အသုံးစရိတ် ရန်ပုံငွေ ” လို့ ကန့်ကွက်နေကြပါတယ်။ ဒီရန်ပုံငွေကို ကော်မရှင်အဖွဲ့ဝင် ၅ ဦးက စီမံခန့်ခွဲမှာဖြစ်ပြီး အဲ့ဒီထဲက ၄ ဦးကို တော့ဒ် ဘလန့်ချ်က တိုက်ရိုက်ခန့်အပ်မှာ ဖြစ်ပါတယ်။
တော့ဒ် ဘလန့်ချ်ကတော့ ဒီရန်ပုံငွေဟာ ဘက်လိုက်မှုမရှိဘဲ ဂျိုးဘိုင်ဒင်ရဲ့ သားဖြစ်သူ ဟန်တာဘိုင်ဒင် အပါအဝင် မည်သူမဆို နိုင်ငံရေးအရ မတရားကစားခံရတယ်လို့ ယူဆရင် လျှောက်ထားနိုင်ကြောင်း လွှတ်တော်အမတ်တွေနဲ့ အချေအတင် ဖြစ်ပွားချိန်မှာ ခုခံပြောဆိုခဲ့ပါတယ်။ အမေရိကန် ဥပဒေအရ သမ္မတတွေဟာ အခြားနိုင်ငံသားတွေလိုပဲ အခွန်ဆောင်ဖို့နဲ့ အခွန်စစ်ဆေးခံဖို့ တာဝန်ရှိပေမယ့် ယခုအခါ သမ္မတထရမ့်မှာတော့ ဥပဒေအထက်မှာ ရှိနေတဲ့သဖွယ် ဖြစ်နေကြောင်း အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed