BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ကွန်ဂိုမှာ အီဘိုလာ ကူးစက်မှု အရှိန်အဟုန်ပြင်းစွာ တိုးပွားလာနေပြီး သေဆုံးသူ ၁၃၀ ကျော်ရှိလာ၊ အမေရိကန် ဆရာဝန်တဦးလည်း ဗိုင်းရပ်စ်ကူးစက်ခံရ

မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဖရိကအလယ်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ “ အတိုင်းအဆနဲ့ အရှိန်အဟုန်” အလွန်မြန်ဆန်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။ လက်ရှိအချိန်အထိ အနည်းဆုံး လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့ပြီး၊ ကူးစက်ခံရသူ သို့မဟုတ် သံသယရှိသူ ၅၃၁ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက် (အင်္ဂါနေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူ ၈၈ ဦးနဲ့ ကူးစက်သူ ၃၀၀ ဝန်းကျင်ကနေ…

မေ ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဖရိကအလယ်ပိုင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဟာ “ အတိုင်းအဆနဲ့ အရှိန်အဟုန်” အလွန်မြန်ဆန်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက ပြင်းပြင်းထန်ထန် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။
လက်ရှိအချိန်အထိ အနည်းဆုံး လူပေါင်း ၁၃၁ ဦး သေဆုံးခဲ့ပြီး၊ ကူးစက်ခံရသူ သို့မဟုတ် သံသယရှိသူ ၅၃၁ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက် (အင်္ဂါနေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူ ၈၈ ဦးနဲ့ ကူးစက်သူ ၃၀၀ ဝန်းကျင်ကနေ အချိန်တိုအတွင်း အဆမတန် မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုပြန့်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ ‘ဘွန်ဒီဘူဂျို’ (Bundibugyo virus) မျိုးစိတ် ဖြစ်ပါတယ်။ ဒီမျိုးစိတ်အတွက် လက်ရှိအချိန်အထိ တရားဝင်အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး လုံးဝမရှိသေးတဲ့အပြင် စစ်ဆေးမယ့် ကိရိယာတွေလည်း ပြတ်လပ်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေက ပိုပြီးပူပန်နေကြတာပါ။ ယခင်က ၂၀၀၇ နဲ့ ၂၀၁၂ တုန်းက ဖြစ်ပွားခဲ့တဲ့ ပွဲတွေမှာ ဒီမျိုးစိတ်ကြောင့် သေဆုံးနှုန်းဟာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ရှိခဲ့ဖူးပါတယ်။
ကူးစက်မှုအများစုဟာ နိုင်ငံဖြတ်ကျော် သွားလာလှုပ်ရှားမှုများတဲ့ ရွှေတွင်းတူးဖော်ရေး လုပ်ငန်းခွင်မြို့တွေမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကူးစက်မှုဗဟိုချက်ဖြစ်တဲ့ အိတူရီပြည်နယ်မြောက်ပိုင်းကနေ မိုင် ၂၃၀ ကျော်ဝေးပြီး သူပုန်တွေထိန်းချုပ်ထားတဲ့ ဂိုမာ မြို့အထိ ကူးစက်မှုတွေ ရောက်ရှိနေသလို အိမ်နီးချင်း ယူဂန်ဒါနိုင်ငံထဲအထိပါ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဒေသဖြစ်တာကြောင့် ကူးစက်မှုကို ထိန်းချုပ်ဖို့ ပိုမိုခက်ခဲနေပါတယ်။
ကွန်ဂိုအရှေ့မြောက်ပိုင်းက နယန်ကွန်ဒီ ဆေးရုံမှာ ၂၀၂၃ ခုနှစ်ကတည်းက လူနာတွေကို ကုသပေးနေတဲ့ အမေရိကန် သာသနာပြုဆရာဝန် ဒေါက်တာ ပီတာ စတန်းဖို့ဒ်ဟာ ဖျားနာတာ၊ ဝမ်းပျက်ဝမ်းနည်းဖြစ်တာနဲ့ ကြွက်သားတွေ နုန်းခွေတာ စတဲ့ လက္ခဏာတွေ ပြသလာပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ကို ကုသမှုပေးနိုင်ဖို့ ဂျာမနီနိုင်ငံဆီ လေကြောင်းနဲ့ အရေးပေါ် ပို့ဆောင်ထားပြီး၊ သူ့ရဲ့ဇနီးဖြစ်သူ အပါအဝင် အခြားဆရာဝန်နှစ်ဦးကိုတော့ ရောဂါလက္ခဏာ မပြသေးပေမယ့် Quarantine စနစ်တကျ ဝင်ခိုင်းထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကွန်ဂို၊ ဆူဒန်တောင်ပိုင်းနဲ့ ယူဂန်ဒါနိုင်ငံတွေဆီ အမေရိကန်နိုင်ငံသားတွေ “ မည်သည့်အကြောင်းကြောင့်မျှ” ခရီးမသွားကြဖို့ ပြင်းပြင်းထန်ထန် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ အီဘိုလာကုသရေးဆေးခန်းပေါင်း ၅၀ အထိ တည်ဆောက်လှူဒါန်းဖို့ ရန်ပုံငွေ ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက WHO အဖွဲ့ကနေ တရားဝင်နုတ်ထွက်ခဲ့သလို၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ခဲ့တာကြောင့် အခုလို အရေးပေါ် အီဘိုလာတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဝေဖန်နေကြပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာ ဗျူရိုအသစ်ဖွဲ့ပြီး ပိုမိုထိရောက်အောင် လုပ်ဆောင်နေတာဖြစ်လို့ ဒီဝေဖန်ချက်တွေဟာ မမှန်ကန်ကြောင်း ပြန်လည်တုံ့ပြန်ထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ လက်ရှိ ကွန်ဂိုနိုင်ငံဆီ ၆ တန်လေးတဲ့ ဆေးဝါးနဲ့ ကာကွယ်ရေးပစ္စည်း (PPE) ဝတ်စုံတွေကို ပေးပို့ထားပြီး၊ ရောဂါအခြေအနေကို အရေးပေါ် ကိုင်တွယ်နိုင်ဖို့အတွက် အရေးပေါ်ကော်မတီ အစည်းအဝေးတရပ်ကို ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ခေါ်ယူကျင်းပသွားမယ်လို့ သိရပါတယ်။
BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed