BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

Singha ဘီယာသူဌေးသား၏ မိသားစုလိင်မှုအရှုပ်တော်ပုံ ထိုင်းလူမှုအဖွဲ့အစည်းကို ရိုက်ခတ်

မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးသော Singha ဘီယာကုမ္ပဏီ မိသားစုအတွင်း ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက်ဟာ ရှေးရိုးစွဲဆန်လှတဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ယခင်က ကြုံတွေ့ခဲ့ရဖူးတဲ့ အခြားသော သားကောင်များ၏ နာကျင်ဖွယ်ရာ ဖွင့်ဟဝန်ခံမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံတဝန်းတွင် အလွန်ရေပန်းစားသည့်  Singha ဘီယာအမှတ်တံဆိပ်ကို တည်ထောင်ခဲ့သည့် ဘီလီယံနာမိသားစု၏ စတုတ္ထမြောက်မျိုးဆက်ဝင်ဖြစ်သူ သီရာနွတ် စကော့တ် ဟာ သူ့အသက်ငယ်စဉ် ဆယ်ကျော်သက်အရွယ်က အစ်ကိုဖြစ်သူ ဆူနစ် (Sunit) ၏ ထပ်ခါတလဲလဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း စိတ်လှုပ်ရှားစွာဖြင့် စွပ်စွဲထားသည့် ဗီဒီယိုဖိုင်တခုကို ယခုလအတွင်း အင်တာနက်ပေါ်၌ တင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀…

မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးသော Singha ဘီယာကုမ္ပဏီ မိသားစုအတွင်း ဖြစ်ပွားခဲ့သည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက်ဟာ ရှေးရိုးစွဲဆန်လှတဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ယခင်က ကြုံတွေ့ခဲ့ရဖူးတဲ့ အခြားသော သားကောင်များ၏ နာကျင်ဖွယ်ရာ ဖွင့်ဟဝန်ခံမှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ထိုင်းနိုင်ငံတဝန်းတွင် အလွန်ရေပန်းစားသည့်  Singha ဘီယာအမှတ်တံဆိပ်ကို တည်ထောင်ခဲ့သည့် ဘီလီယံနာမိသားစု၏ စတုတ္ထမြောက်မျိုးဆက်ဝင်ဖြစ်သူ သီရာနွတ် စကော့တ် ဟာ သူ့အသက်ငယ်စဉ် ဆယ်ကျော်သက်အရွယ်က အစ်ကိုဖြစ်သူ ဆူနစ် (Sunit) ၏ ထပ်ခါတလဲလဲ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း စိတ်လှုပ်ရှားစွာဖြင့် စွပ်စွဲထားသည့် ဗီဒီယိုဖိုင်တခုကို ယခုလအတွင်း အင်တာနက်ပေါ်၌ တင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀ ကျော်အရွယ်ရှိ အစ်ကိုဖြစ်သူ ဆူနစ်က အဆိုပါစွပ်စွဲချက်များကို အင်တာနက်ဗီဒီယိုဖိုင်တခုမှတဆင့် ငြင်းဆိုခဲ့သော်လည်း၊ စင်ဟာဘီယာ၏ မိခင်ကုမ္ပဏီဖြစ်သည့် Boonrawd Brewery က သူ့အား ကုမ္ပဏီ၏ အမှုဆောင်ရာထူးမှ ပြီးခဲ့သည့် အင်္ဂါနေ့တွင် ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

“ကျွန်တော် အမှန်တရားကို ထုတ်ဖော်ပြောဖို့ လိုအပ်တယ်လို့ ခံစားခဲ့ရတယ်၊ မဟုတ်ရင် ကျွန်တော့်စိတ်ဝိညာဉ်ဟာ သေဆုံးသွားရပါလိမ့်မယ်” ဟု ဆိုင် (Psi) ဟု လူသိများသည့် အသက် ၂၉ နှစ်အရွယ် သီရာနွတ်က ပြီးခဲ့သည့်အပတ်နှောင်းပိုင်းက အေအက်ဖ်ပီ (AFP) သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ သူက သူ့အသက် ၉ နှစ်မှ ၁၃ နှစ်အရွယ်အတွင်း အစ်ကိုဖြစ်သူ အိပ်ဆောင်ကျောင်းမှ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်လာသည့် အချိန်တိုင်း ယခုကဲ့သို့ စော်ကားခံခဲ့ရခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ ဒုတိယအကြိမ် အင်တာနက်အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

သူသည် ယခုကိစ္စကို လွန်ခဲ့သည့် ၃ နှစ်ခန့်က မိသားစုဝင်များကို စတင်ပြောပြခဲ့သော်လည်း ထိုစဉ်က ကိစ္စငြိမ်သက်သွားစေရန် မိသားစုထံမှ ငွေကြေးအလျော်အစားကို လက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ယခုနှစ်အတွင်း မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတခုဖြင့် သူ၏မိခင်က သူ့အား တရားစွဲဆိုခဲ့ပြီးနောက်တွင် “သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ရသဖြင့်” အမှန်တရားကို ဖွင့်ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဥပဒေကြောင်းအရ ရင်ဆိုင်ရန် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသော ဘီယာအမှတ်တံဆိပ်တခုဖြစ်သည့် Singha သည် သူတို့ရဲ့ ရွှေရောင်ခြင်္သေ့လိုဂိုနှင့်အတူ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်း၊ ဖော်မြူလာဝမ်း (F1) ပြိုင်ပွဲဝင် Haas အဖွဲ့တို့နှင့် မိတ်ဖက်ဖြစ်မှုများကြောင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် လုပ်ငန်းကြီး ဖြစ်ပါတယ်။

သီရာနွတ်၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်၊ ထိုင်းနိုင်ငံတွင် ကာလရှည်ကြာစွာ ပြောဆိုရန် တားမြစ်ပိတ်ပင်ထားသည့် အကြောင်းအရာတခုဖြစ်သော လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများနှင့် ပတ်သက်၍ အနုပညာရှင်များနှင့် နာမည်ကျော် လူပုဂ္ဂိုလ်အများအပြားက သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည့် နာကျင်ဖွယ်ရာ အတွေ့အကြုံများကို လူမှုကွန်ရက်ပေါ်တွင် အပြိုင်အဆိုင် မျှဝေလာကြပါတယ်။

ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံး ဂေါက်ကွင်းပိုင်ရှင် သူဌေးကြီးမိသားစုမှ Patinya Kuantrakul က သူမအသက် ၁၁ နှစ်အရွယ်တွင် သူတို့ရဲ့ ကိုယ်ပိုင်ယာဉ်မောင်း၏ မုဒိမ်းကျင့်မှုကို ခံခဲ့ရသဖြင့် ကိုယ်ဝန်ရရှိကာ ဖျက်ချခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့သလို၊ အင်ဖလူရန်ဆာနှင့် ပေါ့ဒ်ကတ်စတာ Taylor Srirat ကလည်း သူအသက် ၁၉ နှစ်အရွယ်တွင် အသက် ၅၀ အရွယ်ရှိ သူ၏အထက်လူကြီး ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရဖူးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အချို့သော အင်တာနက်အသုံးပြုသူများက သီရာနွတ်၏ ထုတ်ဖော်ပြောကြားမှု (လူမှုကွန်ရက်တွင် #PsiScott ဟု ရေပန်းစားနေသည့် ဟက်ရှ်တဂ်) ကြောင့် သူတို့အနေဖြင့် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် သူတို့ခံစားခဲ့ရသည့် စော်ကားမှုများကို လူသိရှင်ကြား ပြောရဲသည့် သတ္တိကို ရရှိခဲ့တာဖြစ်ကြောင်း ရေးသားကာ အားပေးစကားများနှင့် ကျေးဇူးတင်စကားများ ပေးပို့ခဲ့ကြပါတယ်။

သီရာနွတ်ကလည်း ယခုလို အားပေးစကားများကြောင့် ထိုင်းနိုင်ငံတွင်းနှင့် နိုင်ငံပြင်ပရှိ လူမှုကွန်ရက်အသုံးပြုသူများထံမှ “မေတ္တာနှင့် ပံ့ပိုးမှုများကို အလွန်အမင်း ခံစားရတယ်” ဟု ဆိုကာ “အခုလိုမျိုး ဩဇာကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ သူဌေးမိသားစုအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ပြည်သူတွေဘက်က ဝိုင်းဝန်းတွန်းအားပေးတာမျိုးကို တခါမှ မမြင်ဖူးခဲ့ပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျွမ်းကျင်သူများ၏ အဆိုအရ သားကောင်ဖြစ်ရသူများသည် လူမှုပတ်ဝန်းကျင်၏ အရှက်ခွဲခံရမည့် အခြေအနေများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပေါ် ရှေးရိုးစွဲအမြင်များကြောင့် နှုတ်ဆိတ်နေတတ်တဲ့ ထိုင်းလူ့အဖွဲ့အစည်းတွင် ယခုကဲ့သို့ လူသိရှင်ကြား ကန့်ကွက်တုံ့ပြန်မှုမျိုး ထွက်ပေါ်လာခြင်းမှာ အလွန်ထူးခြားလှတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရသူများကို အခမဲ့ ဥပဒေအကူအညီပေးနေသည့် “ Shero” အဖွဲ့အစည်းကို တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ Busayapa Srisompong က “ထိုင်းလူ့အဖွဲ့အစည်းဟာ အဆင့်အတန်း ခွဲခြားမှု၊ မိသားစုသိက္ခာနဲ့ လူကြားထဲမှာ အရှက်ရမှာ ဒါမှမဟုတ် ပဋိပက္ခဖြစ်မှာကို ရှောင်ရှားဖို့ အလွန်အလေးထားကြပါတယ်။ ဒါကြောင့် စော်ကားမှုဟာ မိသားစုအတွင်းမှာ ဖြစ်ပွားတာမျိုး ဒါမှမဟုတ် လူလေးစားရတဲ့ အသိုင်းအဝိုင်းကလူတွေ ပါဝင်နေတာမျိုးဆိုရင် ထုတ်ဖော်ပြောဖို့ အလွန်ခက်ခဲစေပါတယ်” ဟု ထောက်ပြခဲ့ပါတယ်။

သီရာနွတ်နှင့် သူ၏အစ်ကိုတို့ ပါဝင်သည့် Bhirombhakdi မိသားစုဟာ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ၏ ၁၅ ခုမြောက် အချမ်းသာဆုံး မိသားစုဖြစ်ပြီး စုစုပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံခန့် ရှိကြောင်း သိရပါတယ်။

အင်ဖလူရန်ဆာ တေလာကလည်း ထိုင်းနိုင်ငံတွင် သားကောင်ဖြစ်ရသူများ ရှေ့ထွက်မလာရခြင်းမှာ “သားကောင်ကို ပြန်လည်အပြစ်တင်တတ်တဲ့ ယဉ်ကျေးမှု” ကြောင့် ဖြစ်သော်လည်း၊ လက်ရှိတွင် အမြင်များ စတင်ပြောင်းလဲလာနေပြီဖြစ်ပြီး “လူမှုကွန်ရက် စာမျက်နှာတွေဟာ ခံရသူတွေအတွက် အထီးကျန်မဆန်စေဖို့ နေရာတခု ဖန်တီးပေးလာနိုင်ပြီ” ဟု ဆိုပါတယ်။

လူမှုစိတ်ပညာကထိက အဖစ်ချာယာ ချက်ဝုဒီကွန်ဝါနစ်ကလည်း ထိုင်းလူ့အဖွဲ့အစည်းသည် တိုးတက်ပြောင်းလဲလာနေပြီဖြစ်ပြီး ထိုင်းလူငယ်များသည် “လူ့အခွင့်အရေးနှင့် မိမိတို့၏ ခန္ဓာကိုယ်ကို ကိုယ်တိုင်ပိုင်ဆိုင်ခွင့်ဆိုင်ရာ သဘောတရားတွေကို ပိုမိုနားလည်လာကြပြီ” ဟု ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သီရာနွတ်ဘက်က သူ၏အစ်ကိုဖြစ်သူကို ယခုကိစ္စနှင့် ပတ်သက်၍ ရင်ဆိုင်ပြောဆိုထားသည့် အသံဖိုင်များကို အင်တာနက်တွင် ချပြခဲ့ခြင်းကလည်း ပြည်သူများအကြား သူ၏စွပ်စွဲချက်ကို ပိုမိုယုံကြည်လာစေသည့် အဓိက အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

ကျွမ်းကျင်သူများက ယခုဖြစ်ရပ်စာ တခါမျှ #MeToo (မိမိတို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများကို ထုတ်ဖော်ပြောဆိုသည့် လှုပ်ရှားမှု) မရှိခဲ့ဖူးသည့် ထိုင်းနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာကြသည့် မကြုံစဖူး သမိုင်းဝင် အလှည့်အပြောင်းတခု ဖြစ်လာလိမ့်မယ်လို့ သတ်မှတ်နေကြပါတယ်။

လက်ရှိတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတဦးအဖြစ် လုပ်ကိုင်နေသည့် သီရာနွတ်သည် သူ၏မိသားစု ပိုင်ဆိုင်သည့် Singha ဘီယာ လုပ်ငန်းအင်ပါယာကြီးနှင့် လူသိရှင်ကြား အဆက်အသွယ် ဖြတ်ထားပြီး၊ သူစော်ကားခံရစဉ်က “ဘယ်သူမှ အနားမှာ မရှိခဲ့တဲ့အချိန်” တွင် သမုဒ္ဒရာနှင့် ပင်လယ်ပြင်ကြီးသည်သာ သူ့အတွက် ခိုလှုံရာဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အင်တာနက်ပေါ်တွင် သူ့အား ဝိုင်းဝန်းဝန်းရံပေးနေကြသော်လည်း ထိုင်းနိုင်ငံ၏ ဥပဒေများကမူ သူ့ကို စွန့်ပစ်ထားသကဲ့သို့ ခံစားရစေတယ်လို့ ဆိုပါတယ်။ သူ၏မိခင်ဟာ ထိုင်းနိုင်ငံ၏ “ကျေးဇူးကန်းသော သားသမီး ဥပဒေ” ကို အသုံးပြု၍ သူ့အား တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ အဆိုပါဥပဒေအရ behavior ပိုင်းဆိုင်ရာ လမ်းလွဲနေသည်ဟု ယူဆရသည့် သားသမီးများအား မိဘများက ယခင်က ပေးအပ်ထားသည့် ပိုင်ဆိုင်မှု ပစ္စည်းများကို ပြန်လည်သိမ်းယူခွင့် ရှိနေတာ ဖြစ်ပါတယ်။

ဘွန်ရော့ဒ် ဘီယာချက်လုပ်ရေး ကုမ္ပဏီကြီးကမူ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ချက်တွင် အစ်ကိုဖြစ်သူ ဆူနစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး အာဏာပိုင်များ၏ မည်သည့်စုံစမ်းစစ်ဆေးမှုမျိုးကိုမဆို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း၊ အေအက်ဖ်ပီ (AFP) ၏ ထပ်မံမေးမြန်းမှုများကိုမူ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

တရားခံအဖြစ် စွပ်စွဲခံထားရသူ ဆူနစ်ကမူ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည်ဟူသော အချက်ကို ငြင်းဆိုထားပြီး ညီအစ်ကိုအချင်းချင်း ကြမ်းကြမ်းတမ်းတမ်း စနောက်ဆော့ကစားခဲ့ခြင်းသာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ရှေ့နေ ဘူဆာယာပါကမူ ပိုမိုဘေးကင်းသော လူမှုပတ်ဝန်းကျင်တခု ဖန်တီးနိုင်ရန်အတွက် လူ့အဖွဲ့အစည်းအနေဖြင့် “ပြီးပြည့်စုံတဲ့ သားကောင်” ဟူ၍ မရှိနိုင်သည်ကို နားလည်ထားရမည်ဖြစ်ပြီး “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှန်သမျှကို လုံးဝ (လုံးဝ) လက်မခံသည့် စိတ်ဓာတ်မျိုး” မွေးမြူထားရမည်ဖြစ်ကြောင်း အကြံပြုခဲ့ပါတယ်။ သီရာနွတ်ကလည်း ယခုလို အမှန်တရားကို အင်တာနက်ပေါ်တွင် ဖွင့်ချလိုက်ခြင်းက သူရဲ့ စိတ်ဒဏ်ရာများကို “ပိုမိုမြန်ဆန်စွာ ကုစားနိုင်စေခဲ့ကြောင်း” ဆိုကာ “ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံက တခြားသော ခံရသူတွေအတွက်လည်း ရှေ့ဆောင်လမ်းပြ သင်ခန်းစာတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed