BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အမေရိကန်၏ ကန့်သတ်ချက်များကို ကျော်လွှားရန် ချစ်ပ်ပြားထုတ်လုပ်မှု နည်းပညာသစ်ကို ဟွာဝေး ကြေညာ

မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တရုတ်နည်းပညာဘီလူးကြီး Huawei ကုမ္ပဏီဟာ အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ပြားထုတ်လုပ်ရေး စက်ပစ္စည်းများကို ဝယ်ယူခွင့်မရသည့် အခြေအနေကို ကျော်လွှားနိုင်မည့် Semiconductor ထုတ်လုပ်မှု နည်းပညာအသစ်တခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်ပါတယ်။ ဟွာဝေးကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများကို တရုတ်အစိုးရက ထောက်လှမ်းရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း ဝါရှင်တန် (အမေရိကန်အစိုးရ) ဘက်က သတိပေး စွပ်စွဲခဲ့ပြီးနောက်ပိုင်း၊ ဟွာဝေးသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အမေရိကန်နှင့် တရုတ်အကြား ပထဝီနိုင်ငံရေး တင်းမာမှုများ၏ ဗဟိုချက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။သို့သော်လည်း အဆိုပါ စွပ်စွဲချက်ကို ဟွာဝေးဘက်က ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက…

မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

တရုတ်နည်းပညာဘီလူးကြီး Huawei ကုမ္ပဏီဟာ အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ပြားထုတ်လုပ်ရေး စက်ပစ္စည်းများကို ဝယ်ယူခွင့်မရသည့် အခြေအနေကို ကျော်လွှားနိုင်မည့် Semiconductor ထုတ်လုပ်မှု နည်းပညာအသစ်တခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်ပါတယ်။

ဟွာဝေးကုမ္ပဏီ၏ ထုတ်ကုန်ပစ္စည်းများကို တရုတ်အစိုးရက ထောက်လှမ်းရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ကြောင်း ဝါရှင်တန် (အမေရိကန်အစိုးရ) ဘက်က သတိပေး စွပ်စွဲခဲ့ပြီးနောက်ပိုင်း၊ ဟွာဝေးသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အမေရိကန်နှင့် တရုတ်အကြား ပထဝီနိုင်ငံရေး တင်းမာမှုများ၏ ဗဟိုချက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။သို့သော်လည်း အဆိုပါ စွပ်စွဲချက်ကို ဟွာဝေးဘက်က ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ဟွာဝေးအနေဖြင့် အမေရိကန်နှင့် သူ့ရဲ့မဟာမိတ်နိုင်ငံများက ထုတ်လုပ်သည့် နည်းပညာများနှင့် အစိတ်အပိုင်းများ ဝယ်ယူခွင့် ဆုံးရှုံးခဲ့ရပြီး၊ အဆိုပါအထဲတွင် ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ပြားများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်တဲ့ Lithography machines များလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

သို့သော်လည်း လာမည့် ၂၀၃၁ ခုနှစ်တွင် မျိုးဆက်သစ် ၁.၄ နာနိုမီတာ  ချစ်ပ်ပြားများကို ဟွာဝေးအနေဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း ဟွာဝေး၏ ဆီမီးကွန်ဒက်တာကဏ္ဍ အကြီးအကဲဖြစ်သူ He Tingbo က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ ဒီနည်းပညာမျိုးကို လက်ရှိ ကမ္ဘာ့အဆင့်မြင့်ဆုံး ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် ထိုင်ဝမ်၏ TSMC ကုမ္ပဏီက လာမည့် ၂၀၂၈ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဉာဏ်ရည်တု (AI) စနစ်များကို လေ့ကျင့်ပေးနိုင်ပြီး စွမ်းအင်ပေးနိုင်မည့် အဆင့်မြင့်ချစ်ပ်ပြားများသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုတွင် အလွန်အရေးကြီးပြီး ထိရှလွယ်သည့် အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကွန်ပျူတာချစ်ပ်ပြားများ၏ တွက်ချက်နိုင်စွမ်း ဟာ ဆယ်စုနှစ်များစွာအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ချစ်ပ်ပြားထုတ်လုပ်သူများသည် အလွန်သေးငယ်သည့် အီလက်ထရွန်နစ် အစိတ်အပိုင်းများကို ချစ်ပ်ပြားတခုတည်းပေါ်တွင် ပိုမိုပြည့်သိပ်အောင် ထည့်သွင်းလာနိုင်ခဲ့ကြပါတယ်။

ဟွာဝေး၏ ယခုကြေညာချက်အရ သူတို့အနေနဲ့ ၅ နာနိုမီတာ သို့မဟုတ် သူ့ထက် သေးငယ်တဲ့ ချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သည်ဟု ယူဆထားကြသည့် Extreme Ultraviolet Lithography (EUV) စက်ပစ္စည်းများကို အသုံးပြုရန် မလိုဘဲ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း အရိပ်အမြွက် ပြသနေပါတယ်။

ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ဆားကစ်နှင့် စနစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ (ISCAS) တွင် ဟယ်တင်ဘိုက “ပြီးခဲ့တဲ့ ၆ နှစ်တာကာလအတွင်းမှာ… ခင်ဗျားတို့ ဘယ်လိုရှင်သန်ခဲ့ပြီး အထွတ်အထိပ်နေရာကို ဘယ်လိုပြန်ရောက်လာတာလဲ ဆိုတဲ့မေးခွန်းကို ကျွန်မ မကြာခဏ အမေးခံခဲ့ရပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ သူမက ယခုနည်းပညာသစ်သည် ချစ်ပ်ပြားထုတ်လုပ်မှု သမိုင်းတလျှောက် စဉ်းစားပုံ အယူအဆဟောင်းကို လုံးဝပြောင်းလဲပစ်ခြင်းကနေ ပေါ်ထွက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

Intel ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဂေါ်ဒွန်မိုးရ် ၏ Moore’s Law အရ ချစ်ပ်ပြားတခုပေါ်တွင် ထည့်သွင်းနိုင်သည့် Transistors အရေအတွက်ဟာ ၂ နှစ်လျှင် တကြိမ် နှစ်ဆစီ တိုးတက်လာမှာ ဖြစ်ပါတယ်။ ထရန်စစ္စတာ အရေအတွက် ပိုမိုသိပ်သည်းလာခြင်းကြောင့် ချစ်ပ်ပြားအရွယ်အစား ပိုမိုသေးငယ်လာခြင်း သို့မဟုတ် အရွယ်အစားတူညီသော်လည်း ပိုမိုမြန်ဆန်သည့် လုပ်ဆောင်ချက်စွမ်းရည်ကို ရရှိစေတာ ဖြစ်ပါတယ်။

သို့သော်လည်း ဟယ် တင်ဘိုက Tau Scaling Law သို့မဟုတ် Her’s Law ဟု အမည်ပေးထားသည့် စနစ်သစ်တခုကို တနင်္လာနေ့တွင် အဆိုပြုခဲ့ပြီး၊ ယင်းစနစ်တွင် ဒီဇိုင်နာများသည် ချစ်ပ်ပြားပေါ်ရှိ နေရာလွတ် ပိုမိုကျဉ်းမြောင်းရန်အတွက် ဦးစားပေးတွက်ချက်မည့်အစား၊ ချစ်ပ်ပြားကို ဖွဲ့စည်းထားသည့် မတူညီသော အစိတ်အပိုင်းအသီးသီးအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရန် ကြာမြင့်မည့် “အချိန်” ကိုသာ အကောင်းဆုံးဖြစ်အောင် ပုံစံထုတ်လုပ်တာဖြစ်ပါတယ်။

ယခုနည်းပညာဟာ Moore’s Law တွင် ရင်ဆိုင်နေရသည့် အဓိကစိန်ခေါ်မှုဖြစ်သော “အရာဝတ္ထုတခုကို ပိုပြီးတော့ သေးငယ်အောင်၊ သေးငယ်အောင် လုပ်လို့ရနိုင်ပေမယ့်… လုံးဝသေးငယ်လို့မရတော့တဲ့ အဆုံးစွန် အခြေအနေတခုကို ရောက်ရှိသွားခြင်း” ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ယခုကဲ့သို့သော စိန်ခေါ်မှုများသည် ဟွာဝေးအတွက် “ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့ပြီး ပိုမိုခက်ခဲခဲ့ပါတယ်” ဟု ဟယ် က ပြောကြားခဲ့ကာ “ဒါပေမယ့် ကျွန်မတို့ရဲ့ ဖြေရှင်းချက်ဟာ လက်တွေ့ဖြစ်နိုင်ခြေရှိပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ နည်းပညာသစ်နဲ့ ထုတ်လုပ်မယ့် ချစ်ပ်ပြားရဲ့ စွမ်းဆောင်ရည်ဟာ အခြားသော လမ်းကြောင်းဟောင်းက ထုတ်လုပ်တဲ့ ချစ်ပ်ပြားတွေနဲ့ အပြည့်အဝ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်” ဟု ဆိုပါတယ်။

ဟွာဝေး၏ နောက်ထပ်ထွက်ရှိလာမည့် ကီရင်ချစ်ပ်ပြားအသစ်ကို လာမည့် ဆောင်းဦးရာသီ တွင် မိတ်ဆက်သွားမည်ဖြစ်ပြီး၊ ယခုအခြေခံမူအသစ်ကို အသုံးပြုထားသည့် “ LogicFolding” ဟုခေါ်သော အနုစိတ်ပုံစံငယ်ကို ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ အသုံးပြုသွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

The Asia Group ၏ ဒစ်ဂျစ်တယ်ကဏ္ဍဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဖြစ်သူ ဂျော့ဂ်ျချန် က ယခု Tau Scaling Law သည် “ကမ္ဘာ့ချစ်ပ်ပြားပြိုင်ပွဲတွင် အခြားသူများနောက်က လိုက်ရုံတင်မကဘဲ ရှေ့ကနေ ဦးဆောင်လိုသည့် ဟွာဝေး၏ ရည်မှန်းချက်ကို ပြသနေခြင်းဖြစ်ကြောင်း” သုံးသပ်ခဲ့ပြီး၊ “ဒီနေ့မှာ ကုန်ပစ္စည်းအသစ်ကို တရားဝင် မိတ်မဆက်သေးရင်တောင်မှ ဟွာဝေးရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်းနေပြီး၊ သူတို့ရဲ့ ဒီခြေလှမ်းဟာ အမေရိကန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်လာစေမှာ အသေအချာပါပဲ” ဟု ပြောကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed