BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

မောင်တောမှာ အာရက္ခတပ်တော် (AA) ရဲ့ စစ်မှုထမ်းစုဆောင်းမှုကြောင့် ဒိုင်းနက် အရပ်သား ၁၀၀ ကျော် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရဟုဆို

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း စစ်မှုထမ်းရန် စုဆောင်းရေးလှုပ်ရှားမှုတွေ ဝင်ရောက်ပြုလုပ်ခဲ့ရာကနေ ဒေသခံပြည်သူတွေနဲ့ AA အဖွဲ့ဝင်တွေအကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ဖောက်တာနဲ့ ရိုက်နှက်နှိပ်စက်ခြင်းတွေအထိ ပါဝင်တဲ့ အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်မှုတွေအဖြစ် ကူးစက်သွားခဲ့တယ်လို့ ဒိုင်းနက် လူငယ်နဲ့ အမျိုးသားအဖွဲ့အစည်း ၁၂ ခုက မေလ ၂၇ ရက် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒီဖြစ်ရပ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဖေါ်ပြထားသလို မေလ ၂၄ ရက်နေ့မှာတော့ သက်ကြီးရွယ်အိုတွေ၊ အိမ်ထောင်ဦးစီးတွေနဲ့ မိသားစုကို အဓိကလုပ်ကိုင်ကျွေးမွေးနေတဲ့ ဒိုင်းနက်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၀) ကျော်ခန့်ကို အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားခဲ့တယ်လို့…

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း စစ်မှုထမ်းရန် စုဆောင်းရေးလှုပ်ရှားမှုတွေ ဝင်ရောက်ပြုလုပ်ခဲ့ရာကနေ ဒေသခံပြည်သူတွေနဲ့ AA အဖွဲ့ဝင်တွေအကြား တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ဖောက်တာနဲ့ ရိုက်နှက်နှိပ်စက်ခြင်းတွေအထိ ပါဝင်တဲ့ အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်မှုတွေအဖြစ် ကူးစက်သွားခဲ့တယ်လို့ ဒိုင်းနက် လူငယ်နဲ့ အမျိုးသားအဖွဲ့အစည်း ၁၂ ခုက မေလ ၂၇ ရက် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ဒီဖြစ်ရပ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဖေါ်ပြထားသလို မေလ ၂၄ ရက်နေ့မှာတော့ သက်ကြီးရွယ်အိုတွေ၊ အိမ်ထောင်ဦးစီးတွေနဲ့ မိသားစုကို အဓိကလုပ်ကိုင်ကျွေးမွေးနေတဲ့ ဒိုင်းနက်အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၀၀) ကျော်ခန့်ကို အတင်းအဓမ္မ ဖမ်းဆီးထိန်းသိမ်း ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းပေးပို့ချက်တွေကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒိုင်းနက်လူမျိုးတွေဟာ အာရက္ခ (ရခိုင်) ပြည်နယ်အတွင်း မျိုးဆက်ပေါင်းများစွာ ငြိမ်းချမ်းစွာ နေထိုင်လာကြသူများဖြစ်ပြီး အခြားသော တိုင်းရင်းသားညီနောင်များအားလုံးနှင့်အတူ အပြန်အလှန်လေးစားမှု၊ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တန်ဖိုးများကို အစဉ်တစိုက် ထိန်းသိမ်းလာခဲ့ကြသူများ ဖြစ်တယ်လို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ မိသားစုရဲ့ အဓိကမှီခိုအားထားရသူတွေ ဖြစ်တာကြောင့် ကျေးရွာမှာ ကျန်ရစ်ခဲ့တဲ့ ကလေးသူငယ်တွေ၊ နို့စို့ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အထောက်အပံ့ မရတော့ဘဲ စားဝတ်နေရေး၊ စိတ်ပိုင်းဆိုင်ရာ ကြီးစွာ ဒုက္ခရောက်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း သွားလာခွင့်နဲ့ ဆက်သွယ်ရေးတွေကို ကန့်သတ်ထားတာကြောင့် နေ့စဉ် စားဝတ်နေရေးနဲ့ ရေရှည်ရှင်သန်ရပ်တည်ရေးအတွက် နေ့စဉ်နဲ့အမျှ အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ဆိုထားပါတယ်။

AA ရဲ့ လူသစ်စုဆောင်းစဉ်က ကြုံခဲ့ရတဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအကြား စိုးရိမ်ထိတ်လန့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတယ်လို့လည်း အသိပေးထားပါတယ်။

ဒီဖြစ်စဉ်ကြောင့် နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ အပြန်အလှန်ယုံကြည်မှုနဲ့ လူမှုသဟဇာတဖြစ်မှုကို ထိခိုက်ပျက်ပြားစေနိုင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒိုင်းနက် အရပ်သားပြည်သူအားလုံးကို လူသားချင်းစာနာထောက်ထားမှုဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒိုင်းနက် အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

တောင်းဆိုချက်တွေအတွင်း ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ကို လူသားဆန်စွာ ဆက်ဆံပေးဖို့နဲ့ ဒိုင်းနက်ကျေးရွာအားလုံးရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင်သလို၊ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ ဒေသခံသတင်းထောက်များနဲ့ မီဒီယာတွေကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးခွင့်ပြုဖို့နဲ့ အကြမ်းဖက်ကျူးလွန်သူတွေကို ဥပဒေအတိုင်း တာဝန်ယူ၊ တာဝန်ခံမှု ရှိစေဖို့ ဆိုတဲ့ အချက်တွေပါဝင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် အလားတူဖြစ်ရပ်တွေ နောက်ထပ် မဖြစ်ပွားစေဖို့အတွက် အာရက္ခတပ်တော် (ULA/AA) အနေနဲ့ ဥပဒေနဲ့ အညီ ကြီးကြပ်ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားတာကိုတွေ့ရပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်ကို ပြည်တွင်းပြည်ပရှိ ဒိုင်းနက်အဖွဲ့အစည်း စုစုပေါင်း ၁၂ ခုက စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed