BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

လက်ဖက်ရည်သောက်သူတွေက အရိုးပိုသန်မာပြီး ကော်ဖီအသောက်လွန်ရင် အရိုးပွရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆယ်စုနှစ်တခုစာ စောင့်ကြည့်လေ့လာမှုက ဆို

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အသက်ကြီးပိုင်း အမျိုးသမီးတွေကို အရိုးပွရောဂါ (Osteoporosis) ဘေးကနေ ကာကွယ်ဖို့ဆိုရင် ကယ်လ်စီယမ် အားဆေးတွေသောက်တာ၊ ဗီတာမင် ဒီ မှီဝဲတာနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေကိုပဲ ပြေးမြင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မနက်ခင်းတိုင်း သောက်လေ့ရှိတဲ့ လက်ဖက်ရည်နဲ့ ကော်ဖီဟာလည်း အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးအပေါ် ဆန့်ကျင်ဘက်ပုံစံနဲ့ အကြီးအကျယ် သက်ရောက်မှု ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်က အသက် ၆၅ နှစ်နှင့်အထက် အမျိုးသမီးပေါင်း ၁ သောင်းနီးပါး ကို ဆယ်စုနှစ်တခုစာ စနစ်တကျ စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသနအသစ်တခုအရ လက်ဖက်ရည်သောက်လေ့ရှိသူတွေဟာ တင်ပါးဆုံအရိုး ပိုမိုခိုင်မာတောင့်တင်းလာတာကို တွေ့ရပြီး၊ ကော်ဖီကို အလွန်အကျွံသောက်သူတွေကတော့…

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အသက်ကြီးပိုင်း အမျိုးသမီးတွေကို အရိုးပွရောဂါ (Osteoporosis) ဘေးကနေ ကာကွယ်ဖို့ဆိုရင် ကယ်လ်စီယမ် အားဆေးတွေသောက်တာ၊ ဗီတာမင် ဒီ မှီဝဲတာနဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေကိုပဲ ပြေးမြင်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မနက်ခင်းတိုင်း သောက်လေ့ရှိတဲ့ လက်ဖက်ရည်နဲ့ ကော်ဖီဟာလည်း အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးအပေါ် ဆန့်ကျင်ဘက်ပုံစံနဲ့ အကြီးအကျယ် သက်ရောက်မှု ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်က အသက် ၆၅ နှစ်နှင့်အထက် အမျိုးသမီးပေါင်း ၁ သောင်းနီးပါး ကို ဆယ်စုနှစ်တခုစာ စနစ်တကျ စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသနအသစ်တခုအရ လက်ဖက်ရည်သောက်လေ့ရှိသူတွေဟာ တင်ပါးဆုံအရိုး ပိုမိုခိုင်မာတောင့်တင်းလာတာကို တွေ့ရပြီး၊ ကော်ဖီကို အလွန်အကျွံသောက်သူတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ အရိုးသိပ်သည်းဆ လျော့နည်းသွားတာကို တွေ့ရှိခဲ့ရလို့ ဖြစ်ပါတယ်။

အဆိုပါ လေ့လာမှုကို သြစတြေးလျနိုင်ငံ၊ အက်ဒလိတ်မြို့က ဖလင်ဒါးစ်တက္ကသိုလ် (Flinders University) မှ ကူးစက်ရောဂါဗေဒပညာရှင် အမ်ဝူး လျူ (Enwu Liu) က ဦးဆောင်ခဲ့တာဖြစ်ပြီး အရိုးပွရောဂါဆိုင်ရာ လေ့လာမှုမှတ်တမ်းကြီးကို အခြေခံပြီး ဆန်းစစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ဖက်ရည်တခွက်က ပေးတဲ့ အရိုးအင်အား

လက်ဖက်ရည် သောက်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ လက်ဖက်ရည် မသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် တင်ပါးဆုံအရိုးသိပ်သည်းဆ ပိုမိုမြင့်မားလာတာကို ဆယ်စုနှစ်တခုအကြာမှာ တိုင်းတာတွေ့ရှိခဲ့ရပါတယ်။ ၎င်းရဲ့ ကွာခြားချက်ဟာ တစတုရန်းစင်တီမီတာမှာ ဂရမ်ရဲ့ သုံးထောင်ပုံတပုံ ခန့်သာရှိလို့ တစ်ဦးချင်းစီအတွက် သေးငယ်တယ်လို့ ထင်ရပေမယ့်၊ လူဦးရေအများအပြားနဲ့ တွက်ချက်လိုက်တဲ့အခါ အရိုးကျိုးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။

အဝလွန်တဲ့ (ဝလွန်းတဲ့) အမျိုးသမီးတွေထဲမှာ လက်ဖက်ရည်သောက်တဲ့ အလေ့အထရှိသူတွေဟာ တခြား subgroup တွေထက် အရိုးထုထည် တိုးတက်မှု အထင်ရှားဆုံး ပြသခဲ့ပါတယ်။

လက်ဖက်စိမ်း၊ လက်ဖက်ခြောက် (Black tea) ဒါမှမဟုတ် အူးလောင်တီး (Oolong) ထဲမှာပါဝင်တဲ့ Catechins ဆိုတဲ့ အပင်ဒြပ်ပေါင်းတွေဟာ အရိုးတည်ဆောက်ပေးတဲ့ဆဲလ်တွေကို ပိုပြီးအလုပ်လုပ်စေပြီး အရိုးကို ပျက်စီးစေတဲ့ဆဲလ်တွေကိုတော့ လျှော့ချပေးတာကြောင့် ဖြစ်တယ်လို့ ဓာတ်ခွဲခန်းစစ်ဆေးချက်တွေအရ ယူဆထားကြပါတယ်။

ကော်ဖီသောက်သူတွေအတွက် သတိပေးချက်

ကော်ဖီသောက်လေ့ရှိတဲ့ အမျိုးသမီးတွေအတွက် သတင်းကောင်းကတော့ နေ့စဉ် ကော်ဖီ ၁ ခွက် သို့မဟုတ် ၂ ခွက်လောက်ပဲ သင့်တင့်ရုံသောက်တာက တင်ပါးဆုံအရိုးနဲ့ ပေါင်ရိုးထိပ်ပိုင်း အရိုးသိပ်သည်းဆအပေါ် ဘာထိခိုက်မှုမှ မရှိတာကို တွေ့ရပါတယ်။

ဒါပေမယ့် တရက်ကို ကော်ဖီ ၅ ခွက်ထက်ပိုပြီး အလွန်အကျွံသောက်တဲ့ အမျိုးသမီးတွေမှာတော့ အရိုးသိပ်သည်းဆ လျော့နည်းကျဆင်းသွားတာကို တွေ့ရပါတယ်။ ကဖင်းဓာတ် (Caffeine) အလွန်အကျွံဖြစ်သွားတဲ့အခါ ခန္ဓာကိုယ်က ကယ်လ်စီယမ် စုပ်ယူမှုကို အနှောင့်အယှက်ပေးပြီး အရိုးထုထည်ကို အားနည်းစေတာ ဖြစ်နိုင်ပါတယ်။

သုတေသနမှာ အထူးသတိထားမိတာတခုကတော့ တသက်လုံး အရက် (Alcohol) ကို အလွန်အကျွံ သောက်ခဲ့တဲ့အပြင် ကော်ဖီလည်း အသောက်များသူတွေဟာ ပေါင်ရိုးထိပ်ပိုင်း (Femoral neck) မှာ အရိုးသိပ်သည်းဆ သိသိသာသာ လျော့နည်းကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒီအလေ့အထနှစ်ခု ပေါင်းစပ်သွားရင် အရိုးကို ပိုမိုထိခိုက်စေနိုင်တာမို့ အထူးသတိပြုဖို့ လိုပါလိမ့်မယ်။

သုတေသနပညာရှင် Enwu Liu ကတော့ “ ဒီရလဒ်တွေကြောင့် ကော်ဖီကို လုံးဝဖြတ်ပစ်ဖို့ ဒါမှမဟုတ် လက်ဖက်ရည်ကို တစ်နေ့ အများကြီး သောက်ဖို့ မလိုပါဘူး။ ဒါပေမယ့် အရိုးပွရောဂါဖြစ်နိုင်ခြေရှိတဲ့ အသက် ၅၀ ကျော် အမျိုးသမီး သုံးဦးမှာ တစ်ဦးနှုန်း ရှိနေတာကြောင့်၊ နေ့စဉ် သောက်စရာထဲမှာ လက်ဖက်ရည်တစ်ခွက် အစားထိုး သောက်သုံးပေးတာဟာ အရိုးကျန်းမာရေးကို ထောက်ပံ့ပေးဖို့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး အလေ့အထတစ်ခု ဖြစ်နိုင်ပါတယ်” လို့ အကြံပြုထားပါတယ်။

ဒီသုတေသနစာတမ်းအပြည့်အစုံကို ကမ္ဘာ့ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ နာမည်ကြီးဂျာနယ်တခုဖြစ်တဲ့ Nutrients မှာ ပုံနှိပ်ဖော်ပြထားတာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed