BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဆိုးလ်မြို့က ဖက်ရှင်လျှောက်လမ်းထက်မှာ ရိုဘော့များ ဖက်ရှင်ထုတ်ဖော်ပြသ

မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နည်းပညာမြင့် ဖက်ရှင်ရှိုးပွဲတစ်ခုကို ကျင်းပခဲ့ရာ အဆိုပါပွဲ၌ လူသားမော်ဒယ်လ်များနှင့် ရိုဘော့ များက ဆင်တူဒီဇိုင်း အဝတ်အစားများကို ဝတ်ဆင်ကာ Catwalk တွဲဖက်လျှောက်လှမ်းကာ ဆန်းသစ်စွာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အဆိုပါပွဲမှာ ကောင်းဘွိုင်ဦးထုပ်အပါအဝင် တက္ကဆက်စတိုင်လ် အပြာရောင်အဆင်တန်ဆာ ဝတ်စုံတွေနဲ့ ခေတ်ဟောင်းစတိုင်လ် ငွေရောင်အနွေးထည် တွေအပါအဝင် စိတ်ဝင်စားဖွယ် ဖက်ရှင်ဒီဇိုင်းအမျိုးမျိုးကို ပြသခဲ့တာ ဖြစ်ပါတယ်။ လူသားမော်ဒယ်လ်တစ်ဦးချင်းစီဟာ သူတို့ထက် အရပ်အမောင်း ပိုမိုသေးငယ်တဲ့ အန်းဒရွိုက်  ရိုဘော့တွေနဲ့အတူ စင်မြင့်ထက်မှာ ဟန်ချက်ညီညီ လျှောက်လှမ်းခဲ့ကြပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များက ရော့ခ်အဆိုတော် ဒေးဗစ်ဘိုဝီ ဝတ်ဆင်ခဲ့ဖူးတဲ့…

မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နည်းပညာမြင့် ဖက်ရှင်ရှိုးပွဲတစ်ခုကို ကျင်းပခဲ့ရာ အဆိုပါပွဲ၌ လူသားမော်ဒယ်လ်များနှင့် ရိုဘော့ များက ဆင်တူဒီဇိုင်း အဝတ်အစားများကို ဝတ်ဆင်ကာ Catwalk တွဲဖက်လျှောက်လှမ်းကာ ဆန်းသစ်စွာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အဆိုပါပွဲမှာ ကောင်းဘွိုင်ဦးထုပ်အပါအဝင် တက္ကဆက်စတိုင်လ် အပြာရောင်အဆင်တန်ဆာ ဝတ်စုံတွေနဲ့ ခေတ်ဟောင်းစတိုင်လ် ငွေရောင်အနွေးထည် တွေအပါအဝင် စိတ်ဝင်စားဖွယ် ဖက်ရှင်ဒီဇိုင်းအမျိုးမျိုးကို ပြသခဲ့တာ ဖြစ်ပါတယ်။ လူသားမော်ဒယ်လ်တစ်ဦးချင်းစီဟာ သူတို့ထက် အရပ်အမောင်း ပိုမိုသေးငယ်တဲ့ အန်းဒရွိုက်  ရိုဘော့တွေနဲ့အတူ စင်မြင့်ထက်မှာ ဟန်ချက်ညီညီ လျှောက်လှမ်းခဲ့ကြပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်များက ရော့ခ်အဆိုတော် ဒေးဗစ်ဘိုဝီ ဝတ်ဆင်ခဲ့ဖူးတဲ့ စတိုင်လ်မျိုးဖြစ်တဲ့ ပိုးသားဂါဝန်တွေနဲ့ အာကာသခေတ်စတိုင်လ် ဘောင်းဘီပွပွ အနက်ရောင်တွေ အပါအဝင် ဖက်ရှင်ဒီဇိုင်း အသီးသီးကို ရိုဘော့တွေရဲ့ သံကိုယ်ထည် အဆောက်အအုံတွေနဲ့ ကွက်တိဖြစ်အောင် သေချာ စီမံချုပ်လုပ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ဖက်ရှင်ရှိုးကို စီစဉ်ခဲ့တဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Galaxy Corporation က “ လူသားနဲ့ ရိုဘော့တွေ ဘယ်လိုအတူတကွ ယှဉ်တွဲနေထိုင်မလဲ” ဆိုတဲ့ မေးခွန်းကို မေးမြန်းချင်တဲ့အတွက် အခုလို ပြသရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ ချွဲယောင်ဟို ကလည်း “ ရိုဘော့တွေမှာလည်း အဝတ်အစား ဝတ်ဆင်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သတိပြုမိခဲ့ပါတယ်။ လူသားတိုင်းမှာ မိမိကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြသလိုပဲ၊ ရိုဘော့တစ်ရုပ်ချင်းစီမှာလည်း သီးခြားကွဲပြားတဲ့ ဝိသေသတွေ ရှိသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဆိုပါ အဝတ်အစားတွေကို Galaxy Corporation ကုမ္ပဏီကပဲ ကိုယ်တိုင်ဒီဇိုင်းထွင်ခဲ့တာဖြစ်ပြီး၊ ယခုနှစ်ကုန်ပိုင်းမှာ “ MACH 33” ဆိုတဲ့ အမှတ်တံဆိပ်အမည်နဲ့ ဈေးကွက်ထဲ ဖြန့်ချိနိုင်ဖို့ မျှော်မှန်းထားကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဆိုးလ်မြို့ ဖက်ရှင်ရှိုးမှာ အသုံးပြုခဲ့တဲ့ ရိုဘော့မော်ဒယ်လ်တွေဟာ ဈေးနှုန်းချိုသာမှုကြောင့် လူကြိုက်များနေတဲ့ တရုတ်နိုင်ငံက နည်းပညာသစ်လုပ်ငန်း တစ်ခုဖြစ်တဲ့ Unitree က ထုတ်လုပ်တဲ့ လူတူရိုဘော့တွေ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပိုမိုသွက်လက်ချက်ချာလာတဲ့ အဆိုပါ ရိုဘော့တွေဟာ သတ်မှတ်ထားတဲ့ အကကွက်တွေအတိုင်း ကပြနိုင်ခြင်း၊ ပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲနိုင်ခြင်း တွေကိုပါ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သက်သေပြထားပြီး ဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Morgan Stanley ရဲ့ ခန့်မှန်းချက်အရ လာမယ့် ၂၀၅၀ ပြည့်နှစ်အရောက်မှာ ကမ္ဘာပေါ်မှာ လူတူရိုဘော့ အရေအတွက် သန်းပေါင်း ၁,၀၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။ သို့သော်လည်း လက်ရှိထွက်ပေါ်လာနေတဲ့ ရုပ်ပိုင်းဆိုင်ရာ AI နည်းပညာကို အသုံးပြုထားတဲ့ အပြည့်အဝ အလိုအလျောက်မောင်းနှင်တဲ့ ရိုဘော့တွေကတော့ ရှားပါးနေဆဲဖြစ်ပြီး၊ ယခုမြင်တွေ့နေရတဲ့ စွဲမက်ဖွယ် ပြသမှုအများစုဟာ အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်မောင်းနှင်ခြင်း သို့မဟုတ် ကြိုတင်ပရိုဂရမ်သွင်းထားခြင်းမျိုးသာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed