BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

ဖီဖာ ရဲ့ မြန်မာနိုင်ငံအတွက် မီဒီယာမိတ်ဖက် Mytel TV360 Facebook စာမျက်နှာကို Meta က ဖယ်ရှား

ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ပိုင်ဆိုင်တဲ့ “ TV360” Facebook စာမျက်နှာကို သောကြာနေ့မှာ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။ အဲ့ဒီ စာမျက်နှာကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေခဲ့ခြင်း ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလုပ်ရပ်အပေါ် ဖီဖာအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး…

ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ပိုင်ဆိုင်တဲ့ “ TV360” Facebook စာမျက်နှာကို သောကြာနေ့မှာ ဖယ်ရှားလိုက်ကြောင်း သိရပါတယ်။ အဲ့ဒီ စာမျက်နှာကို ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှုကို ကြော်ငြာဖို့အတွက် အသုံးပြုနေခဲ့ခြင်း ဖြစ်ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ယခုလုပ်ရပ်အပေါ် ဖီဖာအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား လျစ်လျူရှုခြင်းဖြစ်ကြောင်း သတ်မှတ်ကာ Justice For Myanmar (JFM) အဖွဲ့က ရှုတ်ချထားပါတယ်။

“ မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို Meta က သူရဲ့ ပလက်ဖောင်းတွေပေါ်မှာ အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားတဲ့ မူဝါဒ” အရ JFM အဖွဲ့က အဆိုပါ TV360 စာမျက်နှာကို သောကြာနေ့အစောပိုင်းမှာ Facebook ထံသို့ အသိပေးတိုင်ကြားခဲ့ပြီးနောက် အခုလို ဖယ်ရှားခံခဲ့ရခြင်း ဖြစ်ပါတယ်။

JFM ရဲ့ လေ့လာဆန်းစစ်ချက်တွေအရ မြန်မာစစ်တပ်ဟာ Mytel လုပ်ငန်းစတင်လည်ပတ်တဲ့ ပဉ္စမနှစ်မှ နဝမနှစ် ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရှယ်ယာပိုင်ဆိုင်မှုတွေ ရရှိနိုင်ပြီး၊ ယင်းနောက်ပိုင်း ငါးနှစ်အတွင်းမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်သဖြင့် စစ်တပ်နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေအတွက် အလွန်ကြီးမားတဲ့ ငွေကြေးအကျိုးအမြတ် ရင်းမြစ်တစ်ခု ဖြစ်နေပါတယ်။

စစ်တပ်အား ငွေကြေးထောက်ပံ့ပေးခြင်းနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာတွေ ကူညီဆောင်ရွက်ပေးခြင်းကြောင့် Mytel အား အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားပြီး၊ သူရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ MEC အားလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ဖီဖာဟာ ယခင်ကလည်း ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ စစ်တပ်အား ငွေကြေးထောက်ပံ့မှုတွေကြောင့် ၂၀၁၉ ခုနှစ် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ထောက်ပြခြင်းခံထားရတဲ့ Max Myanmar ပိုင်ရှင် စစ်တပ်ခရိုနီ ဇော်ဇော်အား သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။

ယခုအခါ ဖီဖာအနေနဲ့ မြန်မာစစ်အုပ်စု၊ သူတို့ရဲ့ ခရိုနီတွေနဲ့ ပူးပေါင်းဆက်ဆံနေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုထားကြပါတယ်

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed