BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

  • ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အသင်း ပါရာဂွေးကို ၄-၁ ဂိုးဖြင့် အနိုင်ရ
    ,

    ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အသင်း ပါရာဂွေးကို ၄-၁ ဂိုးဖြင့် အနိုင်ရ

    ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန်အသင်းဟာ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို ရေးစပ်နိုင်မှာမဟုတ်တော့ပါဘူး။ ဖိုလာရင် ဘာလိုဂွန် ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ဂျီယို ရေနာ ရဲ့ လှပတဲ့ ကန်ချက်တွေကြောင့် အိမ်ရှင်အမေရိကန်အသင်းဟာ ဟောလိဝုဒ် အကျော်အမော်တွေ တက်ရောက်ခဲ့တဲ့ လော့စ်အိန်ဂျလိစ်ပွဲစဉ်မှာ ပါရာဂွေးအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အဖွင့်လှခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မြေပေါ်မှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် ပထမပိုင်း ၇ မိနစ်မှာတင် ပါရာဂွေးနောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ အမေရိကန်တို့ ဦးဆောင်နိုင်ခဲ့ပြီး၊ ပထမပိုင်းအပြီးမှာတင် အိမ်ရှင်ပရိသတ်တွေအတွက် အိမ်မက်ဆန်ဆန် ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မက္ကဆီကို၊ ကနေဒါတို့နဲ့အတူ…

    Continue Reading

  • ဂျပန်ကာကွယ်ရေးဝန်ကြီးက လုံခြုံရေးအစည်းအဝေးတွင် တရုတ်နိုင်ငံအား သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်
    ,

    ဂျပန်ကာကွယ်ရေးဝန်ကြီးက လုံခြုံရေးအစည်းအဝေးတွင် တရုတ်နိုင်ငံအား သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်

    မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) ဂျပန်ကာကွယ်ရေးဝန်ကြီးသည် ယနေ့တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံအား အမည်မဖော်ဘဲ သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ တိုကျို၏ ပိုမိုအားကောင်းလာတဲ့ လုံခြုံရေးရပ်တည်ချက်အပေါ် ပေကျင်းဘက်က မည်မျှပင် ဝေဖန်နေပါစေ သူတို့ရဲ့ စစ်အင်အားကို ဆက်လက်တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့ပါတယ်။ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ ၏ ဦးဆောင်မှုအောက်တွင် ဂျပန်နိုင်ငံဟာ ပိုမိုတက်ကြွသော ကာကွယ်ရေးမူဝါဒဘက်သို့ ကူးပြောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အပြီးကတည်းက ကျင့်သုံးလာခဲ့သည့် စစ်မလိုလားသော ငြိမ်းချမ်းရေးဝါဒ အမြင်ကို အမေရိကန်၏ တွန်းအားပေးမှုဖြင့် စွန့်လွှတ်လာခဲ့တာ ဖြစ်ပါတယ်။ ယခုကဲ့သို့ ပြောင်းလဲမှုဟာ ပေကျင်းအစိုးရ၏ မကြာခဏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ပေကျင်းက တိုကျိုအနေဖြင့် ဒေသတွင်းကို…

    Continue Reading

  • အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုထားကြောင်း ထရမ့် ပြောကြား
    ,

    အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုထားကြောင်း ထရမ့် ပြောကြား

    မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်သွားမည်မဟုတ်ကြောင်း သူ့ထံ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သော်လည်း၊ တစ်ဖက်တွင်မူ အမေရိကန်ဘက်က ပိုမိုတင်းကြပ်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်ကို ပေကျင်းနှင့် တဟီရန် (အီရန်အစိုးရ) ထံ ပြန်လည်ပေးပို့လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ယခုကဲ့သို့ အဆိုပြုချက်အပေါ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခြင်းကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို တရားဝင်အဆုံးသတ်ရန်နှင့် အသွားအလာ ပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေတဲ့ သဘောတူညီချက်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြိုးပမ်းနေသည့်တိုင် ပိုမိုကြန့်ကြာသွားနိုင်ဖွယ် ရှိနေပါတယ်။ The New York Times နှင့် Axios မီဒီယာများ၏ စနေနေ့က ဖော်ပြချက်အရ…

    Continue Reading

  • ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် နေတိုးနှင့် ဥရောပကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

    ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် နေတိုးနှင့် ဥရောပကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

    မေ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် ဟာ  နေတိုး (NATO) နှင့် ဥရောပမဟာမိတ်များကို ယနေ့စနေနေ့တွင် ထပ်မံဝေဖန်လိုက်ပြီး၊ ကာကွယ်ရေးအသုံးစရိတ်ကို လုံလောက်အောင် တိုးမြှင့်ခြင်းမရှိတဲ့ နိုင်ငံများဟာ “ အမေရိကန် ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်” ဟု ပြောကြားခဲ့ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသော်လည်း၊ ကြိုးပမ်းမှုများ ရှိနေသည့်တိုင် နိုင်ငံအများအပြားက အဆိုပါ ရည်မှန်းချက်သို့ ရောက်ရှိရန် မဖြစ်နိုင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။ “…

    Continue Reading

  • လက်ရှိချန်ပီယံ PSG ကို အလဲထိုးရန် အာဆင်နယ် မျှော်မှန်းနေ
    ,

    လက်ရှိချန်ပီယံ PSG ကို အလဲထိုးရန် အာဆင်နယ် မျှော်မှန်းနေ

    မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) လာမယ့် စနေနေ့မှာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့၌ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ လက်ရှိချန်ပီယံ PSG အသင်းထံမှ ဖလားကို လုယူပြီး ဥရောပကို ၏စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေသလို၊ PSG ဘက်ကလည်း Back-to-back ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းထားကြပါတယ်။ လူဝစ်အင်းနရစ် ရဲ့ ပြင်သစ်ချန်ပီယံ PSG အသင်းဟာ လီယွန်နယ်မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို စူပါစတားတွေ မရှိတော့တဲ့နောက်ပိုင်းမှာ အသင်းကို ပိုမိုစုစည်းပြီး အင်အားကြီးတဲ့အသင်းအဖြစ် တည်ဆောက်ထားနိုင်တာကြောင့် အခုပွဲမှာလည်း ချန်ပီယံဖလားကို ကာကွယ်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ နည်းပြဘဝ တတိယမြောက် ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနေတဲ့ အင်းနရစ်ဟာ…

    Continue Reading

  • ဆိုးလ်မြို့က ဖက်ရှင်လျှောက်လမ်းထက်မှာ ရိုဘော့များ ဖက်ရှင်ထုတ်ဖော်ပြသ
    ,

    ဆိုးလ်မြို့က ဖက်ရှင်လျှောက်လမ်းထက်မှာ ရိုဘော့များ ဖက်ရှင်ထုတ်ဖော်ပြသ

    မေ ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ နည်းပညာမြင့် ဖက်ရှင်ရှိုးပွဲတစ်ခုကို ကျင်းပခဲ့ရာ အဆိုပါပွဲ၌ လူသားမော်ဒယ်လ်များနှင့် ရိုဘော့ များက ဆင်တူဒီဇိုင်း အဝတ်အစားများကို ဝတ်ဆင်ကာ Catwalk တွဲဖက်လျှောက်လှမ်းကာ ဆန်းသစ်စွာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ အဆိုပါပွဲမှာ ကောင်းဘွိုင်ဦးထုပ်အပါအဝင် တက္ကဆက်စတိုင်လ် အပြာရောင်အဆင်တန်ဆာ ဝတ်စုံတွေနဲ့ ခေတ်ဟောင်းစတိုင်လ် ငွေရောင်အနွေးထည် တွေအပါအဝင် စိတ်ဝင်စားဖွယ် ဖက်ရှင်ဒီဇိုင်းအမျိုးမျိုးကို ပြသခဲ့တာ ဖြစ်ပါတယ်။ လူသားမော်ဒယ်လ်တစ်ဦးချင်းစီဟာ သူတို့ထက် အရပ်အမောင်း ပိုမိုသေးငယ်တဲ့ အန်းဒရွိုက်  ရိုဘော့တွေနဲ့အတူ စင်မြင့်ထက်မှာ ဟန်ချက်ညီညီ လျှောက်လှမ်းခဲ့ကြပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်များက ရော့ခ်အဆိုတော် ဒေးဗစ်ဘိုဝီ ဝတ်ဆင်ခဲ့ဖူးတဲ့…

    Continue Reading

  • မာဒူရိုအား ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံထားရသည့် စစ်တပ်အရာရှိများကို ဗင်နီဇွဲလား ပြန်လည်လွှတ်ပေး
    ,

    မာဒူရိုအား ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖမ်းဆီးခံထားရသည့် စစ်တပ်အရာရှိများကို ဗင်နီဇွဲလား ပြန်လည်လွှတ်ပေး

    မေ ၂၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာရှင်ခေါင်းဆောင်ဟောင်း ဖြစ်သူ နီကိုးလပ်စ် မာဒူရို ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများအား ဆက်တိုက်လွှတ်ပေးလျက်ရှိရာ၊ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း မာဒူရိုအစိုးရကို ဖြုတ်ချရန် ကြံစည်မှု စွပ်စွဲချက်များဖြင့် ထောင်ချခံထားရသည့် စစ်တပ်အရာရှိ ၈ ဦးကို ဗင်နီဇွဲလားနိုင်ငံက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမေရိကန်တပ်ဖွဲ့ဝင်များ၏ မြို့တော် ကာရာကတ်စ်  ၌ အံ့အားသင့်ဖွယ် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုကြောင့် မာဒူရို အာဏာလက်လွှတ်ခဲ့ရပြီးနောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံသည် နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီကို ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြန်လည်လွတ်မြောက်လာသည့် အရာရှိ ၈ ဦးသည် ဗင်နီဇွဲလား၏ Paratrooper Case နှင့် ဆက်နွှယ်နေသူများဖြစ်ပြီး၊…

    Continue Reading

  • ဂါဇာကို ဗုံးကြဲတိုက်ခိုက်ရာတွင် ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးအကဲအသစ်ကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး ပြောကြား
    ,

    ဂါဇာကို ဗုံးကြဲတိုက်ခိုက်ရာတွင် ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးအကဲအသစ်ကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး ပြောကြား

    မေ ၂၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အစ္စရေးနိုင်ငံဟာ ဟားမတ်စ်လက်နက်ကိုင်တပ်ဖွဲ့၏ အကြီးအကဲဟောင်းကို ယခုလအစောပိုင်းတွင် အလားတူတိုက်ခိုက်မှုမျိုးဖြင့် လုပ်ကြံခဲ့ပြီးနောက်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထပ်မံလုပ်ဆောင်ခဲ့တဲ့ ဂါဇာလေကြောင်းတိုက်ခိုက်မှုအတွင်း သူ၏ရာထူးကို ဆက်ခံသူ အကြီးအကဲအသစ် မိုဟာမက် အိုဒါ ကိုပါ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် က “ဂါဇာဒေသက ဟားမတ်စ် အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ကို မနေ့ကပဲ အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး၊ ငရဲပြည်က သူ့ရဲ့အပေါင်းအဖော်တွေဆီကို ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဟားမတ်စ်အဖွဲ့ဘက်ကမူ လက်ရှိအချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ “ဝန်ကြီးချုပ်နဲ့ ကျွန်တော့်ကိုယ်စား ဒီလိုပြောင်မြောက်တဲ့ စစ်ဆင်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့…

    Continue Reading

  • အီရန်ရှိ ဒုံးကျည်စခန်းများနှင့် ရေယာဉ်များကို ပစ်မှတ်ထား၍ အမေရိကန်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်
    ,

    အီရန်ရှိ ဒုံးကျည်စခန်းများနှင့် ရေယာဉ်များကို ပစ်မှတ်ထား၍ အမေရိကန်က တိုက်ခိုက်မှုအသစ်များ ပြုလုပ်

    မေ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်အစိုးရသည် အီရန်နိုင်ငံတောင်ပိုင်းရှိ အီရန်ဒုံးကျည်စခန်းများနှင့် ရေမိုင်းထောင်ရန် ကြိုးပမ်းနေသည့် ရေယာဉ်များကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယခုတိုက်ခိုက်မှုများသည် “မိမိကိုယ်ကို ခုခံကာကွယ်ခြင်း” သဘောသာဖြစ်ပြီး “အီရန်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုဘေးမှ မိမိတို့၏ စစ်သည်တော်များကို အကာအကွယ်ပေးရန်” ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် က ထုတ်ပြန်ချက်တခုတွင် ပြောကြားထားပါတယ်။ ဗဟိုစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ကပ္ပတိန် တင်မ် ဟောကင်းစ် က အမေရိကန်စစ်တပ်အနေဖြင့် နှစ်နိုင်ငံအကြား လက်ရှိဖြစ်ပွားနေသည့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း “အထိန်းအကွပ်မဲ့ တုံ့ပြန်မှုမျိုးမရှိစေဘဲ သည်းခံထိန်းသိမ်းကာ မိမိတို့တပ်ဖွဲ့များကို ဆက်လက်ကာကွယ်သွားမည်” ဟု ဆိုပါတယ်။ အဆိုပါ အမေရိကန်၏ တိုက်ခိုက်မှုနှင့် ပတ်သက်၍…

    Continue Reading

  • အမေရိကန်-အီရန် အဓိကစေ့စပ်ညှိနှိုင်းရေးမှူး မူနီယာဟာ ဝန်ကြီးချုပ် ရှရစ်ဖ်နှင့်အတူ တရုတ်နိုင်ငံသို့ ရောက်ရှိနေဟု ပါကစ္စတန်ရုပ်သံ ထုတ်လွှင့်
    ,

    အမေရိကန်-အီရန် အဓိကစေ့စပ်ညှိနှိုင်းရေးမှူး မူနီယာဟာ ဝန်ကြီးချုပ် ရှရစ်ဖ်နှင့်အတူ တရုတ်နိုင်ငံသို့ ရောက်ရှိနေဟု ပါကစ္စတန်ရုပ်သံ ထုတ်လွှင့်

    မေ ၂၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံ၏ အဓိကစေ့စပ်ညှိနှိုင်းရေးမှူး စစ်ဦးစီးချုပ် အာဆင် မူနီယာ ဟာ တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်  နှင့်အတူ ပေကျင်းမြို့သို့ ရောက်ရှိနေကြောင်း ဒီနေ့တနင်္လာနေ့တွင် ပါကစ္စတန်ရုပ်သံလိုင်းများက ထုတ်လွှင့်ပြသခဲ့ပါတယ်။ စစ်ဦးစီးချုပ် မူနီယာသည် အီရန်စစ်ပွဲကို တရားဝင်အဆုံးသတ်ရန် လက်ရှိလုပ်ဆောင်နေသည့် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းတခုအဖြစ် ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များက ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး မိုဆင် နက်ကဗီ နှင့်အတူ အီရန်အစိုးရ သို့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း “အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု အမြန်ဆုံးပြန်လည်ရရှိစေရန်အတွက်…

    Continue Reading

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed