BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

တရုတ်-ဂျပန် တင်းမာမှု ပိုမိုမြင့်တက်လာ၊ ဂျပန်အဖွဲ့အစည်း ၂၀ ကို တရုတ်က ပို့ကုန်ပိတ်ပင်စာရင်း (Blacklist) သွင်း

ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice တရုတ်နိုင်ငံက တနင်္လာနေ့တွင် ဂျပန်နိုင်ငံရဲ့ အဓိကကုမ္ပဏီကြီးတွေနဲ့ နည်းပညာအဖွဲ့အစည်း ၂၀ ကို ပို့ကုန်ပိတ်ပင်စာရင်း (Blacklist) ထဲသို့ ထည့်သွင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါအဖွဲ့အစည်းတွေဟာ စစ်ရေးနဲ့ အရပ်ဘက် နှစ်မျိုးလုံးမှာ အသုံးပြုနိုင်တဲ့ (Dual-use) ကုန်ပစ္စည်းတွေကို တင်ပို့ရာမှာ ပါဝင်ပတ်သက်နေပြီး ဂျပန်နိုင်ငံရဲ့ စစ်ရေးစွမ်းအားကို မြှင့်တင်ပေးနေတယ်လို့ စွပ်စွဲချက်နဲ့ အခုလို ပိတ်ပင်လိုက်ခြင်း ဖြစ်ပါတယ်။ ယခု ဆုံးဖြတ်ချက်ဟာ ဘေဂျင်းနဲ့ တိုကျိုအကြား လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခကို ပိုမိုပြင်းထန်လာစေပြီး၊ တရုတ်အစိုးရဘက်ကတော့ “ ဒီလုပ်ဆောင်ချက်ဟာ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုံးဝတရားမျှတပြီး ဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်” လို့…

ဇွန် ၂၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

တရုတ်နိုင်ငံက တနင်္လာနေ့တွင် ဂျပန်နိုင်ငံရဲ့ အဓိကကုမ္ပဏီကြီးတွေနဲ့ နည်းပညာအဖွဲ့အစည်း ၂၀ ကို ပို့ကုန်ပိတ်ပင်စာရင်း (Blacklist) ထဲသို့ ထည့်သွင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အဆိုပါအဖွဲ့အစည်းတွေဟာ စစ်ရေးနဲ့ အရပ်ဘက် နှစ်မျိုးလုံးမှာ အသုံးပြုနိုင်တဲ့ (Dual-use) ကုန်ပစ္စည်းတွေကို တင်ပို့ရာမှာ ပါဝင်ပတ်သက်နေပြီး ဂျပန်နိုင်ငံရဲ့ စစ်ရေးစွမ်းအားကို မြှင့်တင်ပေးနေတယ်လို့ စွပ်စွဲချက်နဲ့ အခုလို ပိတ်ပင်လိုက်ခြင်း ဖြစ်ပါတယ်။

ယခု ဆုံးဖြတ်ချက်ဟာ ဘေဂျင်းနဲ့ တိုကျိုအကြား လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခကို ပိုမိုပြင်းထန်လာစေပြီး၊ တရုတ်အစိုးရဘက်ကတော့ “ ဒီလုပ်ဆောင်ချက်ဟာ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုံးဝတရားမျှတပြီး ဥပဒေနဲ့အညီ လုပ်ဆောင်တာဖြစ်တယ်” လို့ ဆိုပါတယ်။

တရုတ်အစိုးရဟာ ပို့ကုန်ပိတ်ပင်စာရင်းအပြင် အခြားသော ဂျပန်အဖွဲ့အစည်း ၂၀ ကိုလည်း “ စောင့်ကြည့်စာရင်း (Watchlist)” ထဲသို့ ထည့်သွင်းလိုက်ပါတယ်။ အဆိုပါ စောင့်ကြည့်စာရင်းဝင် အဖွဲ့အစည်းတွေအနေနဲ့ တရုတ်နိုင်ငံကနေ ပစ္စည်းများ တင်ပို့လိုပါက သူတို့ရရှိမည့် ကုန်ပစ္စည်းတွေဟာ ဂျပန်ရဲ့ စစ်ရေးစွမ်းအားကို မြှင့်တင်ပေးမှာမဟုတ်ကြောင်း စွန့်စားမှုဆိုင်ရာ အကဲဖြတ်ချက် (Risk Assessment) နဲ့ အာမခံချက်တွေကို ကြိုတင်တင်ပြရမှာ ဖြစ်ပါတယ်။

အခု ပိတ်ပင်စာရင်း (Blacklist) ထဲမှာ ဂျပန်အမျိုးသားကာကွယ်ရေးလေ့လာရေးဌာန နဲ့ Mitsubishi Electric Defense and Space Technologies Corporation တို့အပါအဝင် ဂျပန်ရဲ့ ကာကွယ်ရေးကဏ္ဍကို နည်းပညာနဲ့ အစိတ်အပိုင်းတွေ အဓိကပံ့ပိုးပေးနေတဲ့ နည်းပညာကုမ္ပဏီခွဲတွေ ပါဝင်နေပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိ ရဲ့ ထိုင်ဝမ်အရေး ပြောကြားချက်အပြီးမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်အား တရုတ်က တိုက်ခိုက်လာပါက ဂျပန်အနေနဲ့ စစ်ရေးအရ တုံ့ပြန်ရန် စဉ်းစားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။တရုတ်အစိုးရက ဂျပန်ဟာ ဒုတိယကမ္ဘာစစ်အပြီး ကျင့်သုံးခဲ့တဲ့ ငြိမ်းချမ်းရေးဝါဒကို စွန့်ခွာပြီး အမေရိကန်ရဲ့ အားပေးမှုနဲ့ “ စစ်ဝါဒသစ် (New form of militarism)” ဆီသို့ ဦးတည်နေတယ်လို့ စွပ်စွဲကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဂျပန်ကုမ္ပဏီအချို့ကို စတင်ပိတ်ပင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လျှပ်စစ်ကား (EV)၊ စမတ်ဖုန်း၊ လေဆာနဲ့ ဒုံးကျည်လမ်းကြောင်းပြစနစ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားပါးသတ္တု ထုတ်လုပ်မှုမှာ ကမ္ဘာ့အကြီးဆုံး ဓါတ်သတ္တုသန့်စင်ရာနိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့ဟာ တရုတ်ရဲ့ ရှားပါးသတ္တုအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးပမ်းနေချိန်မှာပဲ၊ တရုတ်ဘက်က သူ့ရဲ့ နည်းပညာအသာစီးရမှုကို အသုံးချပြီး ဂျပန်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed