BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ယူကရိန်းအရှေ့ပိုင်းရှိ ကော့စတန်တန်နော့ဗ်ကာမြို့ကို သိမ်းပိုက်ရရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ရုရှားတပ်ဖွဲ့များဟာ ဒိုးနက်စ် ဒေသအတွင်း ရှေ့တိုးတိုက်ခိုက်ရာတွင် ကာလရှည်ကြာ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းရှိ အချက်အချာကျသော ကော့စတန်တန်နော့ဗ်ကာ (Kostiantynivka) မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားစစ်ဘက်က သမ္မတ ဗလာဒီမီရ် ပူတင်ထံ သောကြာနေ့တွင် အစီရင်ခံတင်ပြခဲ့ပါတယ်။ စစ်ဆင်ရေးကွပ်ကဲမှုရုံးသို့ သွားရောက်ကာ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များထံမှ အစီရင်ခံစာ လက်ခံရရှိနေတဲ့ သမ္မတ ပူတင်၏ ရုပ်သံမှတ်တမ်းများကို ရုရှားနိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ခဲ့ပြီး၊ ပူတင်က အဆိုပါမြို့ သိမ်းပိုက်နိုင်မှုကို အရေးကြီးသော မဟာဗျူဟာမြောက် အောင်မြင်မှုတခုအဖြစ် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဒါအပြင် ယူကရိန်းဘက်က ရုရှားရေနံလုပ်ငန်းများကို အဓိကပစ်မှတ်ထားပြီး ရေရှည်ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးများနဲ့ တိုက်ခိုက်မှု တိုးမြှင့်လာခြင်းကြောင့်…

ဇူလိုင် ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ရုရှားတပ်ဖွဲ့များဟာ ဒိုးနက်စ် ဒေသအတွင်း ရှေ့တိုးတိုက်ခိုက်ရာတွင် ကာလရှည်ကြာ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းရှိ အချက်အချာကျသော ကော့စတန်တန်နော့ဗ်ကာ (Kostiantynivka) မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားစစ်ဘက်က သမ္မတ ဗလာဒီမီရ် ပူတင်ထံ သောကြာနေ့တွင် အစီရင်ခံတင်ပြခဲ့ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုရုံးသို့ သွားရောက်ကာ စစ်ဘက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များထံမှ အစီရင်ခံစာ လက်ခံရရှိနေတဲ့ သမ္မတ ပူတင်၏ ရုပ်သံမှတ်တမ်းများကို ရုရှားနိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ခဲ့ပြီး၊ ပူတင်က အဆိုပါမြို့ သိမ်းပိုက်နိုင်မှုကို အရေးကြီးသော မဟာဗျူဟာမြောက် အောင်မြင်မှုတခုအဖြစ် ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဒါအပြင် ယူကရိန်းဘက်က ရုရှားရေနံလုပ်ငန်းများကို အဓိကပစ်မှတ်ထားပြီး ရေရှည်ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးများနဲ့ တိုက်ခိုက်မှု တိုးမြှင့်လာခြင်းကြောင့် ရုရှားအနေဖြင့် နယ်စပ်လုံခြုံရေးဇုန် များကို ပိုမိုတိုးချဲ့ရမည်ဖြစ်ကြောင်းကိုလည်း သူက ဆိုပါတယ်။

ရုရှားဘက်က ကော့စတန်တန်နော့ဗ်ကာမြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ့ ပြောကြားချက်အပေါ် ယူကရိန်းဘက်က တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

၅ နှစ်ထဲသို့ ချဉ်းကပ်လာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ရုရှားစစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဗာလယ်ရီ ဂီရာစီမော့ဗ် (General Valery Gerasimov) က အဆိုပါမြို့ သိမ်းပိုက်နိုင်မှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂီရာစီမော့ဗ်က ရုရှားရဲ့ တောင်ပိုင်းစစ်ဆင်ရေးတပ်ဖွဲ့များဟာ ဒွန်ဘတ်စ် ဒေသ၏ အစိတ်အပိုင်းတခုဖြစ်သော ဒိုးနက်စ်ဒေသတခုလုံးကို “လွတ်မြောက်ရေး” အတွက် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဒါဟာ ရုရှားစစ်ပွဲ၏ အဓိက ရည်မှန်းချက်ပန်းတိုင်တခု ဖြစ်ကြောင်းကိုလဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ တပ်ဖွဲ့တွေဟာ စလိုဗီယန့်စ်-ခရာမာတော့ဗ်-ကော့စတန်တန်နော့ဗ်ကာ (Sloviansk-Kramatorsk-Kostiantynivka) ခံစစ်ကုန်းအတွင်းက ရန်သူ့ရဲ့ အဓိက ခံစစ်ဗဟိုချက်တခုဖြစ်တဲ့ ကော့စတန်တန်နော့ဗ်ကာမြို့ကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု ဂီရာစီမော့ဗ်က ဆိုပါတယ်။ ရုရှားစစ်ဘက်ဟာ အဆိုပါမြို့၏ အစိတ်အပိုင်းအချို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ယခင်ကတည်းက သတင်းထုတ်ပြန်ခဲ့ဖူးပြီး၊ ဒီမြို့ဟာ ယူကရိန်း၏ ဒေသတွင်း ခံစစ်အခြေစိုက်စခန်း ကွန်ရက်များထဲမှ အရေးပါသော မြို့တမြို့ ဖြစ်ပါတယ်။

သမ္မတ ပူတင်ကလည်း “ဒီမြို့ဟာ ဒွန်ဘတ်စ်ဒေသရဲ့ အဓိက သယ်ယူပို့ဆောင်ရေးနဲ့ အကြီးစား စက်မှုအချက်အချာမြို့တခု ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်” ဟု ဆိုကာ မဟာဗျူဟာမြောက် အရေးပါပုံကို အလေးပေး ပြောကြားခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ တယ်လီဂရမ် ချန်နယ်မှာ ကော့စတန်တန်နော့ဗ်ကာမြို့အတွင်း ပျက်စီးသွားသော အဆောက်အအုံများအနီး ရုရှားစစ်သားများက နိုင်ငံတော်အလံကို ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းများကိုလည်း ဖော်ပြခဲ့ပါတယ်။

ထို့ပြင် ရုရှားတပ်ဖွဲ့များဟာ အဆိုပါမြို့၏ မြောက်ဘက် ၇၀ ကီလိုမီတာ (၄၅ မိုင်) ခန့်အကွာတွင်ရှိပြီး ရှေ့ဆက်ထိုးစစ်ဆင်ရန်အတွက် ထောက်ပံ့ရေးနှင့် မဟာဗျူဟာမြောက် အလွန်အရေးပါတဲ့ လိုင်မန် (Lyman) မြို့ဆီသို့လည်း ပိတ်ဆို့ချဉ်းကပ်နေပြီဖြစ်ကြောင်း ဂီရာစီမော့ဗ်က ပူတင်သို့ တင်ပြခဲ့ပါတယ်။

ရုရှားမြောက်ပိုင်းစစ်ဆင်ရေးတပ်ဖွဲ့ခေါင်းဆောင် ယူဂျန်နီ နီကီဖိုရော့ဗ် (Yevgeny Nikiforov) ကမူ ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများကို ထိမှန်ပြီး လောင်စာဆီပြတ်လပ်မှုများ ဖြစ်ပေါ်စေတဲ့ ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန် လုပ်ငန်းစဉ်များမှာ သူတို့တပ်ဖွဲ့များအနေဖြင့် “လုပ်ငန်းတာဝန်ကို အပြည့်အဝ မဖြေရှင်းနိုင်သေးကြောင်း” ဝန်ခံပြောကြားခဲ့ပါတယ်။ ဒီအပေါ် သမ္မတ ပူတင်က “ရန်သူက ကျွန်တော်တို့ရဲ့ အရပ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ပိုကြိုးစားလေလေ  ကျွန်တော်တို့အနေနဲ့ အိမ်နီးချင်းနယ်မြေတွေမှာ ကြားခံလုံခြုံရေးဇုန်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ရလေလေ ဖြစ်မှာပါ” ဟု တုံ့ပြန်ခဲ့ပါတယ်။

နီကီဖိုရော့ဗ်၏ အဆိုအရ ရုရှားတပ်ဖွဲ့များဟာ မော်စကိုက ကြားခံဇုန်တိုးချဲ့ရန် တောင်းဆိုထားတဲ့ ခါကိဗ် နှင့် ဆူမီ  နယ်စပ်ဒေသများတွင် လုံခြုံရေးရယူနိုင်ရန် ရှေ့တိုးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီး နှင့် အခြားအရာရှိများကမူ ယခုနှစ်ဆန်းပိုင်းကတည်းက ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား၏ ထိုးစစ်ဆင်မှုများ သိသိသာသာ နှေးကွေးသွားခဲ့ပြီးယူကရိန်း တပ်ဖွဲ့များက နယ်မြေအချို့ကိုပင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားထားသော်လည်း၊ ပူတင်ကမူ ဒီပြောကြားချက်များဟာ အောင်မြင်မှုအတုအယောင်များကို ပြသနေတဲ့ “ဝါဒဖြန့်ချိရေးလုပ်ငန်းစဉ်” သာဖြစ်ကြောင်း ပယ်ချခဲ့ပါတယ်။ သမ္မတ ဇလန်းစကီးဟာ ပြီးခဲ့တဲ့လက ပူတင်ထံ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သော်လည်း ကရင်မလင်ခေါင်းဆောင်က အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း (အီရန်) စစ်ပွဲကြောင့် အမေရိကန်က ကြားဝင်စေ့စပ်ပေးနေသည့် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆိုင်းငံ့ထားရသော်လည်း၊ ရှရှား နဲ့ ယူကရိန်းနှစ်ဖက်စလုံးက အမေရိကန်၏ ထိပ်သီးညှိနှိုင်းရေးမှူးများဖြစ်ကြတဲ့ စတိဗ် ဝစ်ကော့ဖ်  နှင့် ဂျာရက် ကွတ်ရှ်နာတို့ လာရောက်မည့်ခရီးစဉ်ကို စောင့်မျှော်နေကြကြောင်း သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed