BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အင်းစိန်ထောင် သေဒဏ်တိုက်မှာ တန်းစီးချုပ် ကိုဦးက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ငွေညှစ်နေ

မေ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အင်းစိန်အကျဉ်းထောင်ထဲက သေဒဏ်ကျတဲ့သူတွေပဲ သီးသန့်ထားတဲ့ “ ၂ တိုက်” မှာ တန်းစီးချုပ်လုပ်နေတဲ့ ကိုဦး ဆိုသူက အသစ်ရောက်လာတဲ့ သေဒဏ် အမိန့်ကျ အကျဉ်းသားတွေကို မတရားဖိနှိပ်တာနဲ့ ငွေညှစ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒီတန်းစီးချုပ်ဟာ ထောင်ထဲမှာ နှစ်ကြီးကျနေတဲ့သူဖြစ်ပြီး အကျဉ်းဦးစီးအာဏာပိုင်တွေရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး အခုလိုတွေ လုပ်နေတာဖြစ်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။

တန်းစီး ကိုဦးဟာ သေဒဏ်တိုက်ထဲကို အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တော်လှန်ရေးကြောင့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆဲဆိုရိုင်းပျတာ၊ မိုက်ကြေးခွဲတာအပြင် မတရားအလှူငွေတွေ ထည့်ခိုင်းတာမျိုးတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဒဏ်တိုက်ရဲ့ အခန်း (၂၁) မှာ တန်းစီးကိုဦးက ဦးဆောက်ပြီး ဖဲဝိုင်းတွေ ထောင်ထားတယ်လို့ ဆိုပါတယ်။ ကိုဦးက အရင်တုန်းကလည်း အဆောင် (၄) မှာ တန်းစီးလုပ်ခဲ့စဉ်က ငလျင်ဘေးအလှူငွေဆိုပြီး အကျဉ်းသားတွေဆီကနေ ငွေတွေမတရားကောက်ပြီး ကိုယ်ကျိုးရှာခဲ့တာကြောင့် အတိုင်ခံရပြီး ပြုတ်လာခဲ့ဖူးသူဖြစ်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ထောင်ထဲမှာ ဖဲရိုက်တာနဲ့ အကျဉ်းသားအချင်းချင်း ငွေညှစ်တာမျိုးတွေဟာ အနိမ့်ဆုံး အဆောင်မှူးကနေ အထက်အရာရှိတွေအထိ ထောင်အာဏာပိုင်တွေက ခွင့်ပြုချက်ပေးထားတာမရှိဘဲ လုပ်ဆောင်နိုင်မှာ မဟုတ်ဘဲ တန်းစီး ကိုဦးက ထောင်အာဏာပိုင်တွေအတွက် ငွေရှာပေးနေတာမျိုး နဲ့ တော်လှန်ရေးသမားတွေကို ဖိနှိပ်ဖို့အတွက် အာဏာပိုင်တွေက သူ့ကို အသုံးချနေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခု ကိုဦး တန်းစီးချုပ်လုပ်နေတဲ့ “ ၂ တို တိုက်” ဆိုတာဟာ အရင်က ရင်ခွဲတိုက်လို့ ခေါ်တဲ့ အဆောက်အဦးကို နံရံခြားပြီး ခွဲထားတဲ့အထဲက သေဒဏ်ကျသူတွေထားတဲ့ ဘက်ခြမ်းဖြစ်ပါတယ်။ နံရံရဲ့ တခြားတဖက်က “ ၂ ရှည်တိုက်” မှာတော့ တသက်တကျွန်း ကျတဲ့သူတွေကို ထားတာပါ။ အခုလို အင်းစိန်ထောင် နှစ်ကြီးသမားတွေက တော်လှန်ရေးကြောင့် မတရားဖမ်းဆီးခံရပြီး ထောင်ကျလာသူတွေကို မတရားလုပ်နေတဲ့အပေါ် အကျဉ်းသားအချင်းချင်းကြားမှာလည်း မကျေနပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed