BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် အာဆီယံအနေနဲ့ တရားဝင်မှုမပေးဖို့ ANFREL တိုက်တွန်း

မေ ၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ မတရားတဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေကို တရားဝင်မှုပေးမယ့် လုပ်ရပ်မျိုးတွေ မလုပ်ဖို့ လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (ANFREL) က အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာနဲ့ ဒေသတွင်း ရွေးကောက်ပွဲစံနှုန်း တခုကိုမှ မမီတဲ့အတွက် မြန်မာပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ကို ထင်ဟပ်တဲ့ တရားဝင်ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ANFREL က အတိအလင်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပါဝင်ခွင့်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် နေရာတွေနဲ့ လွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးခွင့်တွေကို စစ်ကောင်စီက ပိုပြီးကန့်သတ်လာတဲ့အတွက် ပြည်သူ့ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ၊ သတင်းထောက်တွေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေဟာ အန္တရာယ်ကြားကနေ ရုန်းကန်နေရတယ်လို့ဆိုပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ ယုံကြည်စိတ်ချရမှုမရှိတဲ့ ဒီရွေးကောက်ပွဲဖြစ်စဉ်ကို အသိအမှတ်ပြုတာမျိုးတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒတွေကို ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်းတွေကိုပဲ ရှာဖွေရမှာဖြစ်ပြီး၊ ဒီလိုလုပ်ရာမှာ တရားဝင် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အဓိပ္ပာယ်ရှိရှိ ထိတွေ့ဆက်ဆံဖို့ လိုတယ်လို့လည်း ANFREL က ဆိုပါတယ်။ ဒါမှသာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်နဲ့ ဒေသတွင်း တည်ငြိမ်မှုကို ရရှိမှာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed