BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

အာဆင်နယ်ကို အဟန့်အတားလုပ်ပေးဖို့ ဝက်စ်ဟမ်းကို ဂွါဒီယိုလာ တိုက်တွန်း

မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice မန်စီးတီးနည်းပြ ပပ်ဂွါဒီယိုလာဟာ ဘရန်ဖို့ဒ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်က အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့အတွက် လန်ဒန်ဒါဘီပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းဘက်ကနေ ရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျယ်ရမီ ဒိုကူ၊ အာလင်း ဟာလန်းနဲ့ အိုမာ မာမောက်ရှ်တို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ လုပ်ပြရင်း ဝက်စ်ဟမ်းတို့ရဲ့ အားပေးစကားဖြစ်တဲ့ “ Come on you Irons” လို့ ပြောကြားကာ အာဆင်နယ်ကို ဟန့်တားပေးဖို့ တိုက်တွန်းခဲ့တာပါ။ ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဘရန်ဖို့ဒ်အသင်းကို ပွဲစဥ်တစ်လျှောက် စီးတီးတို့ ရုန်းကန်ခဲ့ရပေမဲ့ ခြေစွမ်းပြနေတဲ့…

မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

မန်စီးတီးနည်းပြ ပပ်ဂွါဒီယိုလာဟာ ဘရန်ဖို့ဒ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်က အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့အတွက် လန်ဒန်ဒါဘီပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းဘက်ကနေ ရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂျယ်ရမီ ဒိုကူ၊ အာလင်း ဟာလန်းနဲ့ အိုမာ မာမောက်ရှ်တို့ရဲ့ ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ လုပ်ပြရင်း ဝက်စ်ဟမ်းတို့ရဲ့ အားပေးစကားဖြစ်တဲ့ “ Come on you Irons” လို့ ပြောကြားကာ အာဆင်နယ်ကို ဟန့်တားပေးဖို့ တိုက်တွန်းခဲ့တာပါ။

ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဘရန်ဖို့ဒ်အသင်းကို ပွဲစဥ်တစ်လျှောက် စီးတီးတို့ ရုန်းကန်ခဲ့ရပေမဲ့ ခြေစွမ်းပြနေတဲ့ ဒိုကူက ပွဲချိန်မိနစ် ၆၀ မှာ အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟာလန်းက ဒုတိယဂိုး သွင်းယူခဲ့သလို မာမောက်ရှ်အတွက်လည်း ဂိုးဖန်တီးမှု လုပ်ပေးခဲ့တာကြောင့် စီးတီးတို့ ပွဲကို အပြတ်အသတ် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် မန်စီးတီးဟာ အာဆင်နယ်နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဗာတန်နဲ့ ၃ ဂိုးစီ သရေကျခဲ့တာကြောင့် ချန်ပီယံဆုကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ခွင့် မရှိတော့ပေမဲ့ ဂွါဒီယိုလာကတော့ အခုလို အကြိတ်အနယ် ရှိနေတဲ့ အခြေအနေကို သဘောကျနေတာပါ။

“ ဒီလိုနေရာမျိုးမှာ ပြန်ရှိနေရတာကို ကျွန်တော် သဘောကျပါတယ်။ အနည်းဆုံးတော့ ဒီရာသီမှာ ဒုတိယနေရာ ရမှာ သေချာသွားပြီလေ။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ခဲ့ရတဲ့ အချိန်တွေထက် အများကြီး ပိုကောင်းပါတယ်” လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ကာရာဘောင်းဖလားကို ရရှိထားပြီးဖြစ်သလို FA ဖလား ဗိုလ်လုပွဲကိုလည်း တက်ရောက်ထားတာကြောင့် စီးတီးတို့အနေနဲ့ ဖလားသုံးလုံး မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဒိုကူဟာ ဒီနေ့ပွဲမှာလည်း စီးတီးအတွက် အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ “ အသင်းကောင်းတစ်သင်းမှာ ဟာလန်းတင်မကဘဲ အခုလို ဂိမ်းကို ပြောင်းလဲပစ်နိုင်တဲ့ တောင်ပံကစားသမားတွေ၊ ကွင်းလယ်လူတွေ ရှိဖို့ လိုအပ်ပါတယ်” လို့ သူ့ရဲ့ တပည့်ဖြစ်သူကို ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed