BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

အမှန်တရားနဲ့ တာဝန်ခံမှုရှိမှသာ မြန်မာ စစ်ခေါင်းဆောင်က တိုင်းပြည်ကို အင်အားသုံးပြီး အကြမ်းဖက်အုပ်ချုပ်နေတဲ့ သံသရာကနေ ရုန်းထွက်နိုင်မယ်လို့ ဂမ်ဘီယာ ကိုယ်စားလှယ် အပြီးသတ်လျောက်လဲချက်မှာပြော

[ICJ Report] ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice မြန်မာစစ်တပ်ကိုယ်စားလှယ် ပြောခဲ့တဲ့ အမည်းစက်ဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကသာ အစွန်းအထင်းကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး၊ အမှန်တရားနဲ့ တာဝန်ယူမှုရှိခြင်းအားဖြင့်သာ အဲဒီအစွန်းအထင်းကို ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လိုက ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက် အပြီးသတ်လျောက်လဲချက်ပေးရာမှာ ထည့်သွင်းပြောပါတယ်။ “ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်က ၎င်းရဲ့ အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ချက်ချတာဟာ ‘မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ်မှာ ဖျောက်ဖျက်လို့မရတဲ့ အစွန်းအထင်းတစ်ခု ဖြစ်သွားစေလိမ့်မယ်’ လို့ ပြောခဲ့ပါတယ်။ ဒါဟာ အကြောင်းအရာကို ပြောင်းပြန်လှန်ပြောနေတာပါ။ တကယ်တော့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကသာ အစွန်းအထင်းကို…

[ICJ Report]

ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice

မြန်မာစစ်တပ်ကိုယ်စားလှယ် ပြောခဲ့တဲ့ အမည်းစက်ဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကသာ အစွန်းအထင်းကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး၊ အမှန်တရားနဲ့ တာဝန်ယူမှုရှိခြင်းအားဖြင့်သာ အဲဒီအစွန်းအထင်းကို ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လိုက ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက် အပြီးသတ်လျောက်လဲချက်ပေးရာမှာ ထည့်သွင်းပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်က ၎င်းရဲ့ အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ဆုံးဖြတ်ချက်ချတာဟာ ‘မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေအပေါ်မှာ ဖျောက်ဖျက်လို့မရတဲ့ အစွန်းအထင်းတစ်ခု ဖြစ်သွားစေလိမ့်မယ်’ လို့ ပြောခဲ့ပါတယ်။ ဒါဟာ အကြောင်းအရာကို ပြောင်းပြန်လှန်ပြောနေတာပါ။ တကယ်တော့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းကသာ အစွန်းအထင်းကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး၊ အမှန်တရားနဲ့ တာဝန်ယူမှုရှိခြင်းအားဖြင့်သာ အဲဒီအစွန်းအထင်းကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။” ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လို လျောက်လဲချက်အတွင်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်က အကြမ်းဖက်အုပ်ချုပ်နေတဲ့ သံသရာကနေလွတ်မြောက်ဖို့အတွက် အမှန်တရားနဲ့ တာဝန်ခံမှုရှိမှဖြစ်မယ်လို့လည်း ဂမ်ဘီယာကိုယ်စားလှယ်ကပြောပါတယ်။

“ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး အမှန်တရားကို ထုတ်ဖော်ကြေညာပေးမယ့် ဒီတရားရုံးရဲ့ စီရင်ချက်နဲ့ နစ်နာကြေးပေးဆောင်မှု အပါအဝင် သင့်လျော်တဲ့ ကုစားမှုတွေ အမိန့်ချမှတ်ပေးတာဟာ မြန်မာနိုင်ငံကို ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အပြစ်ပေးခံရခြင်းကင်းလွတ်တဲ့ သံသရာထဲကနေ လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ်။ ဒီသံသရာဟာ လက်ရှိမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကြီးကြပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးက နိုင်ငံကို အင်အားသုံး အုပ်ချုပ်နေတဲ့ သံသရာလည်း ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာကိုယ်စားလှယ်က ခိုင်လုံပြီး လုပ်ပိုင်ခွင့်ရှိတဲ့ အရင်းအမြစ်တွေကနေ ရရှိတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချရကြောင်းနဲ့ ဒီကိစ္စဟာ ဒီဂုဏ်သရေရှိ တရားရုံးရဲ့ လက်ထဲကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီတရားရုံးဟာ မြန်မာနိုင်ငံရဲ့ စာချုပ်ချိုးဖောက်မှုတွေအတွက် တာဝန်ခံခိုင်းခြင်းအားဖြင့် စာချုပ်အရ အကာအကွယ်ပေးထားတဲ့ အုပ်စုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ ၎င်းရဲ့ တာဝန်ကို ထမ်းဆောင်လိမ့်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အင်္ဂါရပ်ဖြစ်တဲ့ ဒီတရားရုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ အပြစ်ပေးဖို့ စာချုပ်မူကြမ်း ရေးဆွဲသူတွေရဲ့ ကတိကဝတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂနဲ့ ၎င်းရဲ့ အဖွဲ့အစည်းများစွာရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် တရားမျှတမှု ဆောင်ကြဉ်းပေးလိမ့်မယ်လို့လည်း ယုံကြည်ကြောင်းထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာကြားနေတာဖြစ်ပြီး ဒီကနေ့မှာတော့ ဂမ်ဘီယာဘက်က အပြီးသတ်လျောက်လဲချက်ပေးခဲ့တာဖြစ်ပါတယ်။ မနက်ဖြန် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်ဘက်က လျောက်လဲချက်တွေကို ဆက်လက်ကြားနာမှာဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed