BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြဖို့ စစ်ကောင်စီထံ သားဖြစ်သူ ကင်မ်အဲရစ် တောင်းဆို

ဇွန် ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  သားငယ်ဆုံးသားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ အသက်ရှင်သန်နေဆဲဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ဘက်က သက်သေပြဖို့ တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၁၇ နှစ်ဝန်းကျင်အထိ လျှော့ပေါ့ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဆီ ရွှေ့လိုက်ပြီလို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ ကိုထိန်လင်း နေထိုင်ရာ လန်ဒန်မြို့မှာ ဒီသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ အသက် ၈၀ ကျော်ရှိပြီဖြစ်တဲ့ သူ့အမေဟာ နေအိမ်အကျယ်ချုပ်ဆီ ရွှေ့ပြောင်းခံရခြင်း မရှိသေးဘဲ နေပြည်တော်က ထောင်ထဲမှာပဲ ဆက်ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ကိုထိန်းလင်းက ပြောခဲ့ပါတယ်။ အဆောက်အအုံ…

ဇွန် ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  သားငယ်ဆုံးသားဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ အသက်ရှင်သန်နေဆဲဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်ဘက်က သက်သေပြဖို့ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း စစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၁၇ နှစ်ဝန်းကျင်အထိ လျှော့ပေါ့ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ်ဆီ ရွှေ့လိုက်ပြီလို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ကိုထိန်လင်း နေထိုင်ရာ လန်ဒန်မြို့မှာ ဒီသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ အသက် ၈၀ ကျော်ရှိပြီဖြစ်တဲ့ သူ့အမေဟာ နေအိမ်အကျယ်ချုပ်ဆီ ရွှေ့ပြောင်းခံရခြင်း မရှိသေးဘဲ နေပြည်တော်က ထောင်ထဲမှာပဲ ဆက်ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ကိုထိန်းလင်းက ပြောခဲ့ပါတယ်။ အဆောက်အအုံ ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့အပေါ် ဘာသက်သေအထောက်အထားမှ မရှိဘူးလို့လည်း သူက ဆိုပါတယ်။

“ ကျနော်တို့ ကြားရတဲ့ သူ့ရဲ့ကျန်းမာရေးသတင်းကတော့ ပိုပြီးဆိုးလာတယ်ဆိုတာ တခုပါပဲ” လို့ ကိုထိန်းလင်းက ပြောပြခဲ့ပြီး အဲ့ဒီထောင်တွင်းက လွတ်မြောက်လာသူတဦးဆီက ရတဲ့ အချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရနိုင်တဲ့ နေရာရဲ့ အခြေအနေတွေဟာ “ တကယ့်ကို ဆိုးရွားလွန်းတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါအပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးပွရောဂါလို ကျန်းမာရေးပြဿနာတွေကိုပါ ခံစားနေရတယ်လို့ ဆိုပါတယ်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုထိန်းလင်းအနေနဲ့ သူ့မိခင်နဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့တာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ရခဲ့တဲ့ စာတစောင်ပဲ ဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုထားပါတယ်။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကိုထိန်းလင်းဟာ လန်ဒန်မြို့မှာပဲ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး အသက် ၁၁ နှစ်သားအရွယ်မှာ မိခင်ဖြစ်သူက မြန်မာနိုင်ငံက အဖွားဖြစ်သူကို ပြုစုဖို့ ပြန်သွားခဲ့ရာကနေ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ကနေ ၂၀၁၀ အထိ ကာလတွေအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် စုစုပေါင်း ၁၅ နှစ်နီးပါး ဖမ်းဆီးခံခဲ့ရဖူးပြီး အဲ့ဒီအချိန်တွေမှာ ကိုထိန်းလင်းကို ဗြိတိန်ပညာရှင်ဖြစ်သူ သူ့ဖခင်ကပဲ ပြုစုပျိုးထောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်၏အတိုင်ပင်ခံ ဖြစ်လာခဲ့ပေမယ့် ငါးနှစ်အကြာမှာတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ကိုထိန်းလင်းဟာ သူ့မိခင်အတွက် မဖြစ်မနေ အသံထွက်ပေးဖို့ တာဝန်ရှိလာတယ်လို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

“ ကျွန်တော်ကတော့ လူသိရှင်ကြား ဖြစ်ချင်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ကျွန်တော့်အမေအတွက် ရှေ့ထွက်ပြီး စကားပြောပေးဖို့ လိုအပ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုထိန်းလင်းဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ သူ့မိခင် ဖမ်းဆီးခံထားရမှုကို လူတွေ ပိုသတိထားမိလာအောင် ၈၁ ကီလိုမီတာ ခရီးရှည် စကိတ်စီးတဲ့ ကမ်ပိန်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအတော်များများဆီ သွားရောက်ပြီး မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် လှုံ့ဆော်မှုတွေ လုပ်ဆောင်ခဲ့သလို၊ တခြားနိုင်ငံအစိုးရတွေကိုလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဆက်ပြီး ဖိအားပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းစစ်တပ်နဲ့ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အားစုတွေကြား ပြည်တွင်းစစ် ဆက်ဖြစ်နေတာကြောင့် အာဏာိသမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် လေယာဉ်ဆီ တင်သွင်းမှုတွေကို ဖြတ်တောက်ကြဖို့ နိုင်ငံတကာကို ကိုထိန်လင်းက အလေးအနက် တောင်းဆိုခဲ့ပါတယ်။

“ အဓိကအချက်ကတော့ စစ်တပ်ဆီ လေယာဉ်ဆီတွေ မရောက်အောင် တားဆီးဖို့ပါပဲ” လို့ သူက ပြောကြားသွားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed