BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

မြန်မာပြည်အရေးဟာ ပထဝီနိုင်ငံရေးအရ စိုးရိမ်စရာဖြစ်လာ ၊ ဆိပ်ကမ်းစီမံကိန်းတွေမှာ တရုတ်နဲ့ ရုရှားတို့ ပါဝင်ပတ်သက်နေ

မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အုပ်စုဟာ တရုတ်နဲ့ ရုရှားအပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရ အကြွေးတွေ အများကြီး တင်နေခဲ့တာကြောင့် အခုအခါမှာ ဒီနှစ်နိုင်ငံအပေါ် ပိုပြီး မှီခိုလာရသလို၊ တရုတ်နဲ့ ရုရှားရဲ့ လွှမ်းမိုးမှုတွေကလည်း တပြိုင်နက်တည်း ကြီးထွားလာနေတယ်လို့ The Yomiuri Shimbun သတင်းဌာနက ဆောင်းပါးက ဆိုပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် တက်လာတာဟာ စစ်အုပ်စုက အာဏာကို အခိုင်အမာ ဆုပ်ကိုင်လိုက်တာပါပဲ။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုဟာ တရုတ်၊ ရုရှားတို့နဲ့ မဟာမိတ်ဖြစ်မှုကို ပိုခိုင်မြဲအောင် လုပ်ခဲ့တာကြောင့် မြန်မာ့အရေးကို စောင့်ကြည့်ရာမှာ ဒီမိုကရေစီအရေးတင်မကဘဲ အင်ဒို-ပစိဖိတ်ဒေသရဲ့ ပထဝီနိုင်ငံရေးအပေါ်…

မေ ၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အာဏာသိမ်းပြီးကတည်းက မြန်မာစစ်အုပ်စုဟာ တရုတ်နဲ့ ရုရှားအပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရ အကြွေးတွေ အများကြီး တင်နေခဲ့တာကြောင့် အခုအခါမှာ ဒီနှစ်နိုင်ငံအပေါ် ပိုပြီး မှီခိုလာရသလို၊ တရုတ်နဲ့ ရုရှားရဲ့ လွှမ်းမိုးမှုတွေကလည်း တပြိုင်နက်တည်း ကြီးထွားလာနေတယ်လို့ The Yomiuri Shimbun သတင်းဌာနက ဆောင်းပါးက ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် တက်လာတာဟာ စစ်အုပ်စုက အာဏာကို အခိုင်အမာ ဆုပ်ကိုင်လိုက်တာပါပဲ။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုဟာ တရုတ်၊ ရုရှားတို့နဲ့ မဟာမိတ်ဖြစ်မှုကို ပိုခိုင်မြဲအောင် လုပ်ခဲ့တာကြောင့် မြန်မာ့အရေးကို စောင့်ကြည့်ရာမှာ ဒီမိုကရေစီအရေးတင်မကဘဲ အင်ဒို-ပစိဖိတ်ဒေသရဲ့ ပထဝီနိုင်ငံရေးအပေါ် ရိုက်ခတ်လာမှုတွေကိုပါ သတိထားဖို့ လိုလာပါပြီ။

ဒီအာဏာသိမ်းမှုရဲ့ နောက်ဆုံးပန်းတိုင်ဟာ လွှတ်တော်ကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ဖြစ်ပြီး၊စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်တဲ့ ဆန္ဒရှိနေတာ ကြာပြီလို့ သံတမန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အခု စစ်တပ်က ဖန်တီးထားတဲ့ အစိုးရသစ်ဟာ ၂၀၁၁ တုန်းက ဦးသိန်းစိန်အစိုးရနဲ့ လုံးဝမတူပါဘူး။ ဂျပန်သံအမတ်ဟောင်း ဦးအိချိရော မာရုယာမကတော့ “ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘေးနားမှာ သူ့လူယုံတွေနဲ့ပဲ အင်ပါယာတခု တည်ဆောက်ထားတာဖြစ်လို့ ၀.၁ ရာခိုင်နှုန်းတောင် ကောင်းလာဖို့ မရှိဘူး၊ နှိမ်နင်းမှုတွေပဲ ပိုဆိုးလာလိမ့်မယ်” လို့ သုံးသပ်ထားပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဟာလည်း အာဆီယံနဲ့ နိုင်ငံတကာဆီက အသိအမှတ်ပြုမှု ရဖို့အတွက် ဟန်ပြလုပ်ဆောင်တာသာ ဖြစ်ပါတယ်။

တရုတ်ရဲ့ ဗျူဟာမြောက် ကြားဝင်မှု

၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိုးစစ်ကြောင့် စစ်တပ်ဟာ ရှမ်းပြည်နယ်က လားရှိုးမြို့လို ဗျူဟာကျတဲ့ မြို့တွေကို ဆုံးရှုံးပြီး အကြီးအကျယ် အထိနာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တရုတ်က ကြားဝင်ပြီး ထိုးစစ်ကို ရပ်တန့်စေခဲ့တာပါ။ တရုတ်ဟာ သူ့ရဲ့သြဇာကိုသုံးပြီး ဝတပ်ဖွဲ့ (UWSA) ကတဆင့် တိုင်းရင်းသားတပ်တွေဆီ လက်နက်မရောက်အောင် လုပ်ခဲ့သလို၊ နယ်စပ်ဂိတ်တွေ ပိတ်ပြီး အခြေခံစားသောက်ကုန် ဖြတ်တောက်တာမျိုးနဲ့ပါ ဖိအားပေးခဲ့ပါတယ်။

တရုတ်ရဲ့ အကူအညီကြောင့် အသက်ရှူချောင်သွားတဲ့ စစ်အုပ်စုဟာ စစ်သားအင်အား ဖြည့်ဖို့အတွက် စစ်မှုထမ်းဥပဒေကို အတင်းအကျပ် ကျင့်သုံးလာသလို၊ တော်လှန်ရေးတပ်ဖွဲ့တွေ သုံးခဲ့တဲ့ ဒရုန်းနည်းပညာတွေကိုပါ အတုယူပြီး ပြန်လည်ထိုးစစ်ဆင်လာခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားရဲ့ စစ်ရေးအကူအညီတွေသာ မရှိရင် စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ရွေးကောက်ပွဲလုပ်ဖို့တောင် ဖြစ်နိုင်မှာမဟုတ်ပါဘူး။

တရုတ်က စစ်အုပ်စုကို ထောက်ခံနေတာဟာ သူ့အကျိုးစီးပွားအတွက်ပါပဲ။ ကျောက်ဖြူကနေ ယူနန်ပြည်နယ်အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ၊ ရထားလမ်းတွေနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေဟာ တရုတ်အတွက် မလက္ကာရေလက်ကြားကို ရှောင်ပြီး အိန္ဒိယသမုဒ္ဒရာထဲကို တိုက်ရိုက်ဝင်ပေါက်ရစေမယ့် ဗျူဟာမြောက် လမ်းကြောင်းကြီး ဖြစ်ပါတယ်။

ရုရှားရဲ့ ရေတပ်ခြေကုပ်ယူမှု

ရုရှားနဲ့ ပတ်သက်ရင်လည်း စိုးရိမ်စရာ သဘောတူညီချက်တွေ ရှိနေပါတယ်။ ၂၀၂၃ သဘောတူညီချက်အရ ရုရှားစစ်သင်္ဘောတွေဟာ ရန်ကုန်အနီးက သီလဝါရေတပ်စခန်းမှာ လောင်စာဆီနဲ့ ရိက္ခာ ဖြည့်တင်းခွင့် ရထားပါတယ်။ အက်ဒမန်ပင်လယ်ထဲမှာလည်း နှစ်နိုင်ငံ ရေတပ်တွေ စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်လုပ်လာကြသလို၊ နျူကလီးယားစွမ်းအင်နဲ့ အာကာသနည်းပညာဆိုင်ရာ သဘောတူညီချက်တွေကိုပါ လက်မှတ်ထိုးထားကြပါတယ်။

ဦးမင်းအောင်လှိုင်ဟာ ဂျပန်၊ အမေရိကန်၊ သြစတြေးလျနဲ့ အိန္ဒိယတို့ ပါဝင်တဲ့ Quad အဖွဲ့ကိုလည်း အာရှ-ပစိဖိတ်ဒေသမှာ ပဋိပက္ခတွေ ဖြစ်အောင် လုပ်နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါသေးတယ်။

ကျောက်ဖြူနဲ့ ထားဝယ်က ဆိပ်ကမ်းစီမံကိန်းတွေဟာ နောင်တချိန်မှာ အင်ဒို-ပစိဖိတ်ဒေသအတွက် ပထဝီဝင်နိုင်ငံရေးအရ စိုးရိမ်စရာတွေ ဖြစ်လာတော့မှာပါ။ အထူးသဖြင့် ထားဝယ်ဆိပ်ကမ်းဟာ ရုရှားအတွက် အရှေ့တောင်အာရှကို ဝင်မယ့် စစ်ရေးခြေကုပ်တခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အမေရိကန်လွှတ်တော်ကတော့ မြန်မာစစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ဖို့အတွက် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB) တို့ကို ပိတ်ဆို့အရေးယူဖို့ ပြင်ဆင်နေပါတယ်။ ဂျပန်နိုင်ငံအနေနဲ့လည်း မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ မရမချင်း ဒီအစိုးရကို အသိအမှတ်မပြုဘဲ အမေရိကန်၊ အာဆီယံတို့နဲ့ ပူးပေါင်းပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် မူဝါဒအသစ်တွေ ချမှတ်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed